ဘုရင်ငို (ဆူးငှက်)

Posted on Posted in သဘင်

  ” …ဒီနေရာကြုံတုန်း ပြောပါဦးမယ်။ နှစ်စဉ်ကျင်းပတဲ့ “ ဆို၊ က၊ ရေး၊ တီး ” ပြိုင်ပွဲတွေမှာ ဇာတ်တော်ကြီးတွေပါတော့ အဲဒီဇာတ်တော်ကြီးတွေကို တီဗွီကပြန်လွှင့်တဲ့အခါ ဇာတ်ပို့ဆိုင်းရဲ့တီးလုံးကို ဖြတ်တောက်ပစ် လိုက်တာက အဆိုးဆုံးပါပဲ။ သမားစဉ်အရအသံကုန်အထိ “တျာတျေတျော” သပ်ကာတီးမှ ပြည့်စုံ တာကို အလွယ်တကူဖြတ်ပစ်လိုက်တာဟာ “သဘင်မှုအနုပညာ” ကိုစော်ကားခြင်းတမျိုးပါပဲ။ ဘယ် သူမှလည်း ဒါကိုမလုပ်ရဘူး၊ .”   ဘုရင်ငို   မြန်မာ့ဇာတ်သဘင်မှာနော်ကပိုင်းဇာတ်တော်ကြီးတွေကအခရာကျလှပါသတဲ့။ ဒီနောက်ပိုင်းဇာတ်တော်ကြီးတွေမှာလည်း “ အဆို၊ ပြော၊ အငို” တွေက ပညာသားတွေ ဖြစ်တယ်လို့ လည်း ဆိုတယ်။ ပါဠိ၊ ပါဋ်သားအပါအ၀င် ရှေးစာ၊ လင်္ကာတွေနဲ့တန်ဆာဆင်ထားတဲ့ အဆိုတွေ၊ အပြောတွေဟာ ပရိသတ်ကိုစွဲဆောင်နိုင်ပြီး ဇာတ်ခုံကြီးတခုလုံး တောကြီးမြိုင်ကြီး ဖြစ်သွားသလို၊ […]

ဆလိုင်းမြတ်နိုးသူ (တောင်ဇလပ်မြေ)၊ မသောက်၊ ဇလပ်သွေးတို့၏ ကဗျာများ

Posted on Posted in ကဗျာ

  ငယ်သူငယ်ချင်းနဲ့ မပြောမပြီး မတီးမမြည်ဆိုသလို နှစ်ငါးဆယ်ကျော်အတွင်း ဘယ်ကစလို့စရမှန်းမသိတော့ဘူး တင်းပြည့်ကျပ်ပြည့် ပြောလိုက်ဖို့က အဓိကမဟုတ်လား၊ ဝေ့လည်ကြောင်ပတ် လုပ်တယ်ဆိုတော့ မင်းက ငါ့ကို နှုတ်ခမ်းမွှေးပွတ်ပြပြီး အာဏာပိုင်လားဘာလား စစ်လားမေးလား လုပ်ချင်နေတာမလား။ ဘာအာဏာမှမပိုင်သလို ငါ့ကိုငါလည်း မပိုင်တဲ့ကောင်ပါ မင်းလည်းမင်းကိုယ်မင်း တလက်မမှ မပိုင်တော့တာ သိမှာပေါ့၊ မင်းဟာကြီးက ဘာကြီးလဲ မင်းမေးမယ်တော့ ငါမထင်ဘူး၊ ခေတ်မကောင်းတဲ့ကာလမှာ မင်းကို ကျည်တစ်တောင့်က ပိုင်နိုင်တယ်၊ တစ်ချက်လွှင့်နှုတ်မိန့်ကလည်း ပိုင်နိုင်တယ်၊ ဒါမှမဟုတ် လှံစွပ်ပြီးလည်း အသတ်ခံရချင်ခံရမှာပေါ့။ ကျားဆိုးကြီးတွေ အုပ်စိုးတဲ့နေရာမှာတော့ မင်းလည်းအသိသား ဘုရားသခင်က မင်းကိုမပိုင်တော့သလို ဘယ်နတ်ဒေ၀ါကမှ မင်းကိုမပိုင်ဘူး၊ မကယ်နိုင်ဘူး ခြေကနေခေါင်းအထိ ခန္ဓာတခုလုံး မင်းကိုမင်းလည်း မပိုင်ဘူး၊ ငါပြောတယ်၊ သမိုင်းဆိုးကြီး ကျားဆိုးကြီးဖျောက်ဖျက်ဖို့ တိုင်းပြည်က မင်းကိုလိုအပ် နေတယ်။ […]

ဘကြီးအောင်ညာတယ် (မင်းသုဝဏ်)

Posted on Posted in ဝတ္ထုတို

  ကဗျာစာဆိုကြီးမင်းသုဝဏ် ကွယ်လွန်ခြင်း၁၀ နှစ်ပြည့်အထိမ်းအမှတ် ရှုခင်းသစ်   ” …ထိုမျှကိုကြားရလျှင်ပင် မောင်ချစ်၏အသည်းနှလုံး အူသိမ်၊ အူမတို့သည် ကြွေကျမတတ် ဖြစ်လေ ၏။ အရုပ်ကလေးကို အတင်းလု၍ပြေးလိုသော စိတ်ပေါ်လာသော်လည်း ၀န်ထောက်မင်းဟု ကြား ရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ၀ံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံး ပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင် လေ၏။….”   ဘကြီးအောင်ညာတယ်   “ အရှေ့ကျောင်းသား သူတောင်းစား၊ လယ်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့ လာ မောင်ရို့ ၀ါး” ဟု အားရပါးရ ဆူညံစွာအော်ဟစ် ပြေးလွှားလာကြသော ကလေးတစုသည်ကား လယ်ပေါ်ဘုန်းကြီး […]

ဆရာမင်းသုဝဏ်၏ ပဟေဠိကဗျာ တပုဒ် (သော်ထွန်း)

Posted on Posted in စာပေဆောင်းပါး

သြဂုတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကဗျာစာဆိုမင်းသုဝဏ်ကွယ်လွန်ခြင်းအထိမ်းအမှတ်အဖြစ် တင်ဆက်ပါသည်။ ရှုခင်းသစ်   ” ဆိုဗီယက်ရုရှားမှ ကမ္ဘာကျော်ကဗျာဆရာ မာယာကော့စကီသည် တညသောအခါ၌ အိပ်ပျော်လုလု အချိန်တွင် စိတ်ကူးကောင်းကလေးတခု ရုတ်တရက် ခေါင်းထဲဝင် လာခဲ့သည်ကို အသင့်ရှိနေသော မီးခြစ်ဆံဘူးခွံပေါ်၌ အိပ်ချင်မူးတူးနှင့် အတိုကောက်ရေးမှတ်ထားလိုက်ပြီး အိပ်ပျော်သွားပါသတဲ့။ နံနက်ကျတော့ မနေ့ညက စိတ်ကူးကောင်းကလေး ၀င်လာခဲ့သည်ကို သတိရပြီး ရေးမှတ်ထားတဲ့ မီးခြစ်ဘူးခွံကလေးယူကြည့်လိုက်တော့ သူရေးမှတ်ထားတာက “ခြေထောက်တဘက်” ဆိုတဲ့ စကားလုံးဖြစ်နေပါသတဲ့….”   ဆရာမင်းသုဝဏ်၏ ပဟေဠိကဗျာ တပုဒ် ဆရာမင်းသုဝဏ်၏ကဗျာပေါင်းချုပ်စာအုပ်တွင် ”ဘာကိုဆိုလိုမှန်း” သိသူနည်းပါးလှသော ကဗျာ တပုဒ် ပါဝင်ပါသည်။ ထိုကဗျာကိုရည်ညွန်း၍ ကျွန်တော်က “ဆရာမင်းသုဝဏ်၏ ပဟေဠိ ကဗျာတပုဒ်” ဟုဆိုလိုက်ခြင်းဖြစ်သော်လည်း စင်စစ်အားဖြင့် ဆရာမင်းသုဝဏ်က ထိုကဗျာကို “ပဟေဠိ” […]

လမသာ ဆက်ရက်တောင်ပံကျိုး ညအမှောင် သူဝင်တိုး …(မောင်ဖေသက်နီ)

Posted on Posted in ဝတ္ထုတို

“ဒေါက်တာအားလူးမုန့်လုံးစက္ကူကပ်သည် သူ့စစ်တမ်းမူကြမ်းကို အချောသတ် လိုက်၏။ ထိုအချိန်ကျမှ သူမေ့လျော့နေတာကို အမှတ်ရတော့သည်။ သူ့စာမူကို စာပေစီစစ်ရေးတင်ရပေလိမ့်မည်။ သွားပြီ ….။ သူရေးထားသမျှ သူကြိုးစားထားသမျှ တော့ သဲထဲရေသွန်ဖြစ်ကုန်ပြီ။”   လမသာ ဆက်ရက်တောင်ပံကျိုး၊ ညအမှောင် သူဝင်တိုး …. တရေးနိုး၊ အလင်းမဲ့၊ လူ     စဉ်းစားခဲ့သည့်အကြိမ်ပေါင်းကလည်း မနည်းတော့ပြီ။ အဖြေထုတ်ရင်း အဖြေ ကို ရှာမတွေ့ခဲ့တဲ့အဖြစ်။ လူအချို့နှင့် ဆွေးနွေးတိုင်ပင်ကြည့်ခဲ့တာလည်း အကြိမ် ပေါင်း မရေမတွက်နိုင်ခဲ့၊ သူ့လိုပင် တခြားလူတွေလည်း အဖြေကို ကြိုးစားပမ်းစား လိုက်လံ ရှာဖွေရင်း….အမဲလိုက်ရင်း၊ အဖြေကိုမတွေ့သည့်အပြင် အဖြေအတွက် သင့်တင့် လျောက်ပတ်သည့် အစားထိုးနိယာမ (တနည်း) ယထာဘူတကျ နည်း သစ်နိဿယတခုက ထပ်မံတိုးလာခဲ့သည်သာချည့်။ ထိုနိ၏ယကို ခြေရာ […]

ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း (မောင်ရင်ငတေ)

Posted on Posted in လူမှုရှုခင်း

      ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း     ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း                ပြီးခဲ့တဲ့တပတ်က ဟိုရေးဒီရေး ဟိုဖတ်ဒီဖတ်လုပ်နေရာကနေ အရင် လေးငါးခြောက်နှစ်က စတင် ပြီး ကွန်ပြူတာဖန်သားပြင်ပေါ်မှာ အတိုအစပေါက်တတ် ကရ ရေးထားခြစ်ထားတာတွေကို ပြန်ရှာ ရင်းဖွေရင်းနဲ့ အတိုအစတခုကို ပြန်ပြီးဖတ်မိပါတယ်၊ ၂၀၁၁ စက်တင်ဘာလပိုင်းလောက်က Face- book စာမျက်နှာများမှာ အဲဒီအချိန်က Ma Lynn က စတင်ဖွဲ့စည်းခဲ့တဲ့ ၇၀၊ ၈၀၊ ၉၀ ခုနှစ် သီချင်း သည်များအုပ်စုမှာ ရေးတင်ခဲ့မိတဲ့ ခင်ဝမ်းနှင့်ထိတွေ့ခြင်းဆိုတာကိုပါ။ အဲဒါကို ပြန်ဖတ်မိခဲ့ပြီးနောက် ၇၀၊ ၈၀၊ ၉၀ ခုနှစ်သီချင်းသည်များရဲ့ စာမျက်နှာတွေမှာ ပြန်ရှာတာ ရှာလို့မရတော့ပါဘူး၊ အဲဒါနဲ့အဲဒီစာတွေကို နည်းနည်းပါး ပါး ပြင်စရာရှိတာပြင်ပြီး […]

အောင်ဘညို ၊ သော်ဇင်အုန်း၊ မောင်သော်တာတို့ ကဗျာများ

Posted on Posted in ကဗျာ

  စပ်မိစပ်ရာ ၂၀၁၃ ဘာလုပ်ရမှာလဲ ကျီးနဲ့ဘုတ် ရေးတဲ့စာအုပ် ထုတ်ပြီး လွှင့်ပစ်လိုက်။ ထမင်းစားတာလည်း နိုင်ငံရေးပဲ အိမ်ရှင်မတွေ ဈေးဖိုးမလောက်လို့ ဆဲရေးတာလည်း နိုင်ငံရေးပဲ ဆိုက္ကားသမား ဘီးပေါက်တာလည်း နိုင်ငံရေးပဲ ပဲပြုတ်သည် ခလုပ်တိုက်တာလည်း နိုင်ငံရေးပါပဲ။ ဘာတွေ လာရောင်းနေတာလဲ မင်းအရေးအသားက သွေးဆုံးကိုင်လို့။ ဟိုလူကြီး မကြီးမငယ်နဲ့ ခြံစည်းရိုးဘေး ကင်းမြီးကောက်ထောင်လို့ မစင်တွင်းထဲ စောက်ထိုးကျွမ်းပြန် ကျသွားဦးမယ်။ ဒီလောကမှာ နှာဘူးတွေ ဂန်ဒူးတွေ သာကူးတွေ ကွန်တိန်နာနဲ့ အပြည့်။ တော်ပြီ မီးမွှေးတော့ ပလိုင်းထဲက ဖားတွေ အနံ့ထွက်နေပြီ။ အောင်ဘညို -အမှတ် -၂- ဒီဇင်ဘာ၊ ၂၀၁၃ ကဗျာမဂ္ဂဇင်းပါ ဤကဗျာသည် ၂၀၁၃ ခုနှစ်အတွက် ရွှေဘိုပန်းခေတ်ပေါ် ကဗျာစာပေဆုရရှိ။ ……………………. မြို့သစ် […]

သူစိမ်းဆန်ဆန် ရန်ကုန်မင်းသားကြီးရဲ့နောက်ဆက်တွဲ … (မောင်ရင်ငတေ)

Posted on 1 CommentPosted in သူ့ဘဝ၊သူ့ရှုခင်း

” ..BEYOND RANGOON ဆိုတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ခံ ရုပ်ရှင် ဇာတ်ကားနဲ့ကျော်ကြားလူသိများခဲ့တဲ့သူတဦးဖြစ်ခဲ့လို့ ရန်ကုန်မင်းသားကြီးလို့ တင်စား ပြီးခေါ်လိုက်ရခြင်းဖြစ်ပါတယ်။…”     သူစိမ်းဆန်ဆန်ရန်ကုန်မင်းသားကြီးရဲ့ နောက်ဆက်တွဲသမိုင်းကြောင်း   ပြီးခဲ့တဲ့ရက်သတ္တပတ်ကရန်ကုန်မင်းသားကြီးဦးအောင်ကိုဟာ သူ့ရဲ့ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ဓာတ်ပုံနှစ်ပုံတင်ခဲ့ပါတယ်၊ သူငယ်စဉ် ဘဝရဲ့ပုံရိပ်နှစ်ပုံပါ၊ ပုံတွေက ရှားပါးပုံဖြစ်သလို ပိုပြီးရှားပါး တာက ဘောလုံးသမား ဝတ်စုံနဲ့ပါ။ ဘောလုံးသမားမှ ဂိုးသမားဝတ်စုံပါ။ အဲဒီပုံတွေကိုမြင်တွေ့ရပြီး အရင်ရေးခဲ့ဖူးတဲ့ မင်းသားကြီးရဲ့ အကြောင်းနဲ့ပေါင်းစပ်ပြီး ဒီစာကို ရေးမိပါတယ်၊ (https://www.facebook.com/aung.ko.16/posts/740514369340528) မင်းသားကြီးနဲ့ မောင်ရင်ငတေ အမြဲလိုလို သောက်ရင်း စားရင်း တောအကြောင်းတောင် အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ပါတယ်။ မင်းသားကြီးကပြောတာများတာပါ၊ မောင်ရင်ငတေက နားထောင်ရုံ မှတ်သားရုံ တခါတရံ ဆရာကြီး ဝင်လုပ်ရုံပါ။ အဲဒီမှာ မင်းသားကြီးပြောပြလေ့ရှိတာ ငယ်စဉ်ဘဝအကြောင်း နှစ်ခုပါ။ […]

တယ်​လီဖိုးဘီးယား (မင်းနဒီခ)

Posted on Posted in ကဗျာ

” ငါ အားပါးတရ ရယ်​​မော။ တယ်​လီဖုန်း​လေးက ပြန်​ရယ်​​မော။ တယ်​လီဖုန်း​လေးနဲ့ ငါနဲ့ ပြန်​ချစ်​ကြ။ တယောက်​ကို တယောက်​ ဖက်​လိုက်​ကြ။ အခု ကြမ်း ပြင်​​ပေါ်က ငါတကယ်​ထလိုက်​ပြီး။ တယ်​လီဖုန်းမြည်​သံကို ငါနားစွင့်​​။ “   တယ်​လီဖိုးဘီးယား တယ်​လီဖုန်းမြည်​သံကို ငါနားစွင့်​​။ တယ်​လီဖုန်းဟာ အခုအချိန်​ထိ အသံမမြည်​။ အသံများပိတ်​ထားမိသလားလို့ ငါပြန်​စစ်​​ဆေး။ လုပ်​​ဆောင်​ချက်​အားလုံး မှန်​ကန်​​ကြောင်း ခလုပ်​နှိပ်​။ ငါ ပြန်​နားစွင့်။ မကြာခင်​ တယ်​လီဖုန်းမြည်​သံကို ငါကြားရလိမ့်​။ ငါ​စောင့်​ဆိုင်း။ ငါဟာ တိုင်​ကပ်​နာရီကို မကြာခဏ ​မော့ကြည့်​။ နာရီလက်​တံရပ်​နေတာကို ​တွေ့ရ။ ဘယ်​အချိန်​ရှိပြီ ငါမသိရ။ တယ်​လီဖုန်း​က နာရီကို ငါသတိမရ။ တယ်​လီဖုန်းမြည်​သံ ငါနားစွင့်​​နေတုန်း။ လိုင်း​တွေ မကြာခဏပြတ်​​တောက်​​​နေတာ ငါဖတ်​ရ။ တယ်​လီဖုန်းသံ ဘယ်​လိုမြည်​မြည်​။ […]