ဒေသန္တရရှုခင်း

တရုတ်နယ်စပ်သစ်ခိုးထုတ်မှု တစေ့တစောင်း (ဟိန်းနိုင်)

ယခုတပတ် နိုင်ငံတကာ ဒေသန္တရရှုခင်းများကဏ္ဍတွင် တရုတ်-မြန်မာနယ်စပ်တနေရာမှ ကိုဟိန်းနိုင်ပေးပို့လာသော ဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။ ယခုပုံရိပ်များမှတဆင့် မြန်မာနိုင်ငံမှ အဖိုးတန်သစ်များ ပြည်ပသို့ ခိုးထုတ်နေသည့်အခြေအနေတစေ့တစောင်းကို အကဲခပ်သုံးသပ်နိုင်ရန် ဖြစ်ပါသည်။

ဤကဏ္ဍသို့ မည်သည့်နိုင်ငံမှ မည်သူမဆို ဓာတ်ပုံများ ပေးပို့နိုင်ပါသည်။ ရှုခင်းသစ်အနေဖြင့် သင့်တော်ရာ ဓာတ်ပုံများကို ဖော်ပြပေး သွားမည်ဖြစ်ပါသည်။ သို့သော် ဓာတ်ပုံများနှင့်ပတ်သက်၍ ပေးပို့သူ တာဝန်ယူရမည်ဖြစ်ပါ သည်။ ဓာတ်ပုံဝါသနာရှင်များ၊ ဒေသန္တရ သုတရှာမှီးလိုသူများအတွက် ရည်ရွယ်ပါသည်။

ရှုခင်းသစ်

တရုတ်နယ်စပ်ကျယ်ဂေါင်မာန်ဝိန်းကြီးကားကြီးဂိတ်အတွင်းမှမြန်မာကုန်ကားကြီးများ
တရုတ်နယ်စပ်ကျယ်ဂေါင်မာန်ဝိန်းကြီးကားကြီးဂိတ်အတွင်းမှမြန်မာကုန်ကားကြီးများ
တရုတ်နယ်စပ်ကျယ်ဂေါင်အလယ်ပေါက်မြင်ကွင်း
တရုတ်နယ်စပ်ကျယ်ဂေါင်အလယ်ပေါက်မြင်ကွင်း
နှစ်နိုင်ငံနယ်စပ်မြန်မာပိုင်မူဆယ်ဘက်မှအဝင် နန်းတော်ဂိတ်အထွက် ကျယ်ဂေါင်အလယ်ပေါက်ဂိတ်ဝင်စမြင်ကွင်း
နှစ်နိုင်ငံနယ်စပ်မြန်မာပိုင်မူဆယ်ဘက်မှအဝင် နန်းတော်ဂိတ်အထွက် ကျယ်ဂေါင်အလယ်ပေါက်ဂိတ်ဝင်စမြင်ကွင်း
တရုတ်နယ်စပ်မာဝိန်ကြီးဂိတ်ပေါက်မှအဝင်အထွက်လုပ်နေသောကုန်ကားကြီးတစ်စင်း
တရုတ်နယ်စပ်မာဝိန်ကြီးဂိတ်ပေါက်မှအဝင်အထွက်လုပ်နေသောကုန်ကားကြီးတစ်စင်း
တရုတ်နယ်စပ်ကျယ်ဂေါင်တွင်မြန်မာပြည်ဘက်ပို့မည့်တရုတ်ဆိုင်ကယ်များတင်ထားသောကားများ
တရုတ်နယ်စပ်ကျယ်ဂေါင်တွင်မြန်မာပြည်ဘက်ပို့မည့်တရုတ်ဆိုင်ကယ်များတင်ထားသောကားများ
 မြန်မာပြည်မှသစ်များကိုတရုတ်ပြည်ရွှေလီမြို့အတွင်ဝင်လာစဉ်မြင်ရပုံ
မြန်မာပြည်မှသစ်များကိုတရုတ်ပြည်ရွှေလီမြို့အတွင်ဝင်လာစဉ်မြင်ရပုံ
 မြန်မာပြည်မှသမလန်းသစ်များကိုပရိဘောဂအဖြစ်ပြုလုပ်ထားပုံ
မြန်မာပြည်မှသမလန်းသစ်များကိုပရိဘောဂအဖြစ်ပြုလုပ်ထားပုံ
မြန်မာ့တမလန်းသစ်များ တဖက်နိုင်ငံတွင် တန်ဖိုးကြီးပရိဘောဂအဖြစ်မြင်ရပုံ
မြန်မာ့တမလန်းသစ်များ တဖက်နိုင်ငံတွင် တန်ဖိုးကြီးပရိဘောဂအဖြစ်မြင်ရပုံ

မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းက မန်စီနဲ့ မန်ကပ်သစ်တောကြိုးဝိုင်းများမှာရှိတဲ့ အဖိုးတန်ရှားပါးလှတဲ့ တမလန်းသစ်အမျိုးအစားများကို နိုင်ငံတော်က တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားတဲ့ ကြားက စစ်ကိုင်းတိုင်း အင်းတော်ဘက်ကနေ တရုတ်နိုင်ငံရွှေလီဘက်ဆီ ကို တရားမ၀င်ထုတ်ယူမှုတွေရှိနေတဲ့အကြောင်း သတင်းတွေမှာ ကြားမြင်တွေ့သိ နေရပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့သစ်တောရေးရာဝန်ကြီးဌာနက သစ်ခိုးထုတ်မှုတွေကိုဖော် ထုတ်ဖမ်းဆီးရမိဖို့သတင်းပေးခဲ့ရင် ပေးသူကို ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ၁၀ ရာခိုင်နှုန်းခွဲပေးမယ်လို့လည်း တရားဝင်ထုတ်ပြန်ကြေညာထားတာတွေ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာဆိုရင် သစ်တောဝန်ထမ်းတွေကို ဆုကြေးငွေ ၉၅ သန်း ကျော်၊ အထူးအရာရှိတွေကို ၇ သန်းကျော်၊ ရဲတပ်ဖွဲ့ကို ၈ သန်းကျော်၊ ပြီးတော့ တပ်မတော်သား တွေကို ကျပ်ငွေ ၅ သိန်းကျော် ခွဲဝေပေးခဲ့ရတယ် ဆိုတဲ့သတင်းများလည်း သိရပါတယ်။ တဖက်မှာလည်း အခုလို သစ်ခိုးထုတ်မှုတွေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်နေတယ် ဆိုတဲ့ သတင်းများလည်း ကြားနေရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင်က တမလန်းသစ်တောကြိုးဝိုင်းတခု- Photo- weekly eleven
စစ်ကိုင်းတိုင်း ကသာခရိုင်က တမလန်းသစ်တောကြိုးဝိုင်းတခု- Photo- weekly eleven

တကယ်တော့ အခုလို တားမြစ်ပိတ်ပင်ထားတဲ့ကြားက ခိုးထုတ်နေတဲ့ တမလန်းသားသစ်တွေဟာ အအေးပိုင်း ဒေသတွေမှာသာ အဓိကပေါက်ရောက်ကြပြီး ရှားပါးလှတဲ့သစ်မာအမျိုးအစား ဖြစ်ရုံမက လက်ရှိအချိန်မှာလည်း ကျွန်းသစ်ဈေးထက်ပိုပြီး မြင့်မားနေတာလည်း ဖြစ်ပါတယ်။

ဒေသခံတဦးရဲ့ပြောပြချက်ကိုကိုးကားပြီး အလဲဗင်း မီဒီယာမှာဖော်ပြချက်တွေကို အခုရှုခင်းသစ်က ဖော်ပြ ထားတဲ့ဓာတ်ပုံများနဲ့ ဆက်စပ်ကြည့်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေ မှာပေါက်တဲ့ နိုင်ငံခြားပို့ကုန်တန်းဝင် အဖိုးတန်တမလန်းသစ်တွေ ခိုးထုတ်မှုတွေကို ပိုသိနိုင်မှာဖြစ်ပါ တယ်။ မြန်မာပြည်ထဲကနေ သစ်အလုံးလိုက် အပင်လိုက်တွေခိုးထုတ်ပြီး တဖက်နိုင်ငံမှာ ပါကေးနဲ့ ပရိဘောဂအဖြစ် ကုန်ချောဖြစ်သွားတဲ့ အဆင့်ဆင့်ကို ယခုဓာတ်ပုံတွေကနေ အဆင့်ဆင့်ဖော်ပြ ထားတာတွေ့ရပါလိမ့်မယ်။ တမလန်းသတင်းဖော်ပြထားတဲ့ မူရင်းဇစ်မြစ်ကို ဆက်လက်ဖတ်ရှုချင်တယ်ဆိုရင်တော့ –www.news-eleven.com/local/ မှာ ဆက်လက်ရှုစားကြပါလို့ လမ်းညွှန်လိုက်ပါတယ်။