မြန်မာ နိုင်ငံ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆိုးလ်မြို့တော်တွင် ဆန္ဒပြ

Posted on Posted in နိုင်ငံတကာ သတင်း

s-koreaပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တော်ရှိ မြန်မာသံရုံးရှေ့ တွင် မြန်မာ နိုင်ငံ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် မြန်မာ နိုင်ငံမှ လာရောက်အခြေချ နေထိုင်နေသော မြန်မာ ဒုက္ခသည်များက ဆန္ဒပြခဲ့ကြသည်။ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ကွန်ယက် မှ အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးနှင့် ဒီမိုကရေစီ စည်းမျဉ်း၊စည်းကမ်းများ လိုက်နာရန် တောင်းဆိုချက်များ ပါဝင်သော ထုတ်ပြန်ကြေငြာချက်ကို သံရုံးသို့ ပေးပို့ပြီး ထိုကြေငြာချက်ကို ဖတ်ကြား သွားကြသည်။

အဆိုပါ ကွန်ယက်၏ ကြေငြာချက်ထဲတွင် ကျွန်ုပ်တို့သည် တိုင်းရင်းသားလူမျိုးစုများနှင့် လူအခွင့်ရေးလှုပ်ရှားသူ များဖြစ်ကြောင်း ဖေါ်ပြထားပြီး အခု မြန်မာသံရုံးရှေ့မှာ ဒီမိုကရေစီရေး နှင့် တိုင်းရင်းသား လူမျိုးစုများ လွတ်လပ်ခွင့် အတွက် ဆန္ဒပြရတာဖြစ်ကြောင်းဖေါ်ပြထားသည်။

ဒါဟာ ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်နယ် ပင်လုံမြို့က စတင်ခဲ့တဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြစ်ပါတယ်၊ ပြည်ထောင်စုနေ့ဆိုတာ မြန်မာ နိုင်ငံ စတင်မွေးဖွားတဲ့နေ့လို့ပဲပြောရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရယ်လို့ဖြစ်ပေါ်လာဖို့ ဒီလိုနေ့မှာပဲ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ဗမာပြည်မ ကြီးတို့ က ကိုယ်စားလှယ် ၂၃ ဦးတို့ဟာ ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြလို့ပါပဲ ဟု အဆိုပါကြေငြာချက်တွင် ဖေါ်ပြထားသည်။

ပင်လုံစာချုပ် ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်းလုံး ပြည်ထောင်စုနေ့အဖြစ် ကျင်းပကြပါတယ်။ ဒီနေ့ဟာ မြန်မာနိုင်ငံမှာ အရေးပါတဲ့ နေ့ထူးနေ့မြတ်တခု လည်းဖြစ်ပါတယ်။

ကိုရီးယားမှာ နေထိုင်တာ ၆ နှစ်ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ကွန်ယက်ရဲ့ အမှုဆောင် ဒါရိုက်တာ John Thang က ကိုရီးယား တိုင်းမ် သတင်းစာကို ဒီ ကြေငြာချက်ကို ကိုယ်တိုင် သွား ပေးရာမှာ အခက်အခဲတွေ ရှိကြောင်း အခုလိုပြောပြပါတယ်။

သံရုံးဝန်ထမ်းတွေက ကြေငြာချက်ကို လက်ခံဖို့ ငြင်းဆန်တာကြောင့် ကျနော်တို့ မလွှဲသာလို့ စာအိတ်ထဲမှာ ထည့်ပြီး စာတိုက်ပုံးထဲကို ထည့်ခဲ့ရတယ် ပြီးတော့ ကျနော်တို့ ကြေငြာချက်ကိုလည်း ဖတ်ကြားပြခဲ့သေးတယ်။

အဓိက ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ ကိုရီးယား ပြည်သူတွေအနေနဲ့ ကျနော်တို့ နိုင်ငံ့အရေးကို ပိုမိုသတိထားလာမိစေဖို့ဖြစ်ပါတယ်၊ပြီးတော့ ငြိမ်းချမ်း ရေးကို ကိုင်စွဲပြီး ဆက်လက် စုစည်း လုပ်ဆောင် သွားမယ်၊ ကျနော်တို့ ရည်ရွယ်ချက် က နှစ်ဦးနှစ်ဖက် စားပွဲဝိုင်းမှာ ပြေလည်အောင် ဆွေးနွေး သွားနိုင်ဖို့ပါပဲ လို့လည်း သူကပြောသွားပါတယ်။

ဒီသတင်းအချက်အလက်တွေကို ဘယ်လိုလက်ဆင့်ကမ်း ဖြန့်ဝေမလဲ လို့မေးမြန်းရာမှာတော့ ကျနော်တို့ ဖေ့စ်ဘုတ် နဲ့ အခြား မိတ်သဟာယ ဝက်ဘ်ဆိုက်တွေ ၊အွန်လိုင်းတွေ ကနေတဆင့်ဖြန့်ဝေသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကြေငြာချက်က သူတို့ရဲ့ မြန်မာ့အရေး လှုပ်ရှားမှုတွေမှာ ကိုရီးယား ပြည်သူတက်ကြွစွာ ပါဝင်လာနိုင်မယ့် အခန်းကဏ္ဍ နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ထောက်ခံအားပေးဖို့ သူ့အနေနဲ့ မျှော်လင့်ပါတယ်။ ဒါ့ အပြင် မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသား လူမျိုးစုတွေကို ဖိနှိပ်နေမှုတွေ အဆုံး သတ်သွား ဖို့ နိုင်ငံတကာ နဲ့ ကိုရီးယား ပြည်သူတွေက ထိထိရောက်ရောက် ထောက်ခံအားပေးမှု တွေပေးဖို့ တောင်းဆိုပါတယ်။ ကျနော်တို့ အများစုက ဒုက္ခသည်တွေဖြစ်ကြပြီး စက်ရုံတွေမှာ ကိုယ်ပိုင် ဝင်ငွေရဖို့ အလုပ်လုပ်နေကြတဲ့သူတွေဖြစ်ပါတယ် လို့လည်း ပြောဆိုသွားပါတယ်။

ဆန္ဒပြသူတွေဟာ ၁ နာရီခန့် ဆန္ဒပြကြပြီး ငြိမ်းချမ်းစွာနဲ့လူစုခွဲသွားကြပါတယ်။

ပိုမိုသိလိုပါက gbdigest@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကိုရီးယားတိုင်းမ်း သတင်း (http://www.koreatimes.co.kr/www/news/nation/2014/02/177_151421.html  written by John Redmond)မှ ဘာသာပြန်ဖေါ်ပြပါသည်။