အနင်းခံအနုပညာ (အောင်ခက်မင်း)

Posted on Posted in ပန်းချီ, ယဉ်ကျေးမှုရှုခင်း

အနင်းခံအနုပညာ (အောင်ခက်မင်း) မန္တလေးမြို့ရဲ့တစ်နေရာမှာဖြစ်သည်။ပလက်ဖောင်းပေါ်မှာလူစုစု မြင်သဖြင့်ပထမတော့မျက်လှည့်ပွဲလား ဆေးရောင်းနေတာများလား ထင်မိသေးသည်။အနားကပ်ကြည့်တော့မှလူငယ်လေးတစ်ဦး သုံးဘက်မြင်ပန်းချီရေးဆွဲတာဖြစ်နေသည် ။ ပန်းချီအနုပညာရှင်လူငယ်သည်သူ၏ဆံပင်ကိုပင် ဆေးရာင်ခြယ်သထားပေသည် ။အနီ ရွှေနီရောင် ။မီးတောက်မီးလျှံလော ရွှေရောင်အလံတော်လော။သောက ဗျာပါရလား အနုပညာစိတ်ကူးစိတ်သန်းလား ။သင်္ကေတ တခုခုတော့ဖြစ်လိမ့်မည်။ ဖျင်ကြမ်းဘောင်းဘီအပြာလွင့်လွင့် စွပ်ကျယ်လက်တို ဖြူလျော်လျော်ဝတ်ထားသောလူငယ်ကသီချင်းတအေးအေးနှင့်လက်ကိုလှုပ်ရှားနေသည် ။စုတ်တံဖြင့်ဆေးစက်တို့လိုက် ဆေးရောင်ခြယ်လိုက်နှင့် သူ့ရှေ့မှ အင်္ဂတေပြင်သည်ကြာပန်းဝေဝေ ကန်ရေပြင်အဖြစ်သို့တဖြည်းဖြည်းကူးပြောင်းနေသည် ။ ဘေးမှစောင့်ကြည့်နေသည့်ပရိသတ်ထဲတွင်လည်းလူငယ်က များသည်။အနုပညာ သရုပ်ဆောင်ပြကွက်တစ်ကွက် ဂီတတီးခတ်ပွဲတစ်ပွဲကိုကြည့်ရှုသလိုရင်ခုန်နေကြဟန်။ တချို့ကလက်ကိုင်တယ်လီဖုန်းလေးများနှင့်ဓာတ်ပုံတဖျတ်ဖျတ် မှတ်တမ်းတင်နေကြသည်။ပြီးလျင်လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေကြပေလိမ့်မည် ။ ပန်းချီအနုပညာရှင်လူငယ်လေးကတော့ အနုပညာမှတဆင့် စိတ်ကူးကမ္ဘ္ဘာတစ်ခုထဲသို့ ရောက်ရှိနေပုံရသည်။သူ့အနားမှအနုပညာချစ်သူများသည်သူ့အတွက်အနှောက်အယှက် မဟုတ်။လူထဲသူထဲကအနုပညာရှင် ။သူ့နာမည်မှာလှိုင်းညီ ဟုသိရသည်။လက်မှတ်ကိုတော့”လှိုင်း”ဟုတစ်လုံးတည်းသာရေးထိုးသည် ။ သည်ပန်းချီလက်ရာတွေကိုရေရှည်တည်တံ့အောင်လည်း ထိန်းသိမ်းထား၍မရ ။အခကြေးငွေနှင့်ရောင်းချခြင်းလည်း မပြုနိုင် ။ဒါနဲ့များ ဘာကြောင့်ရေးဆွဲနေပါလိမ့် ။ အချို့ကသိလျက်နှင့်ဖြစ်စေ မသိပဲဖြစ်စေ နင်းလျှောက်သွားကြမည်။ အချိုကစိတ်ဆိုးစိတ်ယုတ်ဖြင့် ဖျက်လိုဖျက်ဆီးပြုကြဦးမည် ။ယခင်ကလည်း ဖျက်ဆီးခံခဲ့ရသည့်အတွေ့အကြုံ ရှိခဲ့ဖူးသည် ။ပထမတော့သူကြေကွဲမိ ။နောက်တော့သည့်ထက်ကောင်းသောလက်ရာတွေဖန်တီးဖို့ တွန်းအား ပါလားဟုတွေးမိသွားသည် ။ သတင်းတိုတစ်ပုဒ်မှာကျွန်တော်ဖတ်ခဲ့ရသည် ။ လူ့အဖွဲ့အစည်းသည် အနုပညာလက်ရာသစ်များကို လွယ်လင့်တကူလက်ခံတတ်ခြင်းမရှိပေ ။ ဆန့်ကျင်ကြ ရှုတ်ချကြ ဖျက်လိုဖျက်ဆီးပြုတတ်ကြလှသည် ။အမည်ဆိုးများဖြင့်လည်း သမုတ်တတ်ကြသေးသည် ။သရုပ်ပျက်ဂီတ လမ်းသူရဲဂီတတဲ့ ။ ကာရန်ပျက်ကဗျာ စိတ္တဇကဗျာတဲ့ ။ အရူးချေးပန်းအကတဲ့ ။ သွားလေသူအာဏာရှင်ကြီးကတော့ ဂီတဖျော်ဖြေပွဲ တစ်ပွဲမှာ စိတ်လိုက်မာန်ပါစင်ပေါ်တက်ပြီး အနုပညာရှင်များကို ထိုးကြိတ် […]

တကိုယ်တော် (ပန်းချီ ၀ဏ္ဏဇော်)

Posted on Posted in ပန်းချီ

ပန်းချီဝဏ္ဏဇော်(ခေတ္တ-ထိုင်းနိုင်ငံ) ၏ပန်းချီလက်ရာများ   မျှော်သူ ဆီဆေး (Oil ) Canvas 26″(လက်မ) x 26″ (လက်မ)   ဈေးသိမ်းပြီး အပြန် Oil Canvas 22″x30″   မေတ္တာ Oil Canvas size  26″x30″   အင်းလေး Acrylic Canvas 24″x30″     Floating Market Oil Canvas 16″x26″   Pa-O market Oil Canvas 18″x26″