အလင်းရုပ်​တု (မင်းညွှန့်လှိုင်)

Posted on Posted in သမိုင်းရေစီး
သခင်ဗဟိန်း
သခင်ဗဟိန်း

အ လ င်း ရု ပ်​ တု

ညက
လကို
ဖွဖွ​လေးလှိမ့်​လို့
ကြယ်​သစ်​တို့အပြိုင်းအရိုင်း
လှိုင်းထလာပုံ
ရင်​ခုန်​​စောင့်​စားရင်း…။

လ​ရောင်​က
အလွမ်းနဲ့ဓာတ်​ပြုလွယ်​တယ်​ ။

လ​ရောင်​က
လွန်​​လေပြီး​သောကြယ်​တို့ကိုမ​မေ့။

တရံ​ရောအခါက
က​မ္ဘောဇရဲ့ လှတဲ့​မြေလွှာ
လ​ရောင်​နင်း​လျှောက်​​ခြေသံမှာ
ရာဇဝင်​​ရေးအာရုံနဲ့တုန်​ခါ
သူ့ဦး​ခေါင်းထဲ
နိုင်​ငံ​တော်​နှင့်​​တော်​လှန်​​ရေး
စေးပျစ်​ကျပ်​ခဲ
သခင်​ဗဟိန်း သို့မဟုတ်
ပဒုမ္မာကြာပွင့်​အပြုံးရှင်
လ​ရောင်​မှိန်​​အောင်​ကိုယ်​ထင်​ပြ​တော့တယ်​ ။          ။

မင်းညွှန့်​လှိုင်

One thought on “အလင်းရုပ်​တု (မင်းညွှန့်လှိုင်)

Comments are closed.