ကလေးတို့ရဲ့ကမ္ဘာ

Posted on Posted in ကလေးရှုခင်း

ကလေးတို့ရဲ့ကမ္ဘာ

ဒီကဏ္ဍလေးက ကလေးငယ်တွေရဲ့ကမ္ဘာကို လှစ်ဟပြချင်တာသက်သက်ပါ။ သူတို့ရဲ့အိပ်မက်စိတ်ကူး ဖူးဖူးနုနုလေးတွေကို ဥပေက္ခာမပြုဘဲသတိကြည့်မိတဲ့အခါ သိင်္ဂါရလိပ်ပြာလေးတွေ တောင်ပံတဖျတ်ဖျတ်ခတ် ပျံသန်းနေပုံမျိုး လတ်ဆတ်စိမ်းစိုမြူးကြွလို့။

အခု ဒီနေ့တင်ဆက်တဲ့ကဏ္ဍလေးမှာ နယူးဇီလန်ဆိုတဲ့ကျွန်းနိုင်ငံငယ်လေးကို ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုကနေ မကြာခင်ကမှ လာရောက်အခြေချနေထိုင်ခွင့်ရကြတဲ့ အသက် ၁၁ နှစ်အရွယ်မြန်မာကလေးငယ်နှစ်ယောက်က သူတို့ဘ၀ သူတို့လက်လှမ်းမီရာလေးတွေနဲ့ Anna Kendrick ရဲ့ “When I’m Gone” ဆိုတဲ့ Cups  song ကို အပျော်တမ်းသီဆိုနေကြပုံလေး ကြည်နူးဖွယ်မြင်ကြရမှာပါ။

မူရင်း –http://www.youtube.com/watch?v=cmSbXsFE3l8

ဒီကဏ္ဍကို မည်သည့်မြန်မာနိုင်ငံသားကလေးများမဆို သူတို့ထက်သန်ရာ နယ်ပယ်တွေအလိုက် ပါဝင် ပေးပို့နိုင်ကြပါတယ်။ ပါဝင်ဖို့လဲ ရှုခင်းသစ် “ကလေးတို့ကမ္ဘာ”ကဏ္ဍက ဖိတ်ခေါ်ကြိုဆိုနေကြောင်းပါ။

ရှုခင်းသစ်

 

Thet Thet Lin, Nobel Aung
Thet Thet Lin, Nobel Aung