Refugee Service ရုံးခန်းနေရာပြောင်းရွေ့

Posted on Posted in သတင်း ရှုခင်း, နိုင်ငံတကာ သတင်း

red_cross ဝိုက်ကာတို (Waikato) ဒေသတွင်းရှိ ဟယ်မီတန်မြို့မှ Refugee Service ရုံးခန်းကို ယခင်က ဟယ်မီတန် အရှေ့ပိုင်းရှိ ဘောင်ဒရီလမ်းတွင် ဖွင့်လှစ်ထားရာ မှ ယခုအခါ တီရာပါ (Te Rapa)လမ်းရှိ နယူးဇီလန်ကြက်ခြေနီ ရုံးသို့ ပြောင်းရွှေ့ဖွင့်လှစ် ထားရှိကြောင်း ရှုခင်းသစ်မှ သတင်းရရှိသည်။ နယူးဇီလန်နိုင်ငံ တွင်းသို့  ဒုက္ခသည်အဖြစ် အခြေချရောက် ရှိလာသော  မြန်မာ အပါအဝင် ကိုလမ်ဘီယာ၊ အီရန်၊ ဆိုမာလီ၊ ဂျဗူဒီ၊ ကွန်ဂို အစရှိသော နိုင်ငံများ မှ ဒုက္ခသည် များကို Refugee Service မှ ရောက်ကာစတွင် အဆင်ပြေစေရန် တတ်နိုင်သမျှ  အကူညီပေးလေ့ရှိသည်။ Refugee Service ရုံးများကိုလည်း ဒုက္ခသည်အများစုအား နေရာချ ထားလေ့ ရှိသော  မြို့များတွင် ဖွင့်လှစ်ထားရှိသည်။

ယခု ဟယ်မီတန်မြို့ရှိ Refugee Service ရုံးခန်းသစ် သို့ ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံမှာ Hamilton Red Cross Office,No (422) ,Te Rapa Road,Hamilton ဖြစ်ပြီး ရုံးဖုန်းနံပါတ်မှာ 07-849 0285 ဖြစ်သည်။