သင်္ကြန် ၄၅ (အိုးဝေမျိုး)

Posted on Posted in ယဉ်ကျေးမှုရှုခင်း, မြန်မာ့ဓလေ့

သင်္ကြန် ၄၅ (အိုးဝေမျိုး) နှစ်သစ်ကား ကူးမြဲ.. ကူးပြန်လေပြီ…။ သင်္ကြန်ဆိုသည် ကူးပြောင်းခြင်းဟု ဆိုကြသည်။ နှစ်ဟောင်းမှသည် နှစ်သစ်ဆီသို့၊ အကျင့်ဟောင်းမှသည် အကျင့်သစ်ဆီသို့။ … သို့ ဆိုလျှင် အညစ်ဟောင်းမှသည် အညစ်သစ်ဆီသို့ တော့ မဖြစ်တန်ကောင်းရာ။ အကယ်တန္တိ နှစ်သစ်ကူးသည် အရင်ကလို ကျော်လွှား ဖြတ်သန်းသွားသော သာမန်နေ့ရက် တရက်မျှသာ ဖြစ်သည်။ မွေးနေ့သည်လည်း ထိုနည်းပင်၊ သေနေ့သည်လည်း အလားတူ၊ ထောင်ကလွတ်၊ ရှင်လိင်ပြန်၊ မင်္ဂလာဆောင် နေ့တို့သည်လည်း ခါတိုင်းလို သာမန်နေ့တနေ့မျှသာဖြစ်တော့သည်။ သို့သော် ချစ်သူနဲ့စတွေ့သောနေ့၊

ဘယ်လိုသင်္ကြန်လဲ (ဆူးငှက်)

Posted on Posted in မြန်မာ့ဓလေ့

လူတွေနေဖို့ ညစာအနိုင်နိုင်နဲ့ ခါးစည်းရင်ကော့ကာ ဘ၀ဆက်နေကြရတဲ့ကြားထဲ အဲဒီလူတွေ ဆီက လည်ညှစ်ရယူထားတဲ့ အခွန်ငွေတွေကို သိန်းပေါင်းထောင့်ခြောက်ရာကျော် သုံးဖြုန်းပြီး ရယ်မြူးမြူး ဗိုက်သားစူစူ၊ ပေါင်ဖွေးဖွေးလေးတွေ သိန်း ဆယ်ရာချီပေးပြီး မြို့တော်ဝန်မဏ္ဍပ်ပေါ်မှာ ဆိုဖာပေါ်က ခံစားကြဆဲ… ဘယ်လိုသင်္ကြန်လဲ ဧပြီ ၁၁ ရက်၊ ၂၀၁၄ ပုဂံခေတ်ကတည်းက အထင်အရှားရှိခဲ့တယ်ဆိုတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ မန္တလေးရတနာ ပုံခေတ်အထိ ‘ပဒေသရာဇ် သင်္ကြန်’အဖြစ်ပဲ မှတ်တမ်းမှတ်ရာရှိခဲ့တယ်။ ‘သင်္ကြန်’ဆိုတာ ‘ကူးပြောင်း ခြင်း’ဆိုတဲ့ အနက်အဓိပ္ပာယ်နဲ့ ပုဏ္ဏားဖြူ ပုဏ္ဏားညို သမားဟူးရားတို့ရဲ့’စိတ်တော်သိ ဗောင်းတော် ညိတ်’ ဗေဒင် ကိန်းခန်းယတြာများနှင့်အတူ ဘုရင်ဧကရာဇ် အသိုင်းအ၀ိုင်း ရဲ့ ရွှေဘုံနိဒါန်းလာ အခင်းအကျင်းများနဲ့ပဲ နှစ်စဉ်မပျက်ဆောင်ရွက် စီမံရတဲ့ ပြုဖွယ်ကိစ္စများပဲဖြစ်ပါတယ်။ အများပြည်သူလူထုအနေနဲ့ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာ […]

သင်္ကြန်တွေ ရမယ်…သင်္ကြန်တွေ (အိုးဝေမျိုး)

Posted on 1 CommentPosted in အက်ဆေး, မြန်မာ့ဓလေ့

(၁) လေပြေကဝှေ့လိုက် နေကပြန်ပူလိုက် မိုးကလေးက တအုံ့အုံ့ ပြေးလာလိုက်နဲ့ ဟုတ်တော့ဟုတ်နေပြီ..။ လမ်းထဲမှာ မြေသယ်ကားသံ လိုလို ခဏ ခဏ ကြားရလွန်းအားကြီးလို့ သတိထားကြည့်မှ တိုင်ကီတွေ သံပိုက်လုံးတွေ ၊ဘုတ်ပြားတွေ အခေါက်ခေါက်အခါခါ သယ်နေတာမှန်း သိလိုက်ရသည်။ ကျောင်းတွေ၊ ရုံးတွေ၊ နယ်ဝေးတွေကပြန်လာသူတွေနဲ့ လူဦးရေက ရပ်ကွက်ထဲ ရုတ်တရက်ကြီး တိုးလာသည်။ အိမ်နောက်ဘက် စမ်းချောင်းနံဘေးမှာ ကလေး တသိုက် အော်လိုက်ဟစ်လိုက်နဲ့ မို့ သေသေချာချာပဲ ဝရံတာဘက် ထွက်ကြည့်လိုက်သည်။ မနေ့က နီညိုညို အဖူးနဲ့ မန်းကျည်းတစ်ပင်လုံးက ခုတော့ စိမ်းလို့ မြလို့ (ရက်ရင့်) သက်ရင့်ခြင်းကို ပြနေသည်။ သြော်..သြော်…သင်္ကြန်တောင် ကျတော့မှာကိုး….။ (၂) စိတ်အစဉ်ထဲ အတိတ်တုန်းက.. မူးမူးထူးထူးသင်္ကြန်၊ မြူးမြူးကြွကြွသင်္ကြန်၊ ပျင်းချောက်ချောက် သင်္ကြန်၊ […]