အရေးပေါ်ခန်း နဲ့ လူနာစောင့် (ကိုသားကြီး)

Posted on Posted in ကဗျာ, ရသရှုခင်း

အရေးပေါ်ခန်း (ကိုသားကြီး) အသက်ရှင် ခဲ့တာချင်း တူရင်တောင် တည့်မတ်စွာ ပိနေ တဲ့ဝန် ဟာ ရလဒ် မတူတဲ့ လေးလံမှုထဲ မျှော်လင့်ချက်က မြို့ပြ မနက်ခင်းလို သောကတွေသာ ခုံးထ လာ ပုံ တေးဆိုငှက်သံ မပါဘူး။ ကြေကွဲ ခြင်းအဆိပ်တက်တုန်း အိပ်ရေးပျက် လမ်းကို မကျော်နိုင်တော့ ကြယ်တစ်ခင်းက ရူးလို့အောင့် ရုံ့  ဆေးရုံ နံ့ ဟာ ပေးခြင်း ယူခြင်း လက်များပေါ် သဘောနှစ်ခွ ထွက်တဲ့ တရား ပျော်ရွှင် လွန်းလို့ လျှောက်လာတဲ့လမ်းမဟုတ် တော့ အများက ဆိုခဲစေ မြဲစေ၊ လတ်ဆတ်လေ နဲ့ ပေါင်းသင်းခဲ့ဖူးတဲ့ အဆုတ်ဟာ ငွေပေးငှားနေအခန်းများရဲ့ ညကို ရေရောအန်ချပစ်တယ် ဒီမျက်ဝန်းတွေ က […]

အဓိပ္ပါယ်သစ်ခြင်းအမှတ်အသား (ခက်ဦး)

Posted on Posted in ကဗျာ, ရသရှုခင်း

အဓိပ္ပါယ်သစ်ခြင်းအမှတ်အသား (ခက်ဦး) နီမလား ဝါမလား ပြာမလား၊နက်မလား အစိမ်း၊ လိမ္မော်၊ ခရမ်း ကွဲပြားကြစေစမ်း။ ဘယ်နိယာမနဲ့မှ လာမတိုင်းတာနဲ့ ဘယ်ပုံရိပ်နဲ့မှ လာဘာသာမပြန်နဲ့ မင်း၊ ငါ ၊သူ ၊ အယူမကွဲ လက်ဝဲရင်ဘတ်ညီညီ ကြက်ခြေအမှတ်ကိုယ်စီ တွယ်ချိတ်တွေတွဲလို့သီလို့ အဓမ္မဘုံရန်သူကိုမလိုလားကြောင်း ကြိမ်းမောင်းလိုက်ကြတဲ့အသံ ညံနေသော်လည်း တစ်သားတည်းသာဖြစ်လေရဲ့။ ခက်ဦး

ငါတို့ခေတ် (အောင်ကျော်သွင်)

Posted on Posted in ကဗျာ

ငါတို့ခေတ် (အောင်ကျော်သွင်) တရုန်းရုန်းနဲ့ဆူညံနေတဲ့ခေတ် လူချစ်တရားတွေကပျောက်ဆုံးလို့ တစစ်စစ်နဲ့ နာကျင်နေသူတွေ ထစ်ကနဲရှိမီးကပျက်ပြီ။ ချစ်တဲ့သူနဲ့ ပေါင်းသင်းဖို့အရေး ငယ်မွေးခြံပေါက်ဗုံးငုတ်တွေ အမြင့်ခုန်အလျှားခုန် ငြိမ်းချမ်းရေးအတွက်တိုက်ပွဲ တစ်နေ့စာအတွက် ဝီရိယစိုက်ထုတ် ခြေလှမ်းမှားလိုက်တာနဲ့ အရင်းပြုတ်ဖို့က သေချာနေတဲ့ခေတ်။ ဒီနေ့ဈေးရောင်းမယ် နောက်ရက်စာ အူမ တောင့်ဖို့ ချွေးနှီးစာလေးတွေနဲ့ အခန့်မသင့်ရင်သွေးသံရွှဲရွှဲ လမ်းပ်ါမှာအော်ဟစ်ရဲပါမှ နောက်မျိုးဆက်တွေနေစရာရှိမယ့်ခေတ်။ အိမ်က ဟာကြီးကတော့ တဗျစ်တောက်တောက်နဲ့လုပ်ပြန်ပြီ ယုံကြည်ချက်တော်လှန်ရေးသမား လမ်းပေါ်ထွက်.. ထွက်ပြန်ပြီ အိမ်ထဲနေပြန်တော့ ထုပ်တန်းက ခေါင်းနဲ့မလွတ်ဘူး။ တော်သလိုနေလို့မရတော့တဲ့ခေတ် အိမ်သူနဲ့ချစ်တုံ့ဖလှယ်နေလို့မရတော့တဲ့ ခေတ် သေနတ်ပစ်ရင်တော့ ဒါဟာစစ်ဖြစ်နေတာပဲပေါ့ မတရားတဲ့စစ် လက်ဗလာနဲ့ခုခံနေရတဲ့ခေတ် ချက်ကောင်းမှန်အောင်ရွေးပစ်နေတဲ့စနစ်။ ဒီခေတ်မှာဒီစနစ်တွေ ချုပ်ငြိမ်းပါတော့ ။ ။ အောင်ကျော်သွင်

Artist Wunna Zaw’s solo Show

Posted on Posted in ယဉ်ကျေးမှုရှုခင်း, သတင်း ရှုခင်း, မြန်မာသတင်း

မြန်မာ ပန်းချီဆရာ  ဝဏ္ဏဇော် ရဲ့ တကိုယ်တော်ပြပွဲဖြစ်တဲ့  From SKETCH to IMPRESSION ကို ထိုင်းနိုင်ငံမဲဆောက်  မြို့ Borderline Art Gallery မှာ စက်တင်ဘာလ(၃) ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိပြသသွားမယ်လို့ သိရပါတယ်။ ဝဏ္ဏဇော် ရဲ့ ဆယ်စုနှစ် အနုပညာ လို့အမည်ပေးထားတဲ့ အဲဒီပန်းချီ ပြပွဲမှာ SKETCH ပုံကြမ်း ၃၀ ကျော် နဲ့ ပန်းချီကား ၁၀ ကားကျော်ကို ပြသထားမှာဖြစ်ပါတယ်။  

ေ ပါ က်ေ ခါ င်း (မင်းညွှန့်လှိုင်)

Posted on Posted in ကဗျာ

ေ ပါ က်ေ ခါ င်း (မင်းညွှန့်လှိုင်) ————– မြို့အဝင်က မြို့နာမည်သရုပ်ဖော်ပြကွက်လား ။ တောင်ဇင်းဝတဲ့ တောင်ကိုထွင်းဖောက် ဂူပေါက်ဝနဲ့ ပေါက်ခေါင်းမြို့ကကြိုဆိုပုံ ။ ဒီကိုရောက်တိုင်း ကျောပေါက်တစ္ဆေခြောက်လှန့်တယ် ။ ဖက်ဆစ်ဘီလူးစီးနင်း ငရဲမီးလောင်စားခြင်းရဲ့ သက်သေဒဏ်ရာ မြို့ခန္ဓာပေါ်က ထင်ရှားတဲ့အမှတ်အသား ။ ရာဇဝင်ရေးဝေဒနာနဲ့ လွမ်းမောရပါတဲ့ခရီးသည် မြို့လယ်ရောက်မှ ရင်အေးရပေါ့ကွယ် ။ ရွှေအဆင်းနဲ့ ဝင်းပတောက်ပြောင် တို့အမျိုးသားခေါင်းဆောင်လေ ဖက်ဆစ်ကိုခုတ်တဲ့ဓားနဲ့ မားမားမတ်မတ်စောင့်ကြပ်နေလေရဲ့ ။ သေချာတယ် ဒီမြို့လေးရဲ့ပုံရိပ်လွှာ ဘယ်သောအခါမှ အပ်ဖျားတစ်ထောက်စာသော်မျှ မပေါက်မပြဲစေရ ။ ။ မင်းညွန့်လှိုင်

ပိုးဖလံများ (ကိုသားကြီး)

Posted on Posted in ကဗျာ

ပိုး ဖလံများ (ကိုသားကြီး) စာရင်း သေ တွေသာ သား ပေါက်လာခဲ့ ဘဝ မှာ အိုးပိုင် အိမ်ပိုင် မရှိ သေး တော့ မြစ်တွေ တောင်တန်းတွေ နဲ့ မိုးတိမ်တွေ စက္ကန့် မလပ် အမေ့လျော့ခံ ဖြစ်နေရ ။ ရွေ့လျားမှုထဲ အတ္တတွေ သက်တမ်းတိုးထားသလို နံပါတ်ပြား အသစ်ကို တပ်လို့ အသားစား မြို့ပြထဲ လှိမ့်ဝင်လာ ။ ဗြဟ္မစိုရ် တရား ရှိတဲ့ ဝရံတားလေး အသေပိတ်လိုက်တဲ့ ည မီးထဲ တိုးဝင်ဖို့ အားကုန်ဖြန့် အတောင်များ သွေး နဲ့ တဖျပ်ဖျပ် ။ ။ ကိုသားကြီး

နာရေး (ရန်လင်းအောင်)

Posted on Posted in ကဗျာ

နာရေး (ရန်လင်းအောင်) ငါ့ အဖွား မှာစရာတွေ အများကြီးနဲ့ ငြိမ်သက်သွားပြီ ။ ငါ့  အဖွား ပြောစရာတွေ အများကြီးနဲ့ တိတ်ဆိတ်သွားပါပြီ ။ ငါ့ ကို အမြဲလက်ယပ်ခေါ်တတ်သူ ငါ့ ကို သူ့လက်ပေါ်မှာပဲ ကြီးပြင်းစေခဲ့သူ ငါ့ ကို သူ့လက်ထဲ နွေးထွေးစေခဲ့သူ အခု…၊ ငါ့ ကို လက်ပြနူတ်ဆက်သွားပါပြီ ။ ငါ့  ငယ်ဘဝ ရဲ့ အလင်းဖွဲ့ကမ်းခြေ ငါ့ ငယ်ဘဝ ရဲ့ အာဟာရဗေဒ ငါ့ ငယ်ဘဝ ရဲ့ပုံပြင်စာအုပ် ငါ့  ငယ်ဘဝ ရဲ့ သမိုင်းဖတ်စာ အင်္ဂလိပ်ခေတ်၊ ဂျပန့်ခေတ် ကရင့်ခေတ် ၊ ကွန်မြူနစ်ခေတ် စသဖြင့်… တောပြေး၊ […]

တခန်းမှ မရပ်သေးတဲ့ ပြဇာတ် (ကိုသားကြီး)

Posted on Posted in ကဗျာ

တခန်းမှ မရပ်သေးတဲ့ ပြဇာတ် ဇာတ်အိမ် က လမ်းကို ကျောရိုးပြုတဲ့ ဆက်တင်နဲ့ အမှန်တရားတွေ ဖြတ်မောင်းနေတာ စိတ် အချင်းချင်း မီး ထိုးပြထား ကြ တမိထဲ သားတွေလို ချစ်လို့ ။ ရှိုက်ဖွာ လိုက်တဲ့ စာနာမှုက လေ ထဲ မှာ စွန့်လွှတ်ခြင်းနဲ့ မွှေးပျံ့ ရဲရင့်တဲ့ မေတ္တာ ဟာ ပိတ်ပင်တားဆီးခြင်းမှာ အပြုံး မပျက်စေ နိုင်ကြောင်း သိတယ် ။ တိမ်နဲ့ ငြိတဲ့ လရောင်မှာ စိုထိုင်းစ နည်းတဲ့ ဥတု လို နွေဦးလေထဲ လွင့်ပျံ့လာမယ့် သီချင်းတွေ က တောက် ခတ်သံ ပီပီသသ ပျော်ရာမှာမနေ ရ မတော်ရာမှာနေ နေရ တွန်းရွှေ့လိုက်တဲ့ […]

အပူမီးဆို့ ဂြိုလ်ပြာ (ခက်ဦး)

Posted on Posted in ကဗျာ

အပူမီးဆို့ ဂြိုလ်ပြာ (ခက်ဦး) ညှိုးချုံး သွေ့ခြောက် နွမ်းလျ အဇ္ဈတ္တတွေ ထုထည်လိုက်ကြမ်းရှလို့ ကမ္ဘာကြီး မချမ်းမြနိုင်တော့ ။ မိုးစက်လို မျိုးဆက်ရယ်သံသစ်တွေ တရွှဲတနစ် ဆင့်တိုးဆကဲ ရွာချပစ်တောင် အမြစ်နု အရွက်ချို ပွင့်သစ်မွှေးမွှေးတွေ တကျော့ပြန် စိမ်းစိုအေးဖို့ ခက်ချေသေးပြီ ။ ခက်ဦး ၂၂ . ၄ . ၂၀၁၅

အလိုမတူတဲ့ ဆက်တင် (မင်းညွှန့်လှိုင်)

Posted on Posted in ကဗျာ

အလိုမတူတဲ့ ဆက်တင် (မင်းညွှန့်လှိုင်) ဒီထူးဆန်းတဲ့တင်းကုပ် သူ့အလိုလိုရွေ့နေ ဒီစက်ဆုပ်ဖွယ်သက်တောင့်သက်သာဖြစ်မှု မသက်မသာကြီးကိုဖြစ်လို့ ပြူထွက်နေတဲ့ဦးခေါင်းရှည်နဲ့ လေအစိမ်းကိုပွတ်သပ်ကြည့်ရင်း ပြူးကျယ်နေတဲ့မျက်လုံးများနဲ့ ခရီးစိမ်းကိုငေးကြောင်ကြည့်ရင်း ငြိမ်နေတဲ့အသက်ဓာတ်နဲ့နွားတွေလေ အမှောင်ထုရဲ့ဆွဲစုပ်ယူရာ မိုးတိုးမတ်တပ်ကြီးတိုးဝင်နေတော့တယ် ။ ။ မင်းညွန့်လှိုင်