ကလေးတို့ရဲ့ကမ္ဘာ (ပျော်စရာသီချင်း)

Posted on Posted in ကလေးရှုခင်း

ပျော်စရာ သီးချင်းလေးဆိုမယ် ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံသားများမိသားစုများဟာ အခြေအနေအမျိုးမျိုးနောက်ခံထားပြီး ပြည်ပနိုင်ငံများမှာ အခြေချနေထိုင်လာခဲ့ကြပါတယ်။ အဲဒီလိုမိသားစုတွေထဲကကလေးတွေဟာ ဒီနေ့ခေတ် ရေပန်းစားလာတဲ့ I-pad လို၊ Samsung လို tablet လေးတွေကို ဖျော်ဖြေရေးအတွက်ရော ပညာရေးအတွက်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ မိဘတွေကလည်း အလွယ်တကူဝယ်ပေးနိုင်တဲ့အခြေအနေမျိုးလည်း ဖြစ်၊ ကလေးတွေအတွက်လည်း သူတို့နှစ်သက်ရာ ပရိုဂရမ်လေးတွေက တော်တော်များများသုံးနိုင်တာဆိုတော့ သူတို့နှလုံးဘ၀င်နဲ့ကိုက်ညီတဲ့ပရိုဂရမ်လေးတွေသုံးပြီး သူတို့ဝါသနာထုံရာလေးတွေနဲ့ပျော်မွေ့တတ်ကြပါတယ်။ ကလေးတွေ ဒီပစ္စည်းတွေအသုံးပြုမှုအပေါ်မှာ ဝေဖန်မှုအမျိုးမျိုး ရှိနေပေမယ့်လည်း အကျိုးရှိရှိသုံးကြမယ်ဆိုရင်တော့ လူငယ်တွေရဲ့`ဉာဏ်ရည်မြင့်လာမှုအတွက်လည်း တစုံတရာ အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။  ကလေးတွေသူတို့ဘာသာ ထုတ်လုပ်ထားတဲ့ ဒီ ဗွီဒီယိုကလေးဖေ့စ်ဘုတ်ပေါ်တင်ထားတာကိုမြင်ပြီး နှစ်သက်တာနဲ့ သူတို့မိဘတွေဆီခွင့်တောင်းပြီး ရှုခင်းသစ်က တင်ဆက်ထားတာပါ။ ကြည့်ရှုခံစားကြည့်ပါ။ ကြည်နူးစရာ သိင်္ဂါရရသ ခံစားရမယ်လို့မျှော်လင့်ပါတယ်။ ဒီကဏ္ဍကိုမည်သည့်နိုင်ငံမှာနေထိုင်နေတဲ့မြန်မာကလေးငယ်များမဆို ပါဝင် တင်ဆက်နိုင်တာမို့ မိဘအုပ်ထိန်းသူတွေရဲ့ခွင့်ပြုမှုနဲ့အတူ ရှုခင်းသစ်ကို ဆက်သွယ်ပေးပို့ကြဖို့ […]

သာသည့်မြေသို့ ငှက်သွင်ပျံကြွ မတတ်သော် (မြတ်စိုး-တောင်ငူ)

Posted on 1 CommentPosted in သူ့ဘဝ၊သူ့ရှုခင်း

  ကျနော်သည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတနေရာမှ တတိယနိုင်ငံတခုဆီသို့ အခြေချပြောင်းရွှေ့ခွင့်ရပြီးနောက် တနေ့သားတွင် ဘ၀တူဒုက္ခသည်မိတ်ဆွေများနှင့် အမှတ်တရ နှုတ်ဆက်ပွဲလေးတခု လုပ်ဖြစ်ခဲ့ပါသည်။ ထိုနှုတ်ဆက်ပွဲလေးသည် အမိမြေမှဝေးသထက်ဝေးရာ နေရာသို့ ထွက်ခွာရခြင်းဖြစ်သည့်အလျောက် ကျနော့်အတွက် စိတ်လှုပ်ရှား ရင်ခုန်စရာ အလွန်ကောင်းလှပါသည်။ ထိုပွဲတွင် မှတ်မှတ်ရရ ကျနော့်ရင်တွင် ကိန်းအောင်နေသည့် .ကဗျာလေးတပုဒ်ကို ရွတ်ဆို၍ အမိမြေကို ဘယ်သောအခါမှ မေ့သွားနိုင်မှာမဟုတ်ကြောင်း၊ ကိုယ့်တိုင်းကိုယ့်ပြည်ကိုသာ ပြန်လည်လွမ်းဆွတ်တမ်းတ၍ အခါအခွင့်သင့် သည်နှင့် ပြန်မည်ဖြစ်ကြောင်း အလေးအနက်ပြောဖြစ်ခဲ့သည်ကိုလည်း ပြန်လည်အမှတ်ရနေမိပါသည်။ ထိုကဗျာလေးမှာ ကဗျာဆရာမငွေတာရီရေးသားသည့် သာသည့်မြေသို့ …ကဗျာလေးဖြစ်ပါသည်။ သည်ကဗျာလေးကို၊ ၁၉၇၀ ခုနှစ် ကျနော် န၀မတန်းတက်ခဲ့စဉ်က စတင်သင်ကြားဖူးခြင်း ဖြစ်သည်။ ကျနော်တို့မြန်မာစာဆရာမက ထိုကဗျာလေးကိုသင်ပေးခဲ့ရာတွင် စနစ်တကျ ရှိလှတာကိုလည်း မှတ်မိနေပါသည်။ ကဗျာစာဆို ဆရာမငွေတာရီသည် ဥရောပနိုင်ငံ တခုသို့ […]