(၉၅)နှစ်မြောက် ဒဂုန်တာရာ မွေးနေ့ စာတမ်းဖတ်ပွဲကျင်းပမည်

Posted on Posted in မြန်မာသတင်း

(၉၅)နှစ်မြောက် ဒဂုန်တာရာ မွေးနေ့ စာတမ်းဖတ်ပွဲကျင်းပမည်

မြန်မာ့ကြယ်တာရာကြီးများ မကွယ်လွန်ကြမီက အတူတကွ
မြန်မာ့ကြယ်တာရာကြီးများ မကွယ်လွန်ကြမီက အတူတကွ

(၉၅) နှစ်မြောက် ဒဂုန်တာရာမွေးနေ့ အမှတ်တရစာတမ်းဖတ်ပွဲ အစီ အစဉ်ကိုရှမ်းပြည်နယ်အာင်ပန်းမြို့၌ မေ(၁၀)ရက်နေ့တွင် ပြုလုပ်သွား မည် ဟုသိရသည်။

ထိုအမှတ်တရ အခမ်းအနားသို့တက်ရောက်ကြရန် စာပေနှင့် အနုပညာ နယ်ပယ် အသီးသီးမှပုဂ္ဂိုလ်များ၊ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ ဆရာ ကြီးကို ချစ်ကြည်ညိုသူများကို ဒဂုန်တာရာဂူဗိမာန် တည်ဆောက်ရေး

ကော်မတီက ဖိတ်ကြားထားသည်။

ဒဂုန်တာရာ ဆိုတာ …

၁၉၁၉- ခုဖွား ငြိမ်းချမ်းရေးဝါဒီကဗျာဆရာ စာရေးဆရာ အယ်ဒီတာ ဆရာကြီးဒဂုန်တာရာသည် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့၌ ၂၀၁၃ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ အသက် (၉၅)နှစ်အရွယ်တွင် ကွယ် လွန်ခဲ့သည်။

ဒဂုန်တာရာသည် တက္ကသိုလ်ကျောင်းသားဘ၀က မြန်မာ့နိုင်ငံရေးကို ဦးဆောင်ခဲ့ ကြသည့် သခင်အောင်ဆန်း၊ ဦးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ်ဇေယျစသည်တို့နှင့် ခင်မင်ရင်းနှီးခဲ့သူဖြစ်ပြီး လက်ဝဲအယူ အဆရှိသူ သခင်ဗဟိန်းမှာ သူ၏အရင်းချာဆုံး ဖြစ်သည်။

နယ်ချဲ့လွတ်မြောက်ရေးကာလက သခင်ဗဟိန်းနှင့်အတူ လက်နက် အကူအညီရရန် တရုတ်ပြည်ဘက်သို့ မအောင်မြင်သောခရီးကို ထွက်ခဲ့ ဖူးပြီး ဒို့ဗမာအစည်းအရုံးဝင် သခင်လည်း ဖြစ်သည်။ သို့သော် စာပေ နယ်တွင် သာဘ၀ကိုနစ်မြှုပ် ထားပြီး ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နှင့် တာရာမဂ္ဂဇင်း ထုတ်ဝေခဲ့သည်။ ဖဆပလခေတ်တွင် ဆရာကြီးသခင် ကိုယ်တော်မှိုင်းကြီးမှူးသည့် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဝင်လည်း ဖြစ်သည်။ ဒဂုန်တာရာ၏စာပေများအနက် ထင်ရှားသောစာအုပ်များမှာ စာပေ သစ်အဖွဲ့အနွဲ့ကို ဦးဆောင်ခဲ့သည်ဟု ဆိုစမှတ်ပြုခဲ့ကြသည့် “မေ” ၀တ္ထုသည် အထင်ရှားဆုံးဖြစ်ခဲ့ပြီး၊ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားကြိုးပမ်းခဲ့သူ များအပါအ၀င် မြန်မာ့နိုင်ငံရေးနှင့် စာပေအနုပညာလောကသားများအကြောင်းကို ခပ်ပါးပါးခြယ်မှုန်းရေးသားခဲ့သည့် အထုပ္ပတ္တိရေးဖွဲ့ဟန်သစ် ရုပ်ပုံလွှာစာအုပ်နှင့် ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ၊ ဧရာဝတီ ယန်စီ ဗော်လဂါ၊ တို့ခေတ်ကိုရောက်တော့မည်မလွဲပါနှင့် ဗညားသီဟ ကလောင်ဖြင့်ရေးသားခဲ့သော စာပေ၀ဖန်ရေးများ၊ စာပေသဘောတရား၊ စာပေလှုပ်ရှားမှုများနှင့် အယ်ဒီတာဘ၀အတွေ့အကြုံများကို အခြေခံရေး သားသည့်စာအုပ်များ  ဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် သူ၏ကိုယ်ပိုင်အယူအဆဒဿသနပေါ်တွင် ခိုင်မာစွာရပ်တည်ခဲ့သူဖြစ်ပြီး “ရန်သူမရှိ မိတ်ဆွေသာရှိ” ဟူသော ငြိမ်း ချမ်းရေးအယူအဆမှာမူ ဝေဖန်တိုက်ခိုက်မှုများရှိခဲ့သော်လည်း သူမကွယ်လွန်မီအထိ ပြည်တွင်းငြိမ်းရေးနှင့်အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် ကြိုးပမ်းကြရန် စစ်အုပ်စုခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးလှုပ်ရှားသူများအားလုံးကို အဆက်မပြတ်တိုက်တွန်းသွားခဲ့သည်။