ဘုရင်ငို (ဆူးငှက်)

Posted on Posted in သဘင်

  ” …ဒီနေရာကြုံတုန်း ပြောပါဦးမယ်။ နှစ်စဉ်ကျင်းပတဲ့ “ ဆို၊ က၊ ရေး၊ တီး ” ပြိုင်ပွဲတွေမှာ ဇာတ်တော်ကြီးတွေပါတော့ အဲဒီဇာတ်တော်ကြီးတွေကို တီဗွီကပြန်လွှင့်တဲ့အခါ ဇာတ်ပို့ဆိုင်းရဲ့တီးလုံးကို ဖြတ်တောက်ပစ် လိုက်တာက အဆိုးဆုံးပါပဲ။ သမားစဉ်အရအသံကုန်အထိ “တျာတျေတျော” သပ်ကာတီးမှ ပြည့်စုံ တာကို အလွယ်တကူဖြတ်ပစ်လိုက်တာဟာ “သဘင်မှုအနုပညာ” ကိုစော်ကားခြင်းတမျိုးပါပဲ။ ဘယ် သူမှလည်း ဒါကိုမလုပ်ရဘူး၊ .”   ဘုရင်ငို   မြန်မာ့ဇာတ်သဘင်မှာနော်ကပိုင်းဇာတ်တော်ကြီးတွေကအခရာကျလှပါသတဲ့။ ဒီနောက်ပိုင်းဇာတ်တော်ကြီးတွေမှာလည်း “ အဆို၊ ပြော၊ အငို” တွေက ပညာသားတွေ ဖြစ်တယ်လို့ လည်း ဆိုတယ်။ ပါဠိ၊ ပါဋ်သားအပါအ၀င် ရှေးစာ၊ လင်္ကာတွေနဲ့တန်ဆာဆင်ထားတဲ့ အဆိုတွေ၊ အပြောတွေဟာ ပရိသတ်ကိုစွဲဆောင်နိုင်ပြီး ဇာတ်ခုံကြီးတခုလုံး တောကြီးမြိုင်ကြီး ဖြစ်သွားသလို၊ […]

မမြရင်ရဲ့ လွမ်းပိုဖွယ်ရာ (ဆူးငှက်)

Posted on 1 CommentPosted in သဘင်

မမြရင်ရဲ့ လွမ်းပိုဖွယ်ရာ မမြရင်ရဲ့ဇာတိရွှေဖလားကန်ရွာကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ရောက်သွားတယ်။ ရွာကလေးက တကယ့်အညာကျေးလက်ရွာစစ်စစ်လေးပါ။ ဖုံထူထူလှည်းလမ်းကြောင်း၊ ရှားစောင်းပြာသာဒ်ပင်၊ ရွာလယ်ဇရပ်…၊ နွားအုပ်ဆိတ်အုပ်၊ ရေစည်လှည်း…၊ ထန်းရွက်မိုးတဲ… စတဲ့ အညာကျေးလက် ပုံရိပ်တွေနဲ့….   လေဘာတီမမြရင်အကြောင်း သတိတရရှိလို့ ဆက်ပြောချင်ပါသေးတယ်။ လေဘာတီမမြရင် အနှစ် ၁၀၀ ပြည့် မန္တလေးအငြိမ့်အလွမ်းပြေ ဗွီစီဒီလေးရိုက်ဖြစ်ကြတော့ မမြရင်ရဲ့ဇာတိရွှေဖလားကန်ရွာကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ရောက်သွားတယ်။ ရွာကလေးက တကယ့်အညာကျေးလက်ရွာစစ်စစ်လေးပါ။ ဖုံထူထူလှည်းလမ်းကြောင်း၊ ရှားစောင်းပြာသာဒ်ပင်၊ ရွာလယ်ဇရပ်…၊ နွားအုပ်ဆိတ်အုပ်၊ ရေစည်လှည်း…၊ ထန်းရွက်မိုးတဲ… စတဲ့ အညာကျေးလက် ပုံရိပ်တွေနဲ့ ရွာလေးပါ။ ဒီလိုရွာလေးက နိုင်ငံကျော်ပြည်သူချစ်အနုပညာရှင်ကြီးတစ်ဦး ပေါ်ထွက်ခဲ့