ဟယ်မီတန်ရောက် မြန်မာများ၏ တတိယ အကြိမ် ဝါဆိုသင်္ကန်း ကပ်လှူ ပွဲ

Posted on Posted in သတင်း ရှုခင်း
Burmese People in Hamilton,New Zealand
မြန်မာမိသားစုဝင် တချို့ နှင့် ဆရာတော်များ အမှတ်တရ Burmese People in Hamilton,New Zealand

 

နယူးဇီလန်နိုင်ငံ ဟယ်မီတန်မြို့ရောက် မြန်မာ မိသားစုများရဲ့ တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှုပွဲကို ဒီနေ့ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့မှာ Glen view community center မှာ ကျင်းပခဲ့ကြပါတယ်။

အလှုတော်ပွဲကို နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီ အထိ ကျင်းပခဲ့ကြပြီး မြန်မာ ထမင်း၊ ဟင်း၊ ခေါက်ဆွဲကျော်၊ ကြာဇံကြော်၊ မုန့်ဟင်းခါးတို့အပြင် အအေး၊ ကျောက်ကျော အစရှိတဲ့ မုန့်ပဲသွားရေစာများ နဲ့ ကျွေးမွေး ဧည့်ခံခဲ့ပါတယ်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှုပူဇော်ပွဲကို အောက္ကလန်မြို့မှ မြန်မာ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းမှ သံဃာတော် (၄) ပါးကြွရောက် ချီးမြှင့်ကြပြီး သံဃာတော်များများအတွက် ဝါဆိုသင်္ကန်း အစုံ (၂၀) ဖြင့် ဆက်ကပ်လှူ ဒါန်းခဲ့ကြပါတယ်။ ဟယ်မီတန်ရောက် မြန်မာ မိသားစုများရဲ့ တတိယ အကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှုပူဇော်ပွဲကို ဟယ်မီတန်မြို့ မှ ဒေသခံ ကီဝီများ၊ Free FM ရေဒီယိုမှ တာဝန်ရှိသူများ၊ ဝိုက်ကာတို စေတနာ့ ဝန်ထမ်းအဖွဲ့မှ မစ္စလော်ရင်း ၊ လေဘာပါတီမှ အမတ် တဦးဖြစ်သူ မစ္စ စူး ၊ ဟယ်မီတန် စီတီးကောင်ဆယ်မှ မစ္စတာ ဖိလစ် နှင့် အောက္ကလန်မြို့မှ မြန်မာ မိတ်ဆွေများ တက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ အလှူ တော် အခမ်းအနားကို နေ့လည် ၂ နာရီမှာ ရေစက်ချ၊ အမျှပေးဝေပြီး ရုပ်သိမ်းလိုက်ပါတယ်။