ဖြစ်တတ်တယ် – ဟာသ

Posted on Posted in ဟာသ

jokes_for_kids_av2အစိုးရက ကလေး(၅)ယောက်ရှိသူတိုင်းကို ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည့် သတင်းကို ကြားသဖြင့် ယောင်္ကျားဖြစ်သူ အိမ်ကို ပြန်ပြေးလာပြီး မိန်းမကို ပြောသည်။

“တို့မှာ ကလေး ၄ ယောက်ရှိတော့ အတော်ပဲ ကွာ ၊ ငါ့မှာ တိတ်တိတ်ပုန်း မိန်းမနဲ့ မွေးထားတာ တယောက်ရှိသေးတယ်ကွ၊ သူ့ကိုပါသွားခေါ်လိုက်မယ်။” ဟုပြောပြီး ပျော်ရွှင်စွာထွက်သွားသည်။

ကလေးကိုလက်ဆွဲပြီး အိမ်ပြန်လာသောအခါ အိမ်မှာကျန်ခဲ့သောကလေး ၄ ယောက်အနက် (၁) ယောက်သာကျန်တော့သည်ကိုတွေ့ရပြီး  အလန့်တကြားဖြစ်သွားကာ …

“ဟာ….မိန်းမရေ ကျန်တဲ့ကလေး ၃ ယောက် ဘယ်ရောက်နေကြလဲကွ”

“တကယ်တည်းတော်.…. ကလေး(၅)ယောက်ရှိသူတိုင်း လစာတိုးမယ့် သတင်းကို ရှင်တယောက်ထဲ သိတယ် ထင်လို့လား …ကျန်တဲ့ကလေးတွေကို သူတို့အဖေတွေ ပြန်ခေါ်သွားကြပြီရှင့်…”

“ဟိုက်…..”

 

(နိုင်ငံခြား ဟာသတခုကို မီငြမ်းပါသည်)

Image Credit: http://www.activityvillage.co.uk/jokes-for-kids