မောင်ရင်ငတေနေတဲ့ မြို့အကြောင်း (မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

ရောက်တတ်ရာရာအတိုအစများ

မောင်ရင်ငတေနေတဲ့ မြို့အကြောင်း

 

အီဖယ်ရယ်ပါရီရယ်                                                                        (ဓာတ်ပုံ မရငတ)
အီဖယ်ရယ်ပါရီရယ် (ဓာတ်ပုံ မရငတ)

မောင်ရင်ငတေရဲ့လက်ရှိရောက်ရှိနေထိုင်တဲ့ မြို့ကိုတော့ မြန်မာလူမျိုးတိုင်းလိုလို သိ ကြပါတယ်၊ ကြွားတယ်လို့တော့ မထင်လိုက်ကြပါနဲ့ မောင်ရင်ငတေနေတာ ပဲရစ်မြို့ လို့ခေါ်ပါတယ်၊ဒီမြို့မှာရှိတဲ့ အီဖယ်လ်မျှော်စင်ကြီးနဲ့အတူ ပဲရစ်မြို့ သို့မဟုတ်  ပြင် သစ် အခေါ် ပါရီမြို့တော်ကို ကမ္ဘာအရပ်ရပ်ရှိ လူတွေအားလုံးသိကြသလို ရောက်ဖူး ချင်ကြမှာပါ၊ မောင်ရင်ငတေကတော့ ဘယ်လိုဘဝတွေကရှေးရေစက်ကြောင့် လည်းတာ့မသိပါဘူး၊ ယောင်လည်လည်ရာက်ခဲ့ပြီးနောက် ခွာလို့မရတော့ပါဘူး၊ ဘာမသိညာမသိ ပြင်သစ်လိုဘွန်ရှုးဆိုတဲ့ နှုတ်ခွန်းဆက်စကားတခွန်း နဲ့ မြန်မာပြည် က အိမ်ခန်းအပေါင်ခံထားခဲ့ပြီးရာက်လာခဲ့တဲ့ မောင်ရင်ငတေတယောက်တော့ ပါရီ မြို့ရဲ့ လမ်းကြိုလမ်းကြားတွေမှာ စတင်ရောက်ရှိကတည်းက အခုထိတိုင်လျှောက်နေ ခဲ့လျှောက်နေဆဲပေါ့။

ဒီမြို့မှာ ပါရီမှာ တွေ့ရှိရတာ အများဆုံးကတော့ ကမ္ဘာလှည့် ခရီးသည်တွေရယ် ကမ္ဘာ အရပ်ရပ်ကနေရောက်ရှိလာတဲ့ မောင်ရင်ငတေတို့လို ဒုက္ခသည်တွေရယ်ပေါ့၊ ပြင် သစ်နိုင်ငံသားဖြစ်သွားခဲ့ကြတဲ့ ကိုလိုနီအဟောင်း အာဖရိကန်လူမည်းတွေနဲ့ တူနီး ရှန်း အယ်ဂျီးရီးယန်း မော်ရိုကန် လူမျိုးတွေကို တွေ့ရများမှာဖြစ် သလို မောင်ရင်ငတေ တို့ရဲ့ အိမ်နီးချင်းမိတ်ဆွေ ဆွေမျိုးပေါက်ဖော်ကြီးတွေလည်း အမြောက်အမြား တွေ့ရှိ ရမှာ ဖြစ်ပါတယ်၊ လာအို ခမာနဲ့ ဗီယက်နမ်တွေလည်း ပေါများလှပါတယ်၊ သီရိ လင်္ကာရဲ့နာမည်ကျော် တမီလ်တိုက်ဂါး အဟောင်းတွေလည်း များမှများတဲ့ မြို့ တမြို့ပါပဲ။

နှစ်တရာကျော်က လူနေအိမ်ဟောင်းများ                                               (ဓာတ်ပုံ မရငတ)
နှစ်တရာကျော်က လူနေအိမ်ဟောင်းများ (ဓာတ်ပုံ မရငတ)
နှစ်တရာကျော်က လူနေအိမ်ဟောင်းများ                                               (ဓာတ်ပုံ မရငတ)
နှစ်တရာကျော်က လူနေအိမ်ဟောင်းများ (ဓာတ်ပုံ မရငတ)

ကမ္ဘာပေါ်မှာရှိသမျှသော လူမျိုးပေါင်းစုံရောက်ရှိနေထိုင်ရာ မြို့ကြီးတမြို့ဖြစ်ပါတယ်၊ မတွေ့ဘူးတဲ့လူမျိုးတောင် မရှိတော့ဘူးနဲ့တူပါတယ်၊ မောင်ရင်ငတေတို့ ရွှေလူမျိုး ကတော့ ဂုဏ်ယူရမှာလားမသိ အနည်းငယ်ပဲ ရှိပါတယ်၊ ဒီမြို့မှာအခြေချနေထိုင်သူ အများဆုံးတရာကျော်နှစ်ရာထက် မပိုပါဘူး၊ ဒါတောင်မှ လွန်ခဲ့ တဲ့ နှစ်ပိုင်းလောက် က မြန်မာပြည်ရဲ့အဓိကကမ္ဘာသိခေါင်းဆောင်ကြီးကို ကြိုဆိုကြတဲ့ပွဲကြီးတုန်းကတော့ မောင်ရင်ငတေတို့ရာက်ရှိနေထိုင်ခဲ့တဲ့ ၁၃ နှစ်တာကာလအတွင်းမှာ တခါဖူးကို မျှမမြင်မတွေ့ဘူးတဲ့ မြန်မာလူကြီးလူကောင်း စစ်စစ်တွေကြွရောက် ချီးမြှင့်ကြကြောင်း ကြားသိလိုက်ရတာပါခင်ဗျာ၊ မောင်ရင်ငတေကတော့ အဲဒီလို မျိုးပွဲလမ်းသဘင်တွေ ကို ဝေးဝေးကရှောင်ကြင်သူမို့ မတွေ့လိုက်ရပါဘူးဗျာ၊ သူတို့တတွေရောပါပါမှ ရွှေပြည်တော်သား နှစ်ရာလောက်ရှိတာပါ၊ ရွှေအဖွဲ့အစည်းကတော့ များများမရှိပါဘူး၊ လူနှစ်ရာအဖွဲ့ကနှစ်ရာ မရှိပါဘူး၊ ဖွဲ့ပြီးရင်လည်း ကွဲတတ်ကြလွန်းလို့ မောင်ရင်ငတေတို့က အဖွဲ့ကိုမဖွဲ့ချင်တော့တာပါ၊ မောင်ရင်ငတေတို့ မိတ်ဆွေတချို့နဲ့တော့ သောက် သုံးသူများသမဂ္ဂတို့၊ စားသုံးသူများသမဂ္ဂတို့ လယ်ယာပြန်စားရေးသမဂ္ဂတို့လို တရားမဝင်အသင်းလေးတွေတော့ ရှိပါတယ်၊ တပတ်တခါလောက် ချိန်းပြီးတော့ စားကြေ သာက်ကြအတင်းဖလှယ်ကြပေါ့ဗျာ၊ အဲလိုမျိုး မောင်ရင်ငတေတို့ရဲ့ အဖွဲ့ထဲကို မဝင်ချင်ကြသော တသီးပုဂ္ဂလ ပုဂ္ဂိုလ်ကြီးများ လူကြီးမင်းများလည်း ရှိကြသပေါ့ဗျာ၊

ပါရီ ရှော်ပင်စန်တာ လမ်းမကြီး Boulevard Haussmann             (ဓာတ်ပုံ မရငတ)
ပါရီ ရှော်ပင်စန်တာ လမ်းမကြီး Boulevard Haussmann (ဓာတ်ပုံ မရငတ)

ဒီပါရီရွှေမြို့တော်ကြီးဟာ ထူးခြားလှတာကတော့ မြို့တော်ကြီးကသာ မြို့ဟောင်း အဆောက် အဦးအဟောင်းတွေနဲ့သာ ပြည့်နှက်လို့နေပေမဲ့ လူတွေကတော့ ခေတ္တခဏ လာရောက်လည် ပတ်ကြတဲ့သူတွေရယ် အမြဲတမ်းနေထိုင်ခွင့်ရမလားလို့လာကြတဲ့သူတွေရယ်နဲ့ လူသစ်မျက်နှာ သစ်တွေသာ အများစုကိုတွေ့ကြရမှာဖြစ်ပါတယ်၊

ပါရီမြို့လယ်မှာနှစ်ထပ်လမ်းတွေ သုံးထပ်လမ်းတွေ ကုန်းကျော်တံတားကြီးတွေ မိုးမျှော်တိုက် ကြီးတွေကို တွေ့ရှိရမှာ မဟုတ်ပါဘူး၊ ၉၀ ရာနှုန်းသော အဆောက်အဦများဟာ လွန် ခဲ့သောနှစ်ပေါင်း တစ်ရာ နှစ်ရာ သုံးရာကျော်ကဆောက်လုပ်ခဲ့တဲ့ အဟောင်းတွေသာ ဖြစ်ပါ တယ်၊ နာမည်ကြီးရဲတိုက်ဟောင်းကြီးများ နန်းတော်ဟောင်းကြီးများရဲ့ မူရင်းအစိတ်အပိုင်း တချို့ဆိုရင် နှစ်ထောင်ဂဏန်း ရှိနေ ပြီပေါ့ ဗျာ၊

ပိုက်ဆံပေးဖို့ တန်းစီတိုးနေသူများ                                            (ဓာတ်ပုံ မရငတ)
ပိုက်ဆံပေးဖို့ တန်းစီတိုးနေသူများ (ဓာတ်ပုံ မရငတ)

၁၂ ရာစုမတိုင်ခင်ကတည်းကနေ ယနေ့ခေတ်ထိ ဥရောပရဲ့အဓိကအချက်အချာ ကျတဲ့မြို့ဖြစ်ခဲ့ပြီး နှစ်ပေါင်းလေးငါးခြောက်ရာ သက်တမ်းရှိတဲ့နာမည်ကြီးရှေးဟောင်း အဆောက်အဦးများသာမက လူနေတိုက်ခန်း အဟောင်းပေါင်း  မြောက်မြားစွာက လည်း ပါရီမြို့လုံးနှံ့ လက်ညိုးထိုးမလွဲ ဒီကနေ့ထိတိုင်အောင် ရှိနေသလို မမျှော်လင့် တဲ့အဖျက်အဆီးများသာ မရှိခဲ့ပါက နောက်နှစ်ပေါင်းများစွာ ဆက်လက်ပြီးတည်ရှိ လို့သွားမှာ သေချာပါတယ်၊ အဟောင်းတွေနဲ့ တည်ရှိနေတဲ့အဟောင်းတွေကို ခပ် တည်တည်ပြစားနေတဲ့ ဥရောပရှေးဟောင်း မြို့တော်ကြီးပေါ့၊ အများစုသော နန်းတော်အဟောင်း ရဲတိုက်အဟောင်း အိမ်ကြီးအိမ်ကောင်း အဟောင်းများ ဟာ ရှေးရှေးကတော့ ပဒေသရာဇ် မြေရှင်ငွေရှင် နယ်စားပယ်စားများ တဦးချင်း ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ယနေ့မှာတော့ နိုင်ငံတော်က ပိုင်ဆိုင်တာမျိုးတွေရှိသလို တချို့လည်း နိုင်ငံတော်က ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ပြီးတော့ စီမံခန့်ခွဲ မှု ထိမ်းသိမ်းမှု တချို့ကို ပြုလုပ်ပေးပါတယ်၊ အဲဒီလိုမျိုး အဆောက်အဦးတွေ ပစ္စည်းတွေကို ပြတိုက်များအဖြစ်သို့ အသွင်ပြောင်းလဲထားပြီး ဝင်ကြေး ၁၀ ယူရိုဝန်း ကျင်ခန့် ပေးဝင်ရသော်လည်း ကမ္ဘာလှည့်ခရီးသည်တွေ တန်းစီတိုးနေတာကို အမြဲ လိုလို မြင်ကြ တွေ့ကြရ မှာ ဖြစ်ပါတယ်၊

ပါရီရယ် စဲန်းမြစ်ရယ် ကမ္ဘာလှည့်ရယ်                                     (ဓာတ်ပုံ မရငတ)
ပါရီရယ် စဲန်းမြစ်ရယ် ကမ္ဘာလှည့်ရယ် (ဓာတ်ပုံ မရငတ)

တခါက ဖတ်ဖူးလိုက်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ကွန်မန့်တခုမှာ ပါရီမြို့ကိုလာလည်ခဲ့ဖူး တဲ့ လန်ဒန်သူစ်ဦးရဲ့ အပြန်အလှန်မှတ်ချက်မှာ ရေးထားတာကတော့ လန်ဒန်မြို့ ကြီး ဘယ်လောက် ကြီးကျယ်ကြီးကျယ် ပါရီမြို့နဲ့ ယှဉ်လိုက်ရင်တော့ လက်သုတ်ပုဝါနဲ့ လက်နှီးစုတ်လိုကွာခြားလှပါပေတယ်တဲ့ခင်ဗျား၊ လန်ဒန်သူများရဲ့မှတ်ချက်ပါ၊ မောင် ရင်ငတေ့ ကိုယ်ပိုင်မှတ်ချက် မဟုတ်ကြောင်းပါခင်ဗျား၊

အခုလက်ရှိ မောင်ရင်ငတေနေထိုင်နေတဲ့ ပါရီမြို့စွန် ဆင်ခြေဖုံးရပ်ကွက်တခုက နှစ် ထပ်နှစ်ခန်းတွဲ တိုက်ကလေးတောင်မှ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပေမယ့် ဆက်လက် ရပ် တည်နေဆဲပါ၊ ချဲ့ထွင်လာတဲ့ မြို့ပြနယ်နမိတ်အရတော့ သူ့ရဲ့နဘေးမှာ အထပ်မြင့် တိုက်တွေ ဝန်းရံလို့တော့နေပါပြီ၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေ မလွှမ်း မိုးတဲ့နေရာဖြစ်လို့ ဆက်လက်ပြီး ရပ်တည်ချင်သပဆိုရင်ဖြင့် ရပ်တည်ခွင့်ကဆက် လက်ပြီးတော့ တည်ရှိနေမှာပါ၊ ငွေကြေးဝါးလားကြီးတွေကတော့ မရှိဘူးလား မဟုတ်ပါ ရှိတာပါပဲ။ ဒါပေမဲ့လည်း ဥပဒေရဲ့အထက်မှာတော့ ဘယ်လိုအလွယ် တကူရပ်တည်လို့ရနိုင်ပါ့မလဲဗျာ၊ ဒီနေရာတွေကိုလည်း လုပ်ငန်းရှင်ကြီးတွေ  ရယူလို ချင်ပေမယ့် အိမ်အခန်းပိုင်ရှင်တဦး တလေက သဘောမတူရင်ဖြင့် ဘယ်လိုမှ မသိမ်း ပိုက်နိုင်ကြောင်းပါခင်ဗျာ၊ အဲဒီလိုမျိုးအခန်းလေးတွေတောင်မှ မောင်ရင်ငတေတို့ ငှား လို့ရဖို့ မလွယ်ကူပါဘူး။

စတုရန်းမီတာ ၂၀ ကျော်ဝန်းကျင်လောက်ကျယ်တဲ့ အခန်းလေးတွေကို တလငှားခ ယူရို ၅၀၀ အနည်းဆုံး ပေးရပါတယ်၊ ဒါတောင်မှ အခွန်တွေ အခတွေ မပါသေး ဘူးနော်၊ စာရွက်စာတမ်းတထပ်ကြီးပြည့်စုံရင်တောင်မှ အိမ်ငှားတဲ့ဧဂျင်စီတွေကမယုံကြည်လို့ လွယ်လွယ်ကူကူ မငှားရမ်းပါဘူး၊ သတ်မှတ်ထားတဲ့ ဥပဒေမှာလည်း အိမ်ငှားတဦးရဲ့တလဝင်ငွေဟာ အိမ်ငှားခရဲ့ သုံးဆရှိရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ တကယ်တမ်းမှာက အခြေခံလူတန်းစား အလုပ်သမားတဦးရဲ့ တရားဝင်သတ်မှတ်ထားတဲ့ လခကတော့ ယူရို ၁၂၀၀ ခန့်သာရတာဖြစ်လို့ ယူရို ၅၀၀ တန် အခန်းတခုငှားရမ်းဖို့ငွေ မလုံလောက်ပါဘူးခင်ဗျား၊ ဘယ်လိုပညာရှင်တွေ ဘယ်လိုတွက်ချက်ပြီး သတ် မှတ်ထားတဲ့ ဥပဒေ လည်းလို့ မောင်ရင်ငတေစဉ်းစားပြီး ချာလပတ်လည်သွားရပါတယ်၊ အတိုချုံးရေးထားတဲ့ မောင်ရင်ငတေရဲ့ မြို့အကြောင်းလေးပါ၊

မောင်ရင်ငတေနေတဲ့ ပါရီမြို့စွန်ကရပ်ကွက်                                               (ဓာတ်ပုံ မရငတ)
မောင်ရင်ငတေနေတဲ့ ပါရီမြို့စွန်ကရပ်ကွက် (ဓာတ်ပုံ မရငတ)

ပါရီမြို့ကနာမည်ကျော်လမ်းမကြီး Avenue des Champs-Élysées အမည်နဲ့ ပါရီမြို့ ရဲ့လှပပုံလေးတွေကိုဖွဲ့ဆိုထားတဲ့ နယူးယောက်မြို့သားပြင်သစ်နွယ်ဖွား ဂျူးလူမျိုးဖြစ် သူ၁၉၇၀ ခုနှစ်များဆီက နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး Joe Dassin (၁၉၃၈-၁၉၈၀) ရဲ့သီချင်း “အိုရှောင်ဇေလီဇေ Aux Champs-Elysees” ကို မိတ် ဆက်ပေးလိုက်ရင်းမောင်ရင်ငတေရဲ့မြို့အကြောင်းကို ဒီနေရာကနေ တခန်းရပ် နား လိုက်ပါတော့မယ်ခင်ဗျား၊

အို ….. ရှောင်ဇေလီဇေ

Aux Champs-Elysees

http://www.youtube.com/watch?v=d9V-zUlrhEE

http://www.localnomad.com/fr/blog/2013/03/08/la-chanson-aux-champs-elysees-de-joe-dassin-une-success-story-a-la-francaise/

အိုး ... ရှောင်ဇေလီဇေ ….. Aux Champs-Elysées                                    (ဓာတ်ပုံ မရငတ)
အိုး … ရှောင်ဇေလီဇေ ….. Aux Champs-Elysées (ဓာတ်ပုံ မရငတ)

Je m’baladais sur l’avenue le cœur ouvert à l’inconnu

J’avais envie de dire bonjour à n’importe qui

N’importe qui et ce fut toi, je t’ai dit n’importe quoi

Il suffisait de te parler, pour t’apprivoiser

Aux Champs-Elysées, aux Champs-Elysées

Au soleil, sous la pluie, à midi ou à minuit

Il y a tout ce que vous voulez aux Champs-Elysées

Tu m’as dit “J’ai rendez-vous dans un sous-sol avec des fous

Qui vivent la guitare à la main, du soir au matin”

Alors je t’ai accompagnée, on a chanté, on a dansé

Et l’on n’a même pas pensé à s’embrasser

Hier soir deux inconnus et ce matin sur l’avenue

Deux amoureux tout étourdi par la longue nuit

Et de l’Étoile à la Concorde, un orchestre à mille cordes

Tous les oiseaux du point du jour chantent l’amour.

အိုး … ရှောင်ဇေလီဇေ ….. Aux Champs-Elysées                                   (ဓာတ်ပုံ မရငတ)
အိုး … ရှောင်ဇေလီဇေ ….. Aux Champs-Elysées (ဓာတ်ပုံ မရငတ)

The Champs-Elysées

I trotted on the avenue the heart open to the unknown

I wanted to say hello to anyone

Anyone and that was you, I told you anything

It was enough to tell you to make you mine

The Champs-Elysées, the Champs-Elysées

The sun, in the rain, at midday or midnight

There is everything you want at Champs-Elysées

You told me “I have an appointment in a basement with crazy

Living guitar in hand, from dusk to dawn “

Then I accompanied you, we sang, we danced

And we did not even think of kissing

Yesterday evening two unknowns and this morning on the avenue

Two lovers dazed by the long night

And the Star of Concord, form an orchestra with thousand cords

All the birds at day sing of love.

ကမ္ဘာလှည့်များနဲ့ အမြဲစည်နေတဲ့ Palais Royal-Musée du Louvre                 (ဓာတ်ပုံ မရငတ)
ကမ္ဘာလှည့်များနဲ့ အမြဲစည်နေတဲ့ Palais Royal-Musée du Louvre (ဓာတ်ပုံ မရငတ)

http://moemaka.com/archives/28061   အောက်တိုဘာ ၁၂၊ ၂၀၁၂

မိုးမခအွန်လိုင်းစာမျက်နှာများမှာဖ်ာပြခဲ့တဲ့ မောင်ရင်ငတေရဲ့ပထမဆုံးသောရောက်တတ်ရာရာအတိုအစများမှ

မောင်ရင်ငတေနေတဲ့မြို့အကြောင်းကို အနည်းငယ် ပြန် လည် ပြင်ဆင်ရေးသားပြီး ပုံအသစ်တွေနဲ့အတူ

ရှုခင်းသစ် စာမျက်နှာအသစ်အတွက် ပေးပို့လိုက်ပါတယ်၊

ပါရီအမြင့်ဆုံးတောင်ကုန်းပေါ်ကဘုရားကျောင်း La Basilique du Sacré Cœur de Montmartre                                                                                                (ဓာတ်ပုံ မရငတ)
ပါရီအမြင့်ဆုံးတောင်ကုန်းပေါ်ကဘုရားကျောင်း La Basilique du Sacré Cœur de Montmartre
(ဓာတ်ပုံ မရငတ)

ကျေးဇူးတင်ပါတယ်၊

မောင်ရင်ငတေ

၁၄၀၄၂၀၁၄

တန်ခူးလပြည့်နေ့ ၁၃၇၆