နောင်ကျော်ရဲ့ ရသစာတမ်းများ စုစည်းမှုထွက်ပြီ

Posted on Posted in မြန်မာသတင်း

နောင်ကျော်စာအုပ်F2နောင်ကျော်ရဲ့ နှလုံးသားမှာ နှင်းများလာရိုက်ခတ်နှင့် အခြား

ရသစာတမ်းများ စုစည်းမှုထွက်ပြီ

 

“ နှလုံးသားမှာ နှင်းများလာရိုက်ခတ်” အမည်ရတဲ့ နောင်ကျော်ရဲ့ ရသစာတမ်းများစုစည်းမှု စာအုပ်ကို ယနေ့ မေလ ၆ ရက်နေ့မှာ တိုးမြစ်စာအုပ်တိုက်ကနေ ထုတ်ဝေလိုက်ပြီလို့ သိရပါတယ်။

ဒီစာအုပ်ဟာ ၂၀၀၃ ခုနှစ်ကမှ နှစ်ရှည်ထောင်ဒဏ်ကနေ လွတ်မြောက်လာတဲ့ ရန်ကုန် တက္ကသိုလ်က မြန်မာစာနည်းပြဟောင်း တယောက်ရဲ့ (၇) အုပ်မြောက်စာအုပ် ဖြစ်ပြီး ပါဝင်တဲ့ ရသစာတမ်းများထဲမှာ ၂၀၁၀ ခုနှစ် အတွက် ရွှေအမြုတေရသစာတမ်းဆု ရခဲ့တဲ့ အက်ဆေး (ရသစာတမ်း)လည်း ပါဝင်ပါတယ်။

စာမျက်နှာ ၂၅၆ မျက်နှာပါဝင်တဲ့စာအုပ်ကို မုတ်သုန်က အဖုံးပန်းချီရေး ဆွဲပေးထားပြီး တန်ဖိုး ကျပ် ၃၀၀၀ နဲ့ရောင်းချတယ်လို့ သိရပါတယ်။

ဆရာနောင်ကျော်ဟာ အကျဉ်းထောင်ကလွတ်မြောက်လာပြီးနောက်ပိုင်း ရန်ကုန်မြို့မှာနေထိုင် ကာ ယခုလို စာရေးသားခြင်းဖြင့် အသက်မွေး ၀မ်းကျောင်းလျက်ရှိပြီး နောင်ကျော်ကလောင် အမည်အပြင် ခိုင်မျိုးဇော် အမည်ဖြင့်လည်း ရေးသားနေတယ်လို့သိရပါတယ်။