နာဖျားခြင်း အနီးတဝိုက်က ပိုးများ (ကိုသားကြီး)

Posted on Posted in ကဗျာ

thargyee-16r

နာဖျားခြင်း အနီးတဝိုက်က ပိုးများ (ကိုသားကြီး)

မျှော် လို့ လင့်မှာ သိတော့
လင့်မှာ စိုးတဲ့ စိတ်က မမျှော် ဖြစ်အောင် ဖြည့်လိုက်တယ်
ရင်ကျပ်နေတဲ့ နှင်းတွေ
အတွေးနက် စကားဆီ ပျင်းရိလေးတွဲ့စွာ ကျ ဆဲ
မျှေ် ရင် လင့် တယ်ဆို ။

တစ်ကိုယ်တော် နေထိုင်ခြင်းမှာ
ကမ္ဘာကြီး ပါတယ် ဆိုပြီး
အလင်းလုပ်ဆောင်ချက် အသစ်တွေ
ဖမ်း သိမ်း ခိုလို့
ပြတင်းတံခါးမှာ အိပ်မက်သယ် လမ်း ကလေး ဝတ်ရည်ရှာ ခြေလှမ်းများ ထမ်းပိုးရင်း
ကွေ့ကောက်စွာ ဆန့်ထွက် လှတယ်။

ဘဝ မှာ ခဏခဏ ပြတ်တောက်တဲ့
လျှပ်စစ် မီးကို မရလည်း ဖြစ်တယ်
မှောင် လည်း ငြိမ်းချမ်းရင် မမည်းဘူး ဆိုတော့
နှလုံးသွေးတွေသိခြင်းနဲ့ စီးဆင်းပါစေ။

အသင့်သုံး စကား ဟာမိုနီ များ ထက်
နှင်းဆီ ပွင့်ရဲရဲ နီ အပြုံးလေးသာ
နေ့ တိုင်း ထိန်ထိန် သာတယ်။

လက်နက် အသစ်တွေ တီထွင် ပြီးတိုင်း
စာနာမှုအကြောင်း သီချင်းသစ်တွေ ထပ်ကြား တတ်တဲ့ နေရာ
ခိုင် နွေး ညီ ဆင့် ကမ်းလက် များပေါ်
မျက်ရည် ဟောင်း အလွမ်းဖိုင်တွေ တထွေးကြီး ကျွံကျ လာ ။

ကျွန်တော်တို့
သင့်တင့်လျောက်ပတ်တဲ့ ဒေသ မှာ
နုသစ် စိုက်ခင်း များ ထွန်ယက် ထားတယ်။ ။

ကိုသားကြီး