အနင်းခံအနုပညာ (အောင်ခက်မင်း)

Posted Posted in ပန်းချီ, ယဉ်ကျေးမှုရှုခင်း

အနင်းခံအနုပညာ (အောင်ခက်မင်း) မန္တလေးမြို့ရဲ့တစ်နေရာမှာဖြစ်သည်။ပလက်ဖောင်းပေါ်မှာလူစုစု မြင်သဖြင့်ပထမတော့မျက်လှည့်ပွဲလား ဆေးရောင်းနေတာများလား ထင်မိသေးသည်။အနားကပ်ကြည့်တော့မှလူငယ်လေးတစ်ဦး သုံးဘက်မြင်ပန်းချီရေးဆွဲတာဖြစ်နေသည် ။ ပန်းချီအနုပညာရှင်လူငယ်သည်သူ၏ဆံပင်ကိုပင် ဆေးရာင်ခြယ်သထားပေသည် ။အနီ ရွှေနီရောင် ။မီးတောက်မီးလျှံလော ရွှေရောင်အလံတော်လော။သောက ဗျာပါရလား အနုပညာစိတ်ကူးစိတ်သန်းလား ။သင်္ကေတ တခုခုတော့ဖြစ်လိမ့်မည်။ ဖျင်ကြမ်းဘောင်းဘီအပြာလွင့်လွင့် စွပ်ကျယ်လက်တို ဖြူလျော်လျော်ဝတ်ထားသောလူငယ်ကသီချင်းတအေးအေးနှင့်လက်ကိုလှုပ်ရှားနေသည် ။စုတ်တံဖြင့်ဆေးစက်တို့လိုက် ဆေးရောင်ခြယ်လိုက်နှင့် သူ့ရှေ့မှ အင်္ဂတေပြင်သည်ကြာပန်းဝေဝေ ကန်ရေပြင်အဖြစ်သို့တဖြည်းဖြည်းကူးပြောင်းနေသည် ။ ဘေးမှစောင့်ကြည့်နေသည့်ပရိသတ်ထဲတွင်လည်းလူငယ်က များသည်။အနုပညာ သရုပ်ဆောင်ပြကွက်တစ်ကွက် ဂီတတီးခတ်ပွဲတစ်ပွဲကိုကြည့်ရှုသလိုရင်ခုန်နေကြဟန်။ တချို့ကလက်ကိုင်တယ်လီဖုန်းလေးများနှင့်ဓာတ်ပုံတဖျတ်ဖျတ် မှတ်တမ်းတင်နေကြသည်။ပြီးလျင်လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေကြပေလိမ့်မည် ။ ပန်းချီအနုပညာရှင်လူငယ်လေးကတော့ အနုပညာမှတဆင့် စိတ်ကူးကမ္ဘ္ဘာတစ်ခုထဲသို့ ရောက်ရှိနေပုံရသည်။သူ့အနားမှအနုပညာချစ်သူများသည်သူ့အတွက်အနှောက်အယှက် မဟုတ်။လူထဲသူထဲကအနုပညာရှင် ။သူ့နာမည်မှာလှိုင်းညီ ဟုသိရသည်။လက်မှတ်ကိုတော့”လှိုင်း”ဟုတစ်လုံးတည်းသာရေးထိုးသည် ။ သည်ပန်းချီလက်ရာတွေကိုရေရှည်တည်တံ့အောင်လည်း ထိန်းသိမ်းထား၍မရ ။အခကြေးငွေနှင့်ရောင်းချခြင်းလည်း မပြုနိုင် ။ဒါနဲ့များ ဘာကြောင့်ရေးဆွဲနေပါလိမ့် ။ အချို့ကသိလျက်နှင့်ဖြစ်စေ မသိပဲဖြစ်စေ နင်းလျှောက်သွားကြမည်။ အချိုကစိတ်ဆိုးစိတ်ယုတ်ဖြင့် ဖျက်လိုဖျက်ဆီးပြုကြဦးမည် ။ယခင်ကလည်း ဖျက်ဆီးခံခဲ့ရသည့်အတွေ့အကြုံ ရှိခဲ့ဖူးသည် ။ပထမတော့သူကြေကွဲမိ ။နောက်တော့သည့်ထက်ကောင်းသောလက်ရာတွေဖန်တီးဖို့ တွန်းအား ပါလားဟုတွေးမိသွားသည် ။ သတင်းတိုတစ်ပုဒ်မှာကျွန်တော်ဖတ်ခဲ့ရသည် ။ လူ့အဖွဲ့အစည်းသည် အနုပညာလက်ရာသစ်များကို လွယ်လင့်တကူလက်ခံတတ်ခြင်းမရှိပေ ။ ဆန့်ကျင်ကြ ရှုတ်ချကြ ဖျက်လိုဖျက်ဆီးပြုတတ်ကြလှသည် ။အမည်ဆိုးများဖြင့်လည်း သမုတ်တတ်ကြသေးသည် ။သရုပ်ပျက်ဂီတ လမ်းသူရဲဂီတတဲ့ ။ ကာရန်ပျက်ကဗျာ စိတ္တဇကဗျာတဲ့ ။ အရူးချေးပန်းအကတဲ့ ။ သွားလေသူအာဏာရှင်ကြီးကတော့ ဂီတဖျော်ဖြေပွဲ တစ်ပွဲမှာ စိတ်လိုက်မာန်ပါစင်ပေါ်တက်ပြီး အနုပညာရှင်များကို ထိုးကြိတ် […]

Artist Wunna Zaw’s solo Show

Posted Posted in ယဉ်ကျေးမှုရှုခင်း, သတင်း ရှုခင်း, မြန်မာသတင်း

မြန်မာ ပန်းချီဆရာ  ဝဏ္ဏဇော် ရဲ့ တကိုယ်တော်ပြပွဲဖြစ်တဲ့  From SKETCH to IMPRESSION ကို ထိုင်းနိုင်ငံမဲဆောက်  မြို့ Borderline Art Gallery မှာ စက်တင်ဘာလ(၃) ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိပြသသွားမယ်လို့ သိရပါတယ်။ ဝဏ္ဏဇော် ရဲ့ ဆယ်စုနှစ် အနုပညာ လို့အမည်ပေးထားတဲ့ အဲဒီပန်းချီ ပြပွဲမှာ SKETCH ပုံကြမ်း ၃၀ ကျော် နဲ့ ပန်းချီကား ၁၀ ကားကျော်ကို ပြသထားမှာဖြစ်ပါတယ်။  

သင်္ကြန် ၄၅ (အိုးဝေမျိုး)

Posted Posted in ယဉ်ကျေးမှုရှုခင်း, မြန်မာ့ဓလေ့

သင်္ကြန် ၄၅ (အိုးဝေမျိုး) နှစ်သစ်ကား ကူးမြဲ.. ကူးပြန်လေပြီ…။ သင်္ကြန်ဆိုသည် ကူးပြောင်းခြင်းဟု ဆိုကြသည်။ နှစ်ဟောင်းမှသည် နှစ်သစ်ဆီသို့၊ အကျင့်ဟောင်းမှသည် အကျင့်သစ်ဆီသို့။ … သို့ ဆိုလျှင် အညစ်ဟောင်းမှသည် အညစ်သစ်ဆီသို့ တော့ မဖြစ်တန်ကောင်းရာ။ အကယ်တန္တိ နှစ်သစ်ကူးသည် အရင်ကလို ကျော်လွှား ဖြတ်သန်းသွားသော သာမန်နေ့ရက် တရက်မျှသာ ဖြစ်သည်။ မွေးနေ့သည်လည်း ထိုနည်းပင်၊ သေနေ့သည်လည်း အလားတူ၊ ထောင်ကလွတ်၊ ရှင်လိင်ပြန်၊ မင်္ဂလာဆောင် နေ့တို့သည်လည်း ခါတိုင်းလို သာမန်နေ့တနေ့မျှသာဖြစ်တော့သည်။ သို့သော် ချစ်သူနဲ့စတွေ့သောနေ့၊

ဘုရင်ငို (ဆူးငှက်)

Posted Posted in သဘင်

  ” …ဒီနေရာကြုံတုန်း ပြောပါဦးမယ်။ နှစ်စဉ်ကျင်းပတဲ့ “ ဆို၊ က၊ ရေး၊ တီး ” ပြိုင်ပွဲတွေမှာ ဇာတ်တော်ကြီးတွေပါတော့ အဲဒီဇာတ်တော်ကြီးတွေကို တီဗွီကပြန်လွှင့်တဲ့အခါ ဇာတ်ပို့ဆိုင်းရဲ့တီးလုံးကို ဖြတ်တောက်ပစ် လိုက်တာက အဆိုးဆုံးပါပဲ။ သမားစဉ်အရအသံကုန်အထိ “တျာတျေတျော” သပ်ကာတီးမှ ပြည့်စုံ တာကို အလွယ်တကူဖြတ်ပစ်လိုက်တာဟာ “သဘင်မှုအနုပညာ” ကိုစော်ကားခြင်းတမျိုးပါပဲ။ ဘယ် သူမှလည်း ဒါကိုမလုပ်ရဘူး၊ .”   ဘုရင်ငို   မြန်မာ့ဇာတ်သဘင်မှာနော်ကပိုင်းဇာတ်တော်ကြီးတွေကအခရာကျလှပါသတဲ့။ ဒီနောက်ပိုင်းဇာတ်တော်ကြီးတွေမှာလည်း “ အဆို၊ ပြော၊ အငို” တွေက ပညာသားတွေ ဖြစ်တယ်လို့ လည်း ဆိုတယ်။ ပါဠိ၊ ပါဋ်သားအပါအ၀င် ရှေးစာ၊ လင်္ကာတွေနဲ့တန်ဆာဆင်ထားတဲ့ အဆိုတွေ၊ အပြောတွေဟာ ပရိသတ်ကိုစွဲဆောင်နိုင်ပြီး ဇာတ်ခုံကြီးတခုလုံး တောကြီးမြိုင်ကြီး ဖြစ်သွားသလို၊ […]

တကိုယ်တော် (ပန်းချီ ၀ဏ္ဏဇော်)

Posted Posted in ပန်းချီ

ပန်းချီဝဏ္ဏဇော်(ခေတ္တ-ထိုင်းနိုင်ငံ) ၏ပန်းချီလက်ရာများ   မျှော်သူ ဆီဆေး (Oil ) Canvas 26″(လက်မ) x 26″ (လက်မ)   ဈေးသိမ်းပြီး အပြန် Oil Canvas 22″x30″   မေတ္တာ Oil Canvas size  26″x30″   အင်းလေး Acrylic Canvas 24″x30″     Floating Market Oil Canvas 16″x26″   Pa-O market Oil Canvas 18″x26″

ရန်ကုန်မြို့ ညနေခင်းမှာ လူတွေ လူးလားခတ်ကာ …ဓာတ်ပုံအက်ဆေး-Ngamoez ‌

Posted Posted in ဓာတ်ပုံ, သတင်း ရှုခင်း

 ရန်ကုန်မြို့ ညနေခင်းမှာ လူတွေ လူးလားခတ်ကာ …   “အထီးကျန်ဘ၀မဖြစ်ဖို့ ဖုန်းဟမ်းဆက်တွေဝယ်ကြစို့  “ ရွှေဘုံသာလမ်း (အပေါ်) ညနေဈေး(အဟောင်းဈေး) မြင်ကွင်းလေး (ဖြူ မည်းဓာတ်ပုံများ)