ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း (မောင်ရင်ငတေ)

Posted Posted in လူမှုရှုခင်း

      ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း     ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း                ပြီးခဲ့တဲ့တပတ်က ဟိုရေးဒီရေး ဟိုဖတ်ဒီဖတ်လုပ်နေရာကနေ အရင် လေးငါးခြောက်နှစ်က စတင် ပြီး ကွန်ပြူတာဖန်သားပြင်ပေါ်မှာ အတိုအစပေါက်တတ် ကရ ရေးထားခြစ်ထားတာတွေကို ပြန်ရှာ ရင်းဖွေရင်းနဲ့ အတိုအစတခုကို ပြန်ပြီးဖတ်မိပါတယ်၊ ၂၀၁၁ စက်တင်ဘာလပိုင်းလောက်က Face- book စာမျက်နှာများမှာ အဲဒီအချိန်က Ma Lynn က စတင်ဖွဲ့စည်းခဲ့တဲ့ ၇၀၊ ၈၀၊ ၉၀ ခုနှစ် သီချင်း သည်များအုပ်စုမှာ ရေးတင်ခဲ့မိတဲ့ ခင်ဝမ်းနှင့်ထိတွေ့ခြင်းဆိုတာကိုပါ။ အဲဒါကို ပြန်ဖတ်မိခဲ့ပြီးနောက် ၇၀၊ ၈၀၊ ၉၀ ခုနှစ်သီချင်းသည်များရဲ့ စာမျက်နှာတွေမှာ ပြန်ရှာတာ ရှာလို့မရတော့ပါဘူး၊ အဲဒါနဲ့အဲဒီစာတွေကို နည်းနည်းပါး ပါး ပြင်စရာရှိတာပြင်ပြီး […]

သူစိမ်းဆန်ဆန် ရန်ကုန်မင်းသားကြီးရဲ့နောက်ဆက်တွဲ … (မောင်ရင်ငတေ)

Posted 1 CommentPosted in သူ့ဘဝ၊သူ့ရှုခင်း

” ..BEYOND RANGOON ဆိုတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ခံ ရုပ်ရှင် ဇာတ်ကားနဲ့ကျော်ကြားလူသိများခဲ့တဲ့သူတဦးဖြစ်ခဲ့လို့ ရန်ကုန်မင်းသားကြီးလို့ တင်စား ပြီးခေါ်လိုက်ရခြင်းဖြစ်ပါတယ်။…”     သူစိမ်းဆန်ဆန်ရန်ကုန်မင်းသားကြီးရဲ့ နောက်ဆက်တွဲသမိုင်းကြောင်း   ပြီးခဲ့တဲ့ရက်သတ္တပတ်ကရန်ကုန်မင်းသားကြီးဦးအောင်ကိုဟာ သူ့ရဲ့ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ဓာတ်ပုံနှစ်ပုံတင်ခဲ့ပါတယ်၊ သူငယ်စဉ် ဘဝရဲ့ပုံရိပ်နှစ်ပုံပါ၊ ပုံတွေက ရှားပါးပုံဖြစ်သလို ပိုပြီးရှားပါး တာက ဘောလုံးသမား ဝတ်စုံနဲ့ပါ။ ဘောလုံးသမားမှ ဂိုးသမားဝတ်စုံပါ။ အဲဒီပုံတွေကိုမြင်တွေ့ရပြီး အရင်ရေးခဲ့ဖူးတဲ့ မင်းသားကြီးရဲ့ အကြောင်းနဲ့ပေါင်းစပ်ပြီး ဒီစာကို ရေးမိပါတယ်၊ (https://www.facebook.com/aung.ko.16/posts/740514369340528) မင်းသားကြီးနဲ့ မောင်ရင်ငတေ အမြဲလိုလို သောက်ရင်း စားရင်း တောအကြောင်းတောင် အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ပါတယ်။ မင်းသားကြီးကပြောတာများတာပါ၊ မောင်ရင်ငတေက နားထောင်ရုံ မှတ်သားရုံ တခါတရံ ဆရာကြီး ဝင်လုပ်ရုံပါ။ အဲဒီမှာ မင်းသားကြီးပြောပြလေ့ရှိတာ ငယ်စဉ်ဘဝအကြောင်း နှစ်ခုပါ။ […]

ကလေးပန်းချီ (Oh Ba, Age-10)

Posted Posted in ကလေးပန်းချီ

  ကလေးပန်းချီကဏ္ဍ     အမည် – Oh Ba  အသက် – ၁၀ နှစ်  အတန်း – ၆ တန်း   ကျာ င်း – Hamilton East School   ထိုင်း- မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းမှ နယူးဇီလန်နိုင်ငံ ဟယ်မီတန်မြို့သို့ ၂၀၁၃ ခုတွင်ရောက်ရှိ။           ကလေးများပန်းချီကဏ္ဍ ကလေးများပန်းချီကဏ္ဍတွင် မြန်မာနိုင်ငံသားမိဘများမှမွေးဖွားသော ကလေးများ၏ (အသက် -၁၈ နှစ်အောက်) ကိုယ်တိုင်ရေးဆွဲထားသော ပန်းချီများကို ပေးပို့နိုင်ပါသည်။ အမည်၊ အသက်၊ အတန်း နေရပ်လိပ်စာတို့နှင့်တကွ မိဘများ၏ခွင့်ပြုချက်ပါ ဖော်ပြပေးရပါမည်။ ရှုခင်းသစ်

မြန်မာပြည်မှ ဗီဇစွမ်းရည်

Posted Posted in လူမှုရှုခင်း, သူ့ဘဝ၊သူ့ရှုခင်း

မြန်မာပြည်မှ ဗီဇစွမ်းရည် ပိုရီရူးဝ ဆင်ခြေဖုံးဒေသ၊ ဥယျာဉ်ခြံထဲက အဆောက်အဦးငယ်လေးထဲ မှာ တည်ဆောက်ထားတဲ့  ကိုတင်အောင်ရဲ့ ပန်းပု စတူဒီယို ခန်းထဲက စင်ပေါ်မှာ အနုစိတ် ထုလုပ်ထားတဲ့ ပန်းပုရုပ်ကလေးများ တန်းစီလျက်ရှိနေပါတယ် ။ ဧည့်ခန်းမ အလယ်တွင် မတော့ ဆင်ရုပ်ကြီးကြီးတရုပ်ကို ဂုဏ်ယူဝင့် `ကြွားစွာ တွေ့လိုက်ရ ပါတယ် ။ တဲရီတို (Te Rito) မှာရှိတဲ့ လူမှုဖွံ့ဖြိုးရေး ဥယျာဉ်ထဲမှာတော့ မုဒ်ဦးပုံ၊ သက်ရင့်သစ်ပင်ကချိုင်ယူ ထားတဲ့ သစ်တုံးမှာထုဆစ်ထားတဲ့ ကာကာပို ငှက် (Kakapo) အပါအဝင်  သူရဲ့ပန်းပု အနုစိတ်လက်ရာတွေက အင်မတန် ဆွဲဆောင်မှုရှိပြီး မျက်စေ့လွဲလို့မရတဲ့ လက်ရာတွေဆိုတာ သက်သေပြနေပါတယ်။ ထိုင်းနိုင်ငံနဲ့ အမိမြန်မာ နိုင်ငံမှာ ပန်းပုပညာနဲ့ပတ်သက်ပြီး နှစ်ပေါင်း (၂၀) ကျော် […]

အခုရှုပ်မှနောင်ရှင်း (သရ၀ဏ် -ပြည်)

Posted 1 CommentPosted in သမိုင်းရေစီး, သူ့ဘဝ၊သူ့ရှုခင်း

“…. ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ ပင်စင်လစာမှာ တစ်လလျှင် ကျပ် သိန်း(၁၀၀)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) မှာ တစ်လလျှင် ကျပ်သိန်း (၈၀) ခံစားခွင့် ရှိသည်ဟု ဆို၏။ ၂၀၀၈- ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံး တွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံဥပဒေ အရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျှင် သိန်း(၅၀) ပဲရနေပါလျက် ….”   အခုရှုပ်မှနောင်ရှင်း သရ၀ဏ်(ပြည်)   ကျွန်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲသို့ ၀င်တော့မည်။ ဘယ်သူတွေ ဘာထင်ထင် ကျွန်တော်ဝင်မည်။ ဒီခေတ်မှာနိုင်ငံရေး […]

ကျနော်ပြည်ကျော် ပြည်တော်ပြန်ခဲ့ …(ဟိန်းနိုင်-မန္တလေး)

Posted Posted in သတင်း ရှုခင်း, သူ့ဘဝ၊သူ့ရှုခင်း

“ငယ်ပေါင်း ပြောမနာဆိုမနာ တစ်ယောက် ပြောလိုက်တဲ့ “ ဟေ့ကောင် .. ဒီအစိုးရပေးတဲ့ ဒီမိုကရေစီက လောလောဆယ် တော့ မင်းလို ပြည်ပရောက်က တိုင်းပြည်ပြန်လာခွင့် ခံစားလိုက်ရတာတွေကတော့ လက်တွေ့ပဲ၊ ငါတို့လိုဆင်းရဲသားပညာမတတ်တဲ့ ပြည်သူတွေကတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲ မလာသေး ပါဘူးကွာ ” ဆိုတဲ့ အသံကိုလည်း ကြားခဲ့ရပါတယ် …”   ကျနော်ပြည်ကျော် ပြည်တော်ပြန်ခဲ့ … နွေဦးရာသီလို့ခေါ်မရသေးတဲ့ ဇန်နဝါရီလထဲ ကမန္တလေးမြို့ကြီးရဲ့မွန်းလွဲစံတော်ချိန် သုးံနာရီဟာ ကျနော့်ကိုနွေးနွေးထွေးထွေး နဲ့ ကြိုဆို လိုက်တာကို ဥပေက္ခာမပြုနိုင်တဲ့ ကျနော်ဟာ ကိုယ်ပေါ်က အနွေးထည်တွေကိုချွတ်ပစ်ပြီး၊ လက်စက စွတ်ကျယ်ဝတ်နဲ့ နေခဲ့ရတယ်။ အနှစ်နှစ်ဆယ်လောက် အဝင်အထွက်လုပ်ခွင့် မရတဲ့ မွေးရပ်ချက်ကြွေဒေသကို၂၀၁၄-အဝင်ရောက်တော့ ဇာတိအလွမ်းဇောတွေကြောင့် ကိုယ့်တိုင်းပြည်ကို ပြန်ခဲ့တဲ့ကျနော့်အတွက်၊ ရင်ခုန်မှုတွေနဲ့ အတွေးတွေပေါင်းစပ်လှုပ်ရှားနေတဲ့ […]

ကျမတို့နေတဲ့ရွာကလေး (၀င်းသန္တာဘို)

Posted Posted in ကလေးပန်းချီ

အမည်- မ၀င်းသန္တာဘို အသက် – ၁၃ နှစ် နေရပ် – နိုဖို့ဒုက္ခသည်စခန်း၊ ထိုင်းနိုင်ငံ   ဖော်ပြပါ ပန်းချီကိုရေးဆွဲသူသည် ယခုအခါ သြစတြေလျနိုင်ငံသို့ပြောင်းရွှေ့အခြေချနေထိုင်ခွင့်ရရှိပြီဖြစ်သည်။ ရှုခင်းသစ်      

ကလေးတို့ရဲ့ကမ္ဘာ

Posted Posted in ကလေးရှုခင်း

ကလေးတို့ရဲ့ကမ္ဘာ ဒီကဏ္ဍလေးက ကလေးငယ်တွေရဲ့ကမ္ဘာကို လှစ်ဟပြချင်တာသက်သက်ပါ။ သူတို့ရဲ့အိပ်မက်စိတ်ကူး ဖူးဖူးနုနုလေးတွေကို ဥပေက္ခာမပြုဘဲသတိကြည့်မိတဲ့အခါ သိင်္ဂါရလိပ်ပြာလေးတွေ တောင်ပံတဖျတ်ဖျတ်ခတ် ပျံသန်းနေပုံမျိုး လတ်ဆတ်စိမ်းစိုမြူးကြွလို့။ အခု ဒီနေ့တင်ဆက်တဲ့ကဏ္ဍလေးမှာ နယူးဇီလန်ဆိုတဲ့ကျွန်းနိုင်ငံငယ်လေးကို ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုကနေ မကြာခင်ကမှ လာရောက်အခြေချနေထိုင်ခွင့်ရကြတဲ့ အသက် ၁၁ နှစ်အရွယ်မြန်မာကလေးငယ်နှစ်ယောက်က သူတို့ဘ၀ သူတို့လက်လှမ်းမီရာလေးတွေနဲ့ Anna Kendrick ရဲ့ “When I’m Gone” ဆိုတဲ့ Cups  song ကို အပျော်တမ်းသီဆိုနေကြပုံလေး ကြည်နူးဖွယ်မြင်ကြရမှာပါ။ မူရင်း –http://www.youtube.com/watch?v=cmSbXsFE3l8 ဒီကဏ္ဍကို မည်သည့်မြန်မာနိုင်ငံသားကလေးများမဆို သူတို့ထက်သန်ရာ နယ်ပယ်တွေအလိုက် ပါဝင် ပေးပို့နိုင်ကြပါတယ်။ ပါဝင်ဖို့လဲ ရှုခင်းသစ် “ကလေးတို့ကမ္ဘာ”ကဏ္ဍက ဖိတ်ခေါ်ကြိုဆိုနေကြောင်းပါ။ ရှုခင်းသစ်  

ပဲခူး UG Rapper လူငယ်လေးများ

Posted 1 CommentPosted in လူငယ့်ရှုခင်း

  ပဲခူးသားတွေထဲမှာ ကျနော်တို့ရဲ့ Hip Hop အရင်ဆုံးဖြစ်လိမ့်မယ်ထင်တယ်လို့ သူတို့ကိုသူတို့ယုံကြည်ထားတဲ့  UG Rapper လူငယ်လေးများ။ ၂၀၁၃ ဒီဇင်ဘာမှာ သူတို့ချင်း တနေရာဆီကနေ Online ပေါ်မှာ ဆုံတွေ့ခဲ့ကြ။ အဖွဲ့ခေါင်းဆောင်ဆိုတာမရှိ၊ အတွေးအခေါ် အကြံဉာဏ်ချင်းသာ အွန်လိုင်းပေါ်မှာအပြန်အလှန်ဖလှယ်ခဲ့ကြပြီး တယောက်ကိုတယောက်နားလည်မှုနဲ့ ရပ်တည်နေတဲ့ ပဲခူးက UG Rapper လူငယ်လေးများ။ ကိုယ်ပိုင်သီချင်းတွေကိုယ်စီနဲ့ Website တွေ Blog တွေ Facebook ရဲ့စာမျက်နှာပေါ်မှာ သူတို့ဖြတ်သန်းမှုကို သူတို့ရဲ့သူငယ်ချင်းတွေ၊ တခြားတခြားသောပရိတ်သတ်တွေရဲ့ အားပေးစကားတွေရလာခဲ့တော့ မဝံ့မရဲ သူတို့ရဲ့မျှော်လင့်ချက်လေးတွေဟာ  အရောင်တဖျတ်ဖျတ်လက်ထလာခဲ့။  မကြာခင်မှာပဲ သူတို့ Group Album ဖြစ်တဲ့ Hip Hop Party of Bago ကို Online Mixtape အနေနဲ့ဖြန့်ချိသွားနိုင်ကြတော့မှာ။ […]