တပတ်အတွင်း အနုပညာလောက သတင်းများ

Posted on Posted in သတင်း ရှုခင်း

 

 

မိုးရာသီ စာအုပ်ပွဲတော်

SAMSUNG CAMERA PICTURES SAMSUNG CAMERA PICTURES

ဇွန်လ ၆ ရက်၊၂၀၁၄ နေ့ကစပြီး ဇွန်လ ၈ ရက်၊၂၀၁၄ နေ့အထိ ရန်ကုန်မြို့ မြို့မကျောင်းလမ်း၊ အမျိုးသား ဇာတ်ရုံကြီးမှာ မိုးရာသီစာအုပ် ပွဲတော်ကြီးကို ကျင်းပနေပါတယ်။

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက စီစဉ်တဲ့ပွဲပါ။ စာအုပ်ဆိုင်ပေါင်း (၁၀၀) ကျော်က လာ ရောက်ပြီး စာအုပ်မျိုးစုံကို အထူးလျှော့ဈေးနှုန်း နဲ့ ရောင်းချပေးနေတာမို့ စာပေချစ်မြတ်နိုးသူတွေ စည်စည်ကား ကား လာရောက်အားပေးနေကြပါတယ်။

ပြီးတော့ နေ့စဉ် မွန်းလွဲ ၁ နာရီကစလို့ အနုပညာရှင်တချို့ရဲ့စာပေအနုပညာဆိုင်ရာ ဟောပြောပွဲတွေကိုလည်း ကျင်းပမှာ ဖြစ်တယ်လို့ သတင်းရရှိခဲ့ပါတယ်။

 

……………………………………………………………………………………………………………………………………………………………………………………………………..

မူရင်း ဓာတ်ပုံ- ကဗျာဆရာစိုင်းဝင်းမြင့်
မူရင်း ဓာတ်ပုံ- ကဗျာဆရာစိုင်းဝင်းမြင့်

 

ခေတ်သစ်ပန်းချီကျော် ဦးခင်မောင်ရင်၏နောက်ဆုံးခရီး

 

ဇွန်လ (၁၀)ရက်နေ့က ကွယ်လွန်သွားခဲ့သော မြန်မာ့ခေတ်သစ်ပန်းချီ Modern Art ကို ဦးဆောင်ခဲ့သူများ အနက်တဦးဖြစ်သည့် ပန်းချီဆရာကြီး ဦးခင်မောင်ရင်၏ ဈာပနအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီ က ရန်ကုန်မြို့ ရေဝေးသုဿန်၌ကျင်းပပြုလုပ်ခဲ့ရာ ထိုဈာပနအခမ်းအနားသို့ အနုပညာနယ်ပယ် အသီးသီး မှ စာပေအနုပညာသမားများနှင့် ဆရာကြီးကိုချစ်ကြည်ညိုသူအများအပြား တက်ရောက်ဂါရ၀ပြုခဲ့ကြသည်။

ဗိသုကာပညာရှင်လည်းဖြစ်သူ ဆရာဦးခင်မောင်ရင် ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ စွယ်စုံရအနုပညာရှင်ကြီး ဦးဝင်းဖေက မိမိအယူအဆအပေါ်မှာ အခိုင်အမာ ရပ်တည်သည့်ပန်းချီရှေ့ဆောင်တဦး ဆုံးရှုံးသွားခြင်း လည်း ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။ ဦးခင်မောင်ရင်သည် ပန်းချီရေးဆွဲခြင်းအပြင် ရုပ်ရှင်ဒါရိုက်တာအဖြစ် “နှမ လက်လျှော့ နေလေတော့ ” ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ဖူးသည်။ စာပေအနေဖြင့် “အနုပညာစံ” စာအုပ် ကို ဇော်ဇော်အောင်နှင့်တွဲထုတ်ခဲ့ဖူးပြီး ဆရာပေါ်ဦးသက် အလည်လာခြင်းစာအုပ်မှာ ထင်ရှားသည်။

ဆရာ့၏ဗိသုကာအဖြစ် ယခင်အခေါ် အရှေ့ပါကစ္စတန်၊ ယခုအခါ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒက္ကားဘူတာရုံ၊ ပုဂံရှိ သဇင်ဟော်တယ်နှင့် အိမ်များစွာတို့ကို  ဒီဇိုင်းပုံစံထုတ်ရေး ဆွဲခဲ့ကြောင်းသိရသည်။

 

 

……………………………………………………………………………………………………………………………………………………………………………………………………..

နှင်းဆီဖြူမဂ္ဂဇင်း မိတ်ဆက်ပွဲ
နှင်းဆီဖြူမဂ္ဂဇင်း မိတ်ဆက်ပွဲ

နှင်းဆီဖြူ  Media & Publishing House ၏မိတ်ဆက်ပွဲ

ဇွန်လဆန်းက မြန်မာမဂ္ဂဇင်းလောကကို ကလောင်စုံ ကဏ္ဍစုံ အရောင်စုံ အသွေးစုံ ကလောင်သစ် ကလောင်ဟောင်းမြောက်မြားစွာတို့နဲ့အတူ အရှိန် အဟုန်နဲ့ ထိုးဖောက် ၀င်ရောက်ရင်း ရဲရဲဝံ့ဝံ့ပွင့်ဖူး ထူးထူးကဲကဲ မွှေးမြပြခဲ့ကြ တဲ့ နှင်းဆီဖြူ စာပေအနုပညာမဂ္ဂဇင်းကိုထုတ်ဝေခဲ့ရာ နှင်းဆီဖြူ  Media & Publishing House ၏ မိတ်ဆက်အခမ်းအနားကို  ဖော်ပြပါအတိုင်း ကျင်းပပြု လုပ်သွားမယ်လို့ သိရပါတယ်။

၁၄. ၆.၂၀၁၄ (စနေနေ့)

အချိန် – နေ့ (၂)နာရီမှ (၄) နာရီ

နေရာ- My Garden Restaurant အလုံလမ်း၊ ဒဂုံမြို့နယ်။