ရှုခင်းသစ် ရေဒီယို မြန်မာဘာသာ အစီအစဉ် စတင်မည်

Posted on Posted in မြန်မာသတင်း

ရှုခင်းသစ် အက်ဖ်အမ်ရေဒီယို မြန်မာဘာသာအစီအစဉ် စတင်ထုတ်လွှင့်မည်

111f

နယူးဇီလန်နိုင်ငံ ဟယ်မီတန်မြို့ အခြေစိုက် ရှုခင်းသစ်မီဒီယာ၏ တိုးချဲ့ခြေလှမ်း တရပ်အဖြစ် ရှုခင်းသစ် အက်ဖ်အမ် (FM)ရေဒီယို မြန်မာပိုင်း အစီအစဉ်ကို ယနေ့မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် အထူးအစီ အစဉ်ဖြင့် စတင်ကာ မြန်မာ ဘာသာဖြင့် ထုတ်လွှင့်သွားတော့မည်ဖြစ်သည်။ ရှုခင်းသစ်၏ပဏာမခြေလှမ်း မြန်မာသင်္ကြန်နှစ်သစ်ကူးအထူးတင်ဆက်မှု အစီအစဉ်ကို မြန်မာ သက္ကရာ ဇ် ၁၃၇၆ ခုနှစ် တန်ခူး လပြည့်ကျော် (၃) ရက် မြန်မာနှစ်ဆန်း(၁)ရက် ကြာသာပတေးနေ့၊ ခရစ် သက္ကရာဇ် ၂၀၁၄- ခု ဧပြီလ ၁၇ ရက် နေ့လည် ၂ နာရီခွဲအချိန်တွင် စတင် ထုတ်လွှင့်မည်ဖြစ်ရာ နားသောတ ဆင်လိုသူမြန်မာနိုင်ငံသားများအနေနှင့် မီဂါဟက်ဇ် ၈၉ မှ ဖမ်းယူနားသောတ ဆင်နိုင်မည် ဖြစ်သည်။ အွန်လိုင်းမှနားဆင်နိုင်ရန် PODCAST လင့်ကိုလည်း http://newsightsmm.com မှာ လွှင့် တင်ထားမည်ဖြစ်ရာ မိမိတို့၏ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများမှတဆင့်လည်း နားဆင်နိုင်မည်ဖြစ်သည်။

နောင်သီတင်းပတ်များတွင် ထုတ်လွှင့်သွားမည့် ပုံမှန်အပတ်စဉ် မိနစ်(၃၀)ကြာ ရှုခင်းသစ်မြန်မာပိုင်း ရေဒီယိုအစီအစဉ်များအတွက် အချိန်စာရင်းကို ထပ်မံကြေညာပေးမည်ဖြစ်သည်။

ယနေ့ထုတ်လွှင့်သည့်အစီအစဉ်ကို ဒုတိယအကြိမ်အဖြစ် ဧပြီ (၁၉)ရက်၊ စနေနေ့ ညနေ ညနေ(၆) နာရီခွဲတွင်လည်း ထပ်မံထုတ်လွှင့်မည်ဟု Free FM, ဟယ်မီတန်မှတာဝန်ရှိသူတို့က ပြောသည်။

မြန်မာသောတဆင်များအနေဖြင့် ရှုခင်းသစ်၏ရေဒီယိုအစီအစဉ်ကို နားသောတဆင်ကြည့်ပြီး လိုအပ် ချက်၊ အကြံပြုလိုချက်များရှိပါကလည်းကောင်း၊ အခြားဆက်သွယ်ရန် အကြောင်းကြားလာရန် ရှိပါ ကလည်းကောင်း အီးမေလ်းဖြင့် newsightsfm@gmail.com သို့ပေးပို့ဆက်သွယ်နိုင်ပါသည်။

http://www.accessradio.org/player/flash/?uid=1398136822-525-4

 

One thought on “ရှုခင်းသစ် ရေဒီယို မြန်မာဘာသာ အစီအစဉ် စတင်မည်

Comments are closed.