ဟယ်မီတန်မြို့ အနှစ် ၁၅၀ ပြည့်မွေးနေ့

Posted on Posted in သတင်း ရှုခင်း, နိုင်ငံတကာ သတင်း

balloomxxနယူးဇီလန် နိုင်ငံ မြောက်ကျွန်းပေါ်မှာ ရှိတဲ့ ဟယ်မီတန်မြို့ရဲ့ နှစ် ၁၅၀ မြောက် မွေးနေ့ ကို ဒီရက်သတ္တပါတ် အတွင်းမှာ ကျင်းပကြပါတယ်။ နှစ်စဉ် ပြုလုပ်နေကျဖြစ် တဲ့ Baloom over Waikato ဆိုတဲ့ လှုပ်ရှားမှု ကလည်း ကျော်ကြားလှပါတယ်။ ဒီနှစ် ၁၅၀ ပြည့်နေ့မှာ လည်းအဲဒီ မီးပုံးပျံတွေနဲ့ အလှပြ ထွန်းညှိပြီးပြသ ခဲ့ပါတယ်။ ပုံမှန်ဆိုယင် မီးပုံးပျံတွေဟာ မြင်နေကျ ပုံစံ နဲ့ Waikato ဒေသအတွင်းမှာ နှစ်စဉ် စက်တင်ဘာလ ကနေ ဇူလိုင်လ အထိ စီးနင်းပျံသန်းလေ့ရှိပြီး လူတဦးလျှင် ၃၅၀ ဒေါ်လာနှုန်းနဲ့ ကောင်းကင်မှာ ၄ နာရီကြာ ပျံသန်းကြည့်ရှုနှိုင်ပါတယ်။ဝိုက်ကာတို ဒေသတွင်းက ရိုတိုရူဝ ရဲ့ ရေအိုင်နဲ့ Hobittan ကျေးရွာ ၊ကင်းဘရစ်ဂ်ျ အစရှိတဲ့ မြို့နီးချုပ်စပ်က ကျော်ကြားတဲ့ နေရာ တွေကို ကောင်းကင်က လည်ပါတ်ကြည့်ရှုနိုင်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား မွေးနေ့ကိတ် ပုံစံ မီးပုံပျံကြီး ပါဝင်လာတာပါပဲ။
ဝိုက်ကာတို(Waikato)ဒေသအတွင်းမှာ စည်ကားလှပြီး မြို့ဟာ သာယာလှပပါတယ်။ ဝိုက်ကာတို မြစ်ကမ်းပါး တဖက်စီမှာ တည်ရှိပြီး ၉၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ ဟယ်မီတန် မြို့ဟာ နယူးဇီလန် နိုင်ငံရဲ့ စတုထ္တမြောက် လူဦးရေ အထူထပ်ဆုံးမြို့လည်း ဖြစ်ပါတယ်။ hamilton
ဒီမြို့ကို ၁၈၆၄ ခုနှစ်မှာ စတင် အခြေတည်ခဲ့ ပြီး ဗိုလ်မှုးကြီး ဝီလီယမ် မိုး(Colonel William Moule) က စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ နံမည်ကြီး စကော့လူမျိုး ရေတပ်ဗိုလ် ဂျွန်ဖိန်း ချားလ်စ် ဟယ်မီတန်ကို ဂုဏ်ပြု မညှ့်ခေါ်စေခဲ့တာဖြစ်ပါတယ်။ ကပ္ပတိန် ဟယ်မီတန်ဟာ နံမည်ကျော် စကော့ ရေတပ်သဘောင်္ာ HMS Esk ရဲ့ထက်မြက်တဲ့ ရေတပ်ဗိုလ်တယောက် ဖြစ်ပြီး ၁၈၆၄ ခုနှစ်မှာ ဗြိတိသျှတို့ အကြီးအကျယ် ရှုံးနိမ့် ခဲ့ရတဲ့ Bay of Plenty ဒေသေတွင်းက ထင်ရှားတဲ့ Gate Pa စစ်ပွဲအတွင်းမှာ ကျဆုံးခဲ့သူဖြစ်ပါတယ်။

အစီစဉ်ကို အလားတူ စတင် တည်ထောင်ခဲ့တာ အနှစ်(၅၀) ပြည့်ပြီဖြစ်တဲ့ ဝိုက်ကာတို တက္ကသိုလ်(University of Waikato) ဝင်းအတွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ညနေ ၄ နာရီမှာ ၂၀၀၁၊၂၀၀၈၊၂၀၁၁ နယူးဇီလန် Chorus ချန်ပီယမ် ဖြစ်ခဲ့ပြီး ၂၀၀၇ ကမ္ဘာ့ Chorus ချန်ပီယမ် ဆုရ The Waikato Rivertons အဖွဲ့က ၁၉၆၀ ခုနှစ်များအတွင်းက နံမည်ကျော်ကြားခဲ့တဲ့တေးသီချင်းတွေနဲ့  စတင်ဖျော်ဖြေပါတယ်။ ၅ နာရီ မှာတော့ Enigma အဖွဲ့က ၁၉၇၀ ခုနှစ်များက နံမည်ကြီးခဲ့တဲ့ သီချင်းတွေ နဲ့ ဖျော်ဖြေပါတယ်။ ကွင်းထဲမှာ ကလေးများ အတွက် စိတ်ဝင်စားဖွယ်ရာ ကစားနည်းတွေ၊ ချားရဟတ်တွေ၊လူဝင်ပြီး လှိမ့်ရတဲ့ ဘောလုံးတွေ စသဖြင့် ကစားနည်း စုံလှပါတယ်။ ကွင်းပါတ်ပါတ်လည်မှာလည်း အစားအသောက်စုံလင်စွာရောင်းချနေတာကိုလည်း တွေ့ရပါတယ်။

baloomrအစီအစဉ်တွေထဲမှာ  နောက်တော့ နယူးဇီလန် လေတပ်က ၁၅ မိနစ်ခန့် ပန်ကာ ၂ လုံးတပ် လေယဉ်နဲ့  လေယဉ်စွမ်းရည် ပြသခဲ့ပြီး SQZ အဖွဲ့က ၁၉၈၀ ခုနှစ် နဲ့ The Monroe’s အဖွဲ့က ၁၉၉၀ ခုနှစ် အတွင်း နံမည်ကျော်ကြားခဲ့တဲ့တေးသီချင်းများနဲ့ဖျော်ဖြေခဲ့ပါတယ်။ ည ၇နာရီ ၄၅ မိနစ်မှ ၈ နာရီခွဲခန့်အထိ အင်္ဂလန်နိုင်ငံမှ နံမည်ကျော် Creative producer Trevor Graham ရဲ့ အစီအစဉ်အတိုင်း မီးပုံးပျံများကို မီးများထွန်းညှိပြီး တေးသွားအလိုက် ဟန်ချက်ညီညီ တင်ဆက်ပြသသွားပါတယ်။ အဲဒီနောက် မီးရှုးမီးပန်းများ ပစ်ဖေါက် ပါတယ်။ နောက်ဆုံးအနေနဲ့ ဆက်လက်ပြီး The Monroe’s တေးသီချင်းများနဲ့ ဖျော်ဖြေပါတယ်။ ည (၉) နာရီမှာ အခန်းအနားပြီးဆုံးပါတယ်။ အခန်းအနား အစီအစဉ်ကို ဟ.်မီတန်မြို့ နှင့် တခြားမြို့နယ်တွေက ပရိတ်သတ် ပေါင်း ထောင်ချီပြီး  လာရောက်ကြည့်ရှုကြပါတယ်။

(ဗီဒီယိုဖိုင် ကြည့်ရှု့လိုသူများအတွက် မကြာမီတင်ပေးပါမည်။-)

ရှုခင်းသစ်