အလံဖြူလေး ပေးချင်တယ် (နီလာမိုးဆွေ)

Posted on Posted in ကဗျာ, ရသရှုခင်း

အလံဖြူလေး ပေးချင်တယ် (နီလာမိုးဆွေ) မျက်တောင်ကန့်လန့်ကာ အဖွင့်နဲ့အပိတ်ကြား တံခါးတချပ်သာခြားလေတဲ့ သည်လမ်းခရီး…. နေခြည်နုနုအောက်မှာ နာရီသံတချပ်ချပ်ကိုအဖေါ်ပြု ပခုံးထက်ကသတိ အသိနဲ့ ခြေလှမ်းတွေကမရပ်မနား…. ကျီစယ်လာတဲ့ လေနုအေးက ရင် စည်းရိုးကိုတိုးမဖောက်နိုင် နဖူးထက်ကချွေးစက်က နွေ ကိုသာကိုယ်စားပြုလေတယ်…. တထွာခရီးအတွက် ခရုငယ်ထုံး နုလုံးမူလို့ မပြည့်ဝတဲ့တောင်းဆုတွေနဲ့ သက်ရှူလိုက်တိုင်း စိန်ပန်းဝေတယ်….။ ။ နီလာမိုးဆွေ။

နာဖျားခြင်း အနီးတဝိုက်က ပိုးများ (ကိုသားကြီး)

Posted on Posted in ကဗျာ

နာဖျားခြင်း အနီးတဝိုက်က ပိုးများ (ကိုသားကြီး) မျှော် လို့ လင့်မှာ သိတော့ လင့်မှာ စိုးတဲ့ စိတ်က မမျှော် ဖြစ်အောင် ဖြည့်လိုက်တယ် ရင်ကျပ်နေတဲ့ နှင်းတွေ အတွေးနက် စကားဆီ ပျင်းရိလေးတွဲ့စွာ ကျ ဆဲ မျှေ် ရင် လင့် တယ်ဆို ။ တစ်ကိုယ်တော် နေထိုင်ခြင်းမှာ ကမ္ဘာကြီး ပါတယ် ဆိုပြီး အလင်းလုပ်ဆောင်ချက် အသစ်တွေ ဖမ်း သိမ်း ခိုလို့ ပြတင်းတံခါးမှာ အိပ်မက်သယ် လမ်း ကလေး ဝတ်ရည်ရှာ ခြေလှမ်းများ ထမ်းပိုးရင်း ကွေ့ကောက်စွာ ဆန့်ထွက် လှတယ်။ ဘဝ မှာ ခဏခဏ ပြတ်တောက်တဲ့ လျှပ်စစ် မီးကို မရလည်း ဖြစ်တယ် မှောင် […]

အမေ (နီလာမိုးဆွေ)

Posted on Posted in ကဗျာ, ရသရှုခင်း

အမေ (နီလာမိုးဆွေ) လင်ဆိုးမယားမဖြစ်ခဲ့ပေမဲ့ မဝ ဝမ်းစာတွေကြား အိမ်ဦးနတ်ကို မေတ္တာမပျက် သားသမီးအရေးအတွက် ပခုံးထက်မှာ လှည်းပိုးထမ်းလို့ နေပူစပ်ခါး အပြုံးမပျက်ခဲ့။ ခေါင်မလုံတဲ့အမိုးအောက် မဗေဒါ သီချင်း သူ့အတွက်အားဆေး သားသမီးအပြုံး သူ့အတွက်ခွန်အား တက်ကျိုးတဲ့ခါ လက်နဲ့လှော်လို့ သူ့အတွက် သူ့မရှိအပျော်နတ္ထိနဲ့ ရှေ့သို့ ခရီးဆက်။ မှတ်မှတ်ရရ နှစ်ထောင့်တစ်ဆယ် နတ်အုန်းသီးကိုအပြင်ထုတ် အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ရေအိုးလေးနောက်မှာ အမေ့အပူ တယောက်လျော့ ကြေခဲ့တဲ့ ဝဋ်ကြွေးတခုကို လူလုံးလှအောင် တင်စားရပြန်တော့ ရွှေတောင်ကြီးပြိုလေသတည်းပေါ့။ မုဆိုးမ အမေ သားသမီးလေးယောက် အမေ မှောင်လာလိုက် ထွန်းညှိလိုက်နဲ့ အမေ့လက်အစုံ အသားမာကကြမ်း လေဒဏ် မိုးဒဏ်ကြားမှာ မီးစာက ခမ်းလုခမ်းခင်နဲ့ လျှပ်သံတဝင်းဝင်းကြားမှာ သားသမီးတွေအတွက်ပူပန်နေတုန်းဘဲ။ တရွေ့ရွေ့ခြေလှမ်းအစုံက အားမတန်လို့မာန်လျော့ လဲလျောင်းနေတဲ့ အမေ အင်္ဂဝိဇ္ဇာမတတ်တဲ့ အမေ […]

အမွေ နဲ့ ကောင်းကင်ဘုံ ပျက်သုဉ်းခြင်း (Gin Suan Tung)

Posted on Posted in ကဗျာ

အမွေ (Gin Suan Tung) ဒီမြေဟာ ငါတို့ကို မပိုင်သခင် ငါတို့ရဲ့ ပိုင်နက်မြေဖြစ်ခဲ့တယ်။ မြစ်၊ ချောင်း၊ အင်း၊ အိုင် အမြဲစိမ်းတော၊ စိမ့်တော၊ ဒီရေတော သစ်တော၊ ခြောက်သွေ့တော၊ စိမ်းလန်းသော မြက်ခင်းပြင် အဝါနုရောင် အရုဏ်မနက်ခင်း အထပ်ထပ် အဆင့်ဆင့်သော စားကျက်များ သစ်ပင်ချုံနွယ်များ ပိတ်ပေါင်းများ စိမ့်စမ်းများ တောင်ကုန်းတောင်တန်းများလည်း ဆင့်ကာစီကာ သွယ်ကာတန်းကာဖြင့် မြေပြန့် လွင်ပြင် ကျေးငှက်သာရကာများနှင့် တောရိုင်းတိရစ္ဆာန်များ လှပဝေဆာနေသော ညနေဆည်းဆာချိန်များ ဒီမြေပေါ်မှာ ဘိုးစဉ်ဘောင်ဆက် တို့တွေ ရွေ့လျား သွားလာ နေထိုင်ခဲ့ကြတယ်။ နယ်နိမိတ်တွေ မရှိခဲ့ဘူး နယ်မြေကန့်သတ်ချက်တွေ မရှိခဲ့ဘူး နယ်ခြားစောင့်တပ်ဖွဲ့တွေ မရှိခဲ့ဘူး အခွန်ဦးစီးဌါနတွေ မရှိခဲ့ဘူး လူဝင်မှုကြီးကြပ်ရေးတွေ မရှိခဲ့ဘူး လေဟာပြင်မှာ ပျံဝဲနေတဲ့သိမ်းငှက်တွေလို […]

အစွယ်လိုသူများ (ရွှေအိမ်စည်)

Posted on Posted in သမိုင်းရေစီး

အစွယ်လိုသူများ ရွှေအိမ်စည်   `“ အမျိုးသားသူရဲကောင်း တစ်ယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ — နောက် (၁၈)လထက် မပိုဘူးလို့ ယူဆတယ်`“ ဗိုလ်ချုပ်အောင်ဆန်း (မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊ ၂၇၀)မှ   (၁) ၁၉၄၈ခုနှစ်၊ မေလ (၈)ရက်။ အင်းစိန်ထောင် —။   `“ဂျိုင်း`“ —-။   ကျယ်လောင်သည့်ဒေါက်ဖြုတ်သံကြောင့် အုတ်ရိုးနီနီပေါ်မှ ကျီးများလန့်၍ ထပျံကုန်ကြသည်။ ရောင်နီက မပေါ်သေး။ အင်းစိန်ထောင်ဝင်းအတွင်း အမှောင်ထုက ကြီးစိုးနေဆဲ။ အင်းစိန်ထောင်၏ ကြိုးစင်ရှိရာတွင်မူ လျပ်စစ်မီးရောင်များကြောင့် လင်းလင်းပပ ရှိ၍နေသည်။ ဒေါက်ဖြုတ်သံနှင့်အတူ […]

အဖြူဇော များ (ကိုသားကြီး)

Posted on Posted in ကဗျာ, ရသရှုခင်း

အဖြူဇော များ (ကိုသားကြီး) ချွေးနဲ့ ပျိုးတဲ့ပန်းတွေ မလန်းဘူးလို့ ဘယ်သူငြင်းမလဲ နှလုံးသွေးကို ဆူ ပွက်တဲ့အထိ အပူခံထားလိုက်မယ်။ ကျွန်တော်တို့ရှေ့ဆက်မယ့် ခရီး မှာ နွေပျိုးပန်းတွေ မိုးဦးလေထဲ ပွင့်လာမှာ သေချာတယ်။ ပျိုးထောင်ခြင်း အနုပညာမှာ စေတနာစိတ်ကို အပြည့်အဝ လောင်းထည့်ထားတော့ အနာဂါတ် ပီတိဟာ စင်ကြယ်ဝင်းပ စို့နေတဲ့ ချွေးဟာ ရေဓါတ် ခြောက်ခမ်းလည်း သဘာဝ အတိုင်း လှတယ်။ ကျွန်တော်တို့ ထုဆစ်မယ့် အလင်းကို ကျွန်တော်တို့ ကိုယ်တိုင် ညှိယူ ထုံကူး မမောဘူး…၊ မနားဘူး။ နေ့သစ်ရဲ့ နေခြည်ဦး ကို ရောင်စုံ အဆင်း နဲ့ ချယ်သ ဖို့ ချွေးနဲ့ ပျိုးတဲ့ ပန်းတွေ သီချင်း ကဗျာ […]

ဆောင်းခိုငှက် (စဝ်ခွန်ချို)

Posted on Posted in ကဗျာ

ဆောင်းခိုငှက် (စဝ်ခွန်ချို) ပင်လယ်ကိုဖြတ် မုန်တိုင်းမကြောက် လေစုန်မှာပျံ လေဆန်မှာဝဲ…။ မီးခိုးရောင် ဖျော့ဖျော့လေးက မာန်အပြည့် တဖျတ်ဖျတ်ရိုက်ခတ်…။ ဟော့ ရှေ့မှာအရုဏ် မိုးကုတ်စက်ဝိုင်းအလွန်က အလင်းတစနဲ့ တွေ့ပြီအသိုက်..။ ——————– ——————– ——————– ဆောင်းခိုငှက်ရဲ့ အိမ်အပြန်—-။ ။ စဝ်ခွန်ချို

ပျော်​ရွှင်​ပါမိတ်​​ဆွေ (လင်းသက်ငြိမ်)

Posted on Posted in ကဗျာ, ရသရှုခင်း

ပျော်ရွှင်ပါမိတ်ဆွေ (လင်းသက်ငြိမ်) ခင်ဗျားစိတ်မညစ်ပါနဲ့… ခင်ဗျားစိတ်ဓာတ်မကျပါနဲ့…. နေရောင်ခြည်တွေနဲ့လေညင်းတွေရှိနေပါသေးတယ်၊ ညကာလနဲ့… ကြယ်တာရာတွေနဲ့…. ကမ္ဘာကြီးနဲ့ လမင်းကြီးလည်းရှိနေပါသေးတယ်၊ ဟာသတွေနဲ့…. အနုပညာတွေနဲ့….. မသေဆုံးနိုင်သေးတဲ့.. မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်၊ ချုပ်ရိုးရာတွေက ကြည့်တတ်ရင်တော့ ဒီဇိုင်းတွေပဲမဟုတ်လား၊ အမာရွတ်တွေကိုလည်း အလှပဆုံးတက်တူးအဖြစ် မြင်ကြည့်ပါ၊ ပျော်ရွှင်ပါမိတ်ဆွေ နာကျင်စရာတွေနဲ့ပူဆွေးမှုတွေကိုငြီးငွေ့ပြီး ပျော်ရွှင်လိုက်စမ်းပါမိတ်ဆွေ။ အခုရောက်နေတဲ့နေရာမှာ ခင်ဗျားရှိနေခဲ့တာပဲ ပျော်ရွှင်ပါမိတ်ဆွေ အလိုဆန္ဒမီးခိုးတန်းတွေကိုထားလိုက်ပါ မပျော်ရွှင်မှုအသိုးတွေကိုစွန့်ပစ်ခဲ့ပါ ပျော်ရွှင်ပါမိတ်ဆွေ ပျော်ရွှင်လိုက်စမ်းပါ။ မိတ်ဆွေ အခုခင်ဗျားပျော်သွားရင် ကျွန်တော်လည်းပျော်သွားလိမ့်မယ် ပျော်လိုက်စမ်းပါ မိတ်ဆွေရယ်။ လင်းသက်ငြိမ်

ကျောင်း ကို လာနေတယ် (ကိုသားကြီး)

Posted on Posted in ကဗျာ, သတင်း ရှုခင်း

ကျောင်း ကို လာနေတယ် (ကိုသားကြီး) အဖူးအငုံ ပြည့် စိမ်းသန့်ဖွေး တဲ့ ကြက်ရုန်း စပယ်တွေ ရေလောင် နာမှာ စိုးတဲ့ ပူပန်မှုက သားပျောက်မိခင်တွေရဲ့ သက်ပြင်းလို အခန်းတွင်း အပူချိန်များတဲ့အခါ ကိုယ်ချင်းစာလို့ရတယ်။ ရွှံ့ရေ စက်လက် ခြေထောက် တွေနဲ့ အနာဂတ် ကို နာနာကျင်ကျင် မငေါက်ပစ်နိုင်တဲ့ စိတ်က ကျိတ် နာ တယ်။ ဒီအချိန် ကလေး တွေ ကျောင်းကို လာနေတယ်။ လယ်ကန်သင်း ပေါ်က ခြေထောက် ငယ်လေးတွေ ဟာ ဖိနပ်အစား ကြံ့ခိုင်မှုကို နင်းပြီး ကျောင်းကို လာနေတယ်။ လောက အလှတရားကို ပုံဖော်ဖို့ သူတို့ ကျောင်းကို လာနေတယ်။ ကိုယ်ကျင့်တရား မွန်မြတ် သန့်စင်ဖို့ […]

စစ်ပွဲ (နီလာမိုးဆွေ)

Posted on Posted in ကဗျာ

စစ်ပွဲ (နီလာမိုးဆွေ) ငယ်ငယ်တုန်းက စစ်တိုက်တမ်း ကစားခဲ့သလို ဘယ်ရန်သူက “ပစ်နိုင်ပြီ” လို့ အချက်ပေးခဲ့ပါသလဲ နှလုံးရည်၊လက်ရုံးရည်ချင်း ယှဉ်တဲ့အခါ နေရာတိုင်းက စစ်တလင်းပဲ လက်ညှိုးရဲ့စေလားရာတိုင်း ရင်ကိုခံတုတ်လုပ်ရတာကလည်း နိယာမတခု ကျည်ကမျက်စေ့ မပါဘူး မြောက်အရပ်ကိုညွှန်မပြဘူး ဗျူဟာစစ်တမ်းအရ ငါဟာ ဘယ်တော့မှသတ်ကွင်းကို လည်စင်းမပေးခဲ့ဘူး တကောင်ကျွေးသုံးကောင်စား ကင်းယူတဲ့အကွက်တွေကှိုဗဟာဒူး လိုလှလှပပလေး ခြေစွမ်းပြနိုင်ခဲ့တယ် ‘ချက်စ်’ ဆိုတာနဲ့ ပွဲသိမ်းခရာမှုတ်ပေတော့…။ ။ နီလာမိုးဆွေ