ခွပ်ဒေါင်းလံတလူလူလွင့်နေတဲ့တိုကျိုသင်္ကြန် (ကိုချို)

Posted on Posted in ဒေသန္တရရှုခင်း

ခွပ်ဒေါင်းလံတလူလူလွင့်နေတဲ့တိုကျိုသင်္ကြန်

ဧပြီ ၁၃ ရက်

ဂျပန်မြေမှာ ချယ်ရီတွေလည်းကြွေနေသလို ပိတောက်လည်းမပွင့်ခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေဟာ ရိုးရာအစဉ်အလာမပျက် အတာသင်္ကြန်ရေသဘင်ပွဲကိုတော့ ခွပ်ဒေါင်းအလံတလူလူလွင့်တင်ပြီး တိုကျိုမြို့မှာ ကျင်းပခဲ့ကြပါတယ်။

ဒီရေသဘင်ပွဲတော်ကို အမိမြေနဲ့ဝေးကွာနေရတဲ့မြန်မာနိုင်ငံသားများ၊ မြန်မာပြည်ကနေ ပညာလာရောက်ရှာမှီးနေသူကျောင်းသူကျောင်းသားများ၊ နိုင်ငံခြားသားများအပါအ၀င် လူပေါင်း ၂၀၀၀  ၀န်းကျင်ခန့် ပါဝင်တက်ရောက်ခဲ့ကြတဲ့အတွက် ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား ရှိတယ်လို့ ဆိုနိုင်ပါတယ်။
၂၀၁၄ တိုကျိုသင်္ကြန်ဟာ တေးဂီတဖျော်ဖြေပွဲတွေပါဝင်သလို မြန်မာဓလေ့စားသောက်ဖွယ်မျိုးစုံကိုလည်း ဆိုင်များတည်ခင်းရောင်းချကြတဲ့အတွက်  ပိုမိုစည်ကားစေပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေကိုထင်ဟပ်နေတဲ့ ၅၉ (စ) (ဃ) ပယ်ဖျက်ရေးလှုပ်ရှားမှုကိုလည်း ဒေါင်းအလံတလူလူဝေနေတဲ့ကြားမှာ အထင်းသားမြင်တွေ့ရတာကို ဓာတ်ပုံတွေမှာ မြင်နိုင်ကြောင်းပါ။

ကိုချို

C1a

 

C2a

C3a

C4a

C5a

C6a

C7a

C8a