ချီလီ နိုင်ငံတွင် ပြင်းအား ၈.၂ ရှိ ငလျှင် လှုပ်

Posted on Posted in သတင်း ရှုခင်း, နိုင်ငံတကာ သတင်း
ချီလီငလျှင် ၂၀၁၄
ချီလီငလျှင် ၂၀၁၄

ပြီးခဲ့ တဲ့ ၂.၄.၂၀၁၄ (အင်္ဂါနေ့) က  တောင်အမေရိကတိုက် ရှိ ချီလီ(Chile) နိုင်ငံမှာ ပြင်းအား  ၈.၂ ပမာဏ အဆင့်ရှိတဲ့ ပြင်းထန်တဲ့ ငလျင် တခုလှုပ်ခတ်သွားကြောင်း သိရပါတယ်။ အဲ ဒီ့ငလျင်ဟာ ပစိဖိတ် သမုဒ္ဒရာ ကမ်းရိုးတန်း တ၀ိုက် မှာ တိုက်ခတ်သွားခဲ့ပြီး ပင်လယ် ကမ်းရိုးတန်းမြို့တွေ ဖြစ်တဲ့ Iquique မြို့နဲ့ Arica မြို့တွေ ကို အထိက ဗဟိုပြု  လှုပ်သွားကြောင်း သိရပါတယ်. အဲဒီ့ မြို့ တွေ ဟာ ငလျင် ဗဟိုချက်မနဲ့ အနီးကပ်ဆုံးမြို့တွေ ဖြစ်ပါတယ်။ လူ ၆ ဦးသာ သေဆုံး သွားခဲ့ပေမယ့် လည်း အပျက်အစီး များစွာဖြစ်ပေါ်သွားခဲ့ပါတယ်။

ငလျင် ဖြစ်ပေါ်ပြီးနောက် Tsunami သတိပေးချက်ကြောင့် လူဦးရေ ၁ သန်းလောက်ဟာ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး Chile နိုင်ငံရဲ့ မြောက်ဖက်ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။  Tsunami ဖြစ်ပြီးနောက် Iquique မြို့ရဲ့ ပင်လယ်ရေ မျက်နှာပြင်ဟာ ၈ ပေခန့်  မြင့်တက်သွားပြီး  ငါးဖမ်းစက်လှေများ၊ ဆိပ်ကမ်းများများ အပျက်အစီး များစွာဖြစ်သွားကြောင်း လည်း သိရပါတယ်။ ချီလီနိုင်ငံ ဟာ   ၁၉၆၀ ခုနှစ်က ပြင်းအား 9.5 မဂ္ဂနီကျူ့ရှိ Valdivia ငလျှင် နှင့်  ၂၀၁၀ ခုနှစ်တွင် လည်း လူပေါင်း ၅၂၅ ယောက် သေဆုံးခဲ့ရတဲ့  ပြင်းအား ၈.၈ ရှိတဲ့ ငလျှင်ဒဏ်ကိုလည်း ခံခဲ့ရဖူး တဲ့ နိုင်ငံဖြစ်ပါတယ်။

 

Ref: http://cdn.rt.com/files/news/24/a0/90/00/chile-main.si.jpg