သူစိမ်းဆန်ဆန် ရန်ကုန်မင်းသားကြီးရဲ့နောက်ဆက်တွဲ … (မောင်ရင်ငတေ)

Posted on 1 CommentPosted in သူ့ဘဝ၊သူ့ရှုခင်း

” ..BEYOND RANGOON ဆိုတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ခံ ရုပ်ရှင် ဇာတ်ကားနဲ့ကျော်ကြားလူသိများခဲ့တဲ့သူတဦးဖြစ်ခဲ့လို့ ရန်ကုန်မင်းသားကြီးလို့ တင်စား ပြီးခေါ်လိုက်ရခြင်းဖြစ်ပါတယ်။…”     သူစိမ်းဆန်ဆန်ရန်ကုန်မင်းသားကြီးရဲ့ နောက်ဆက်တွဲသမိုင်းကြောင်း   ပြီးခဲ့တဲ့ရက်သတ္တပတ်ကရန်ကုန်မင်းသားကြီးဦးအောင်ကိုဟာ သူ့ရဲ့ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ဓာတ်ပုံနှစ်ပုံတင်ခဲ့ပါတယ်၊ သူငယ်စဉ် ဘဝရဲ့ပုံရိပ်နှစ်ပုံပါ၊ ပုံတွေက ရှားပါးပုံဖြစ်သလို ပိုပြီးရှားပါး တာက ဘောလုံးသမား ဝတ်စုံနဲ့ပါ။ ဘောလုံးသမားမှ ဂိုးသမားဝတ်စုံပါ။ အဲဒီပုံတွေကိုမြင်တွေ့ရပြီး အရင်ရေးခဲ့ဖူးတဲ့ မင်းသားကြီးရဲ့ အကြောင်းနဲ့ပေါင်းစပ်ပြီး ဒီစာကို ရေးမိပါတယ်၊ (https://www.facebook.com/aung.ko.16/posts/740514369340528) မင်းသားကြီးနဲ့ မောင်ရင်ငတေ အမြဲလိုလို သောက်ရင်း စားရင်း တောအကြောင်းတောင် အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ပါတယ်။ မင်းသားကြီးကပြောတာများတာပါ၊ မောင်ရင်ငတေက နားထောင်ရုံ မှတ်သားရုံ တခါတရံ ဆရာကြီး ဝင်လုပ်ရုံပါ။ အဲဒီမှာ မင်းသားကြီးပြောပြလေ့ရှိတာ ငယ်စဉ်ဘဝအကြောင်း နှစ်ခုပါ။ […]

မြန်မာပြည်မှ ဗီဇစွမ်းရည်

Posted on Posted in လူမှုရှုခင်း, သူ့ဘဝ၊သူ့ရှုခင်း

မြန်မာပြည်မှ ဗီဇစွမ်းရည် ပိုရီရူးဝ ဆင်ခြေဖုံးဒေသ၊ ဥယျာဉ်ခြံထဲက အဆောက်အဦးငယ်လေးထဲ မှာ တည်ဆောက်ထားတဲ့  ကိုတင်အောင်ရဲ့ ပန်းပု စတူဒီယို ခန်းထဲက စင်ပေါ်မှာ အနုစိတ် ထုလုပ်ထားတဲ့ ပန်းပုရုပ်ကလေးများ တန်းစီလျက်ရှိနေပါတယ် ။ ဧည့်ခန်းမ အလယ်တွင် မတော့ ဆင်ရုပ်ကြီးကြီးတရုပ်ကို ဂုဏ်ယူဝင့် `ကြွားစွာ တွေ့လိုက်ရ ပါတယ် ။ တဲရီတို (Te Rito) မှာရှိတဲ့ လူမှုဖွံ့ဖြိုးရေး ဥယျာဉ်ထဲမှာတော့ မုဒ်ဦးပုံ၊ သက်ရင့်သစ်ပင်ကချိုင်ယူ ထားတဲ့ သစ်တုံးမှာထုဆစ်ထားတဲ့ ကာကာပို ငှက် (Kakapo) အပါအဝင်  သူရဲ့ပန်းပု အနုစိတ်လက်ရာတွေက အင်မတန် ဆွဲဆောင်မှုရှိပြီး မျက်စေ့လွဲလို့မရတဲ့ လက်ရာတွေဆိုတာ သက်သေပြနေပါတယ်။ ထိုင်းနိုင်ငံနဲ့ အမိမြန်မာ နိုင်ငံမှာ ပန်းပုပညာနဲ့ပတ်သက်ပြီး နှစ်ပေါင်း (၂၀) ကျော် […]

အခုရှုပ်မှနောင်ရှင်း (သရ၀ဏ် -ပြည်)

Posted on 1 CommentPosted in သမိုင်းရေစီး, သူ့ဘဝ၊သူ့ရှုခင်း

“…. ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ ပင်စင်လစာမှာ တစ်လလျှင် ကျပ် သိန်း(၁၀၀)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) မှာ တစ်လလျှင် ကျပ်သိန်း (၈၀) ခံစားခွင့် ရှိသည်ဟု ဆို၏။ ၂၀၀၈- ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံး တွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံဥပဒေ အရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျှင် သိန်း(၅၀) ပဲရနေပါလျက် ….”   အခုရှုပ်မှနောင်ရှင်း သရ၀ဏ်(ပြည်)   ကျွန်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲသို့ ၀င်တော့မည်။ ဘယ်သူတွေ ဘာထင်ထင် ကျွန်တော်ဝင်မည်။ ဒီခေတ်မှာနိုင်ငံရေး […]

ကျနော်ပြည်ကျော် ပြည်တော်ပြန်ခဲ့ …(ဟိန်းနိုင်-မန္တလေး)

Posted on Posted in သတင်း ရှုခင်း, သူ့ဘဝ၊သူ့ရှုခင်း

“ငယ်ပေါင်း ပြောမနာဆိုမနာ တစ်ယောက် ပြောလိုက်တဲ့ “ ဟေ့ကောင် .. ဒီအစိုးရပေးတဲ့ ဒီမိုကရေစီက လောလောဆယ် တော့ မင်းလို ပြည်ပရောက်က တိုင်းပြည်ပြန်လာခွင့် ခံစားလိုက်ရတာတွေကတော့ လက်တွေ့ပဲ၊ ငါတို့လိုဆင်းရဲသားပညာမတတ်တဲ့ ပြည်သူတွေကတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲ မလာသေး ပါဘူးကွာ ” ဆိုတဲ့ အသံကိုလည်း ကြားခဲ့ရပါတယ် …”   ကျနော်ပြည်ကျော် ပြည်တော်ပြန်ခဲ့ … နွေဦးရာသီလို့ခေါ်မရသေးတဲ့ ဇန်နဝါရီလထဲ ကမန္တလေးမြို့ကြီးရဲ့မွန်းလွဲစံတော်ချိန် သုးံနာရီဟာ ကျနော့်ကိုနွေးနွေးထွေးထွေး နဲ့ ကြိုဆို လိုက်တာကို ဥပေက္ခာမပြုနိုင်တဲ့ ကျနော်ဟာ ကိုယ်ပေါ်က အနွေးထည်တွေကိုချွတ်ပစ်ပြီး၊ လက်စက စွတ်ကျယ်ဝတ်နဲ့ နေခဲ့ရတယ်။ အနှစ်နှစ်ဆယ်လောက် အဝင်အထွက်လုပ်ခွင့် မရတဲ့ မွေးရပ်ချက်ကြွေဒေသကို၂၀၁၄-အဝင်ရောက်တော့ ဇာတိအလွမ်းဇောတွေကြောင့် ကိုယ့်တိုင်းပြည်ကို ပြန်ခဲ့တဲ့ကျနော့်အတွက်၊ ရင်ခုန်မှုတွေနဲ့ အတွေးတွေပေါင်းစပ်လှုပ်ရှားနေတဲ့ […]

သာသည့်မြေသို့ ငှက်သွင်ပျံကြွ မတတ်သော် (မြတ်စိုး-တောင်ငူ)

Posted on 1 CommentPosted in သူ့ဘဝ၊သူ့ရှုခင်း

  ကျနော်သည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတနေရာမှ တတိယနိုင်ငံတခုဆီသို့ အခြေချပြောင်းရွှေ့ခွင့်ရပြီးနောက် တနေ့သားတွင် ဘ၀တူဒုက္ခသည်မိတ်ဆွေများနှင့် အမှတ်တရ နှုတ်ဆက်ပွဲလေးတခု လုပ်ဖြစ်ခဲ့ပါသည်။ ထိုနှုတ်ဆက်ပွဲလေးသည် အမိမြေမှဝေးသထက်ဝေးရာ နေရာသို့ ထွက်ခွာရခြင်းဖြစ်သည့်အလျောက် ကျနော့်အတွက် စိတ်လှုပ်ရှား ရင်ခုန်စရာ အလွန်ကောင်းလှပါသည်။ ထိုပွဲတွင် မှတ်မှတ်ရရ ကျနော့်ရင်တွင် ကိန်းအောင်နေသည့် .ကဗျာလေးတပုဒ်ကို ရွတ်ဆို၍ အမိမြေကို ဘယ်သောအခါမှ မေ့သွားနိုင်မှာမဟုတ်ကြောင်း၊ ကိုယ့်တိုင်းကိုယ့်ပြည်ကိုသာ ပြန်လည်လွမ်းဆွတ်တမ်းတ၍ အခါအခွင့်သင့် သည်နှင့် ပြန်မည်ဖြစ်ကြောင်း အလေးအနက်ပြောဖြစ်ခဲ့သည်ကိုလည်း ပြန်လည်အမှတ်ရနေမိပါသည်။ ထိုကဗျာလေးမှာ ကဗျာဆရာမငွေတာရီရေးသားသည့် သာသည့်မြေသို့ …ကဗျာလေးဖြစ်ပါသည်။ သည်ကဗျာလေးကို၊ ၁၉၇၀ ခုနှစ် ကျနော် န၀မတန်းတက်ခဲ့စဉ်က စတင်သင်ကြားဖူးခြင်း ဖြစ်သည်။ ကျနော်တို့မြန်မာစာဆရာမက ထိုကဗျာလေးကိုသင်ပေးခဲ့ရာတွင် စနစ်တကျ ရှိလှတာကိုလည်း မှတ်မိနေပါသည်။ ကဗျာစာဆို ဆရာမငွေတာရီသည် ဥရောပနိုင်ငံ တခုသို့ […]