ရဲရဲဝံ့ဝံ့ ပွင့်ဖူး … ထူးထူးကဲကဲ မွှေးမြတော့မည့် နှင်းဆီဖြူ မဂ္ဂဇင်း

Posted on Posted in မြန်မာသတင်း

  နှင်းဆီဖြူ  မဂ္ဂဇင်း

နှင်းဆီဖြူမဂ္ဂဇင်း မျက်နှာဖုံး
နှင်းဆီဖြူမဂ္ဂဇင်း မျက်နှာဖုံး

ရဲရဲဝံ့ဝံ့ပွင့်ဖူးဖို့…..ထူးထူးကဲကဲ မွှေးမြဖို့ နှင်းဆီဖြူကတော့ အစွမ်းကုန် အားယူကြိုးပမ်းခဲ့ကြတဲ့ နှင်းဆီဖြူ .. အစွမ်းကုန်ဖူးပွင့်ပါပြီ။
ဘက်စုံ ထောင့်စုံ ကလောင်စုံ ကဏ္ဍစုံ အရောင်စုံ အသွေးစုံ ကလောင်သစ် ကလောင်ဟောင်းမြောက်မြားစွာ ခင်းကျင်းလျက် အတွဲ (၁)၊ အမှတ် (၁)၊ “ဇွန်လ (၂) ရက်နေ့” တွင် ထွက်တော့ပါမည်။

မန္တလေး ထွန်းဦးစာပေ၊ နဂါးစာပေတို့ကို တင်ပို့ပေးသွားမှာပါ။ အထက်မြန်မာပြည်နဲ့ အနယ်နယ်အရပ်ရပ်မှာ ဝယ်ယူရရှိနိုင်မယ့်ဆိုင်စာရင်းကို ရက်ပိုင်း အတွင်း နှင်းဆီဖြူဖေ့ဘွတ်ကနေပြီး အသိပေးကြေညာပေးသွားပါမယ်။ စာအုပ်မရောက်နိုင်တဲ့ အချို့နယ်များမှဖတ်ရှုလိုသူများရှိပါက နှင်းဆီဖြူတိုက်ကို ဖေ့ဘွတ် မက်ဆေ့ခ်ျမှလည်းကောင်း hninnsiphyu.mm@gmail.com မှလည်းကောင်း မှာကြားနိုင်ပါတယ်။ နှင်းဆီဖြူမှ နယ်များသို့ရောက်ရှိအောင် လည်း ပေးပို့ပေးသွားပါ မယ်။ နှင်းဆီဖြူကို စိတ်ဝင်တစား အားပေးကြမယ့်အတွက် ကျေးဇူးတင်ရှိပါတယ်လို့ နှင်းဆီဖြူက ပြောဆိုပါကြောင်း။

နှင်းဆီဖြူကို စာမူများပေးပို့လိုပါက

စာမူစုစည်းရာ….
Hninnsiphyu.mm@gmail နှင့်
poetmoezaw@gmail.com သို့ပေးပို့နိုင်။

နှင်းဆီဖြူကို ဆက်သွယ်လိုပါက (ရုံး) – ၈၅၅၁၃၄၇

နှင်းဆီဖြူတည်နေရာ
၅လွှာ( A+B) ၊ တိုက် ၇
၁၄ရပ်ကွက်၊ အောင်ဇေယျာလမ်း
ရန်ကင်း၊ကျောက်ကုန်း
ရန်ကုန်။