ကဗျာ

စစ်ပွဲ (နီလာမိုးဆွေ)

စစ်ပွဲ (နီလာမိုးဆွေ)

,chess

ငယ်ငယ်တုန်းက
စစ်တိုက်တမ်း ကစားခဲ့သလို
ဘယ်ရန်သူက
“ပစ်နိုင်ပြီ” လို့ အချက်ပေးခဲ့ပါသလဲ
နှလုံးရည်၊လက်ရုံးရည်ချင်း ယှဉ်တဲ့အခါ
နေရာတိုင်းက စစ်တလင်းပဲ
လက်ညှိုးရဲ့စေလားရာတိုင်း
ရင်ကိုခံတုတ်လုပ်ရတာကလည်း
နိယာမတခု
ကျည်ကမျက်စေ့ မပါဘူး
မြောက်အရပ်ကိုညွှန်မပြဘူး
ဗျူဟာစစ်တမ်းအရ
ငါဟာ
ဘယ်တော့မှသတ်ကွင်းကို
လည်စင်းမပေးခဲ့ဘူး
တကောင်ကျွေးသုံးကောင်စား
ကင်းယူတဲ့အကွက်တွေကို
ှဗဟာဒူး လိုလှလှပပလေး
ခြေစွမ်းပြနိုင်ခဲ့တယ်
‘ချက်စ်’ ဆိုတာနဲ့ ပွဲသိမ်းခရာမှုတ်ပေတော့…။ ။

နီလာမိုးဆွေ