သူငယ်ချင်း တစ်ယောက်နဲ့ ဖုန်းပြောခြင်း (ကိုသားကြီး)

Posted on Posted in ကဗျာ

phone_Chat

သူငယ်ချင်း တစ်ယောက်နဲ့ ဖုန်းပြောခြင်း (ကိုသားကြီး)

သတ္တိ နဲ့ သိမ်မွေ့တတ်ဖို့ ဆိုတာ
ပညာနဲ့ရှင်သန် ထမြောက်လာတဲ့
ဆင်းရဲခြင်း ဘဲ ။

ခင်ဗျားတို့
အမှန်တရား နဲ့ မျက်လုံးချင်း ဆုံအောင်
ကြည့် ရဲလား ။
အမှန်က အမှန်စင်စစ် ဖြစ်ခဲ့ရင်
တရားကို
လက်တွဲ မဖြုတ် တတ်ကြောင်း သိရဲ့။
တေးဆို နွေငှက်ငယ်ရဲ့ အပူကို
သာမိုမီတာ မသုံးဘဲ သိနေခြင်းဟာ
အလှတရားပေါ် တည့်တည့်ကျတဲ့
စာနာစိတ် ဘဲ ။
ဖောဖောသီသီ ပေးလိုက်ရမယ့် အရာတွေမှာ
ကျွန်တော်တို့ရဲ့ နှစ်နှစ် ခြိုက်ခြိုက် အပြုံး များ ပါတယ်။
အဝေး တောင်တန်းများရဲ့
အရေပြားကျန်းမာရေး ကို
ရေဒီယို အဟောင်းတစ်လုံး က
စိတ်ပူနေတတ်ကြောင်း
အိမ်နီးချင်းတွေ သိမယ် ။

အုန်းခွံ ငှက် အိမ်လေးတွေ တံစက်မြိတ်မှာ ချိတ်မယ်။
ပြည်တွင်း သတင်းစာကို ဖတ်မယ်။
အရိပ်ရပင်တွေ စိုက်မယ် ။
အစိမ်းရောင် ပန်းချီကားတွေ ဆွဲမယ်။
နုပျိုစဉ်က အိပ်မက်တွေ ကို
ထုဆစ်ပုံဖော် ဖို့
ခေါင်းမော့ လေချွန် ရတာ များပြီ ။ ။

 ကိုသားကြီး