ကျွန်ပညာနှင့် သခင်ပညာ (ရေးသူ – ကိုအောင်ဆန်း)

Posted Posted in ပညာရေး

လူကြီးနှင့် လူငယ် တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွင် လူကြီးနှင့် လူငယ်ဟူ၍ အလုပ်သမား နှစ်မျိုးနှစ်စား ရှိလေသည်။ လူကြီးတို့အဖို့မှာ ကောင်းမွန်သော နည်းလမ်းများကို ညွှန်ပြနိုင်သည့် စွမ်းရည်သတ္တိ ရှိစေရမည်။ လူငယ်တို့မှာကား ထိုသို့ ညွှန်ပြသည့်လမ်းကို တန်းတန်းဖြောင့်ဖြောင့် ကြောက်ရွံ့ခြင်းကင်းဘိလျက် လိုက်ရဲရပေမည်။ ယခု မြန်မာပြည်တွင်ကား လူကြီးများမှာလည်း စွမ်းရည်သတ္တိ မရှိ၊ ဗလာချည်း ဖြစ်နေသည်ကို တွေ့ရသည်။ လူငယ်တို့ကား ကောင်းမွန်သော နမူနာပြရမည်ဖြစ်သော လူကြီးများစွာတို့သည် ကလပ်တက်ခြင်း၊ ဖဲရိုက်ခြင်း၊ အမျိုးမျိုး ကလိမ့်စေ့ငြမ်းဆင်သည့် အမှုမျိုးသာ တွေ့ရ၏။ သို့ဖြစ်ရကား အကယ်၍ ဆောင်ရွက်ချင်သော လူငယ်များမှာ ညွှန်ပြမည့် အလင်းရောင်ကင်းမဲ့လျက် အမိုက်မှောင်ထဲတွင် ခြေစမ်းလက်စမ်းဖြင့်သာ အချိန်ကုန်ရလေသည်။ အချို့သော သူတို့က လူကြီးများကို ဆဲသည်ဟု လူငယ်တို့အား အပြစ်တင်ကြလေသည်။ သို့သော် […]

ပီတိစား၍ အားရှိသူများ (သန္တာညို)

Posted Posted in စာပေဆောင်းပါး, ပညာရှုခင်း, ပညာရေး

အာစရိယဂုဏော အနန္တော… ဆိုတဲ့ အတိုင်း ဆရာသမားတွေဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်တွေဖြစ်ကြပါတယ်။ ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူး ဟာ အင်မတန်မှ ကြီးမားလှတဲ့ အကြောင်းကို “ရှေးရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြစ်တိုင်း ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆိုသူ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူ၏” ဆိုပြီးကျေးဇူးတော်ရှင်မန်လည်ဆရာတော်ဘုရားကြီးကမြတ်ဆရာတို့ရဲ့ ဂုဏ်အင်္ဂါကို ဖွဲ့ ဆိုရေးစပ် တော်မူခဲ့ပါတယ်။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့၊ ဆရာတို့၊ကျင့်ဖို့ဝတ်ငါး ဖြာ” ဆိုတဲ့ ဆရာ့ကျင့်ဝတ်များနှင့်အညီ သင်ကြား၊ လေ့ကျင့် ၊ ပြုစုပျိုးထောင် ပြီး သွန်သင် ဆုံးမပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတို့ ကျေးဇူးတွေဟာ ကျမအတွက်တော့ ဆပ်လို့မကုန်နိုင် ၊တန်းဖိုး မဖြတ်နိုင်တဲ့ အရာတွေပါဘဲရှင်။ “ကရင်စစ်တပ်က ၀င်လိုက်၊ ဗမာစစ်တပ်က […]

ဥရောပ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ အာမခံများ (မောင်ကြီးငြိမ်းချမ်း)

Posted Posted in ပညာရေး

ဥရောပ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ အာမခံများ လူတယောက်ကိုတွေ့တာနဲ့ ဘာအသက်မွေးဝမ်းကျောင်းတတ်သလဲ မေးတတ်တဲ့ ဥရောပနဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မြန်မာနိုင်ငံသား လူငယ်အများစုဟာ ပုံမှန်အခြေခံ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ပြီးမြောက်တဲ့အထိ သင်ကြားဖို့အတွက် သိပ်ပြီး စိတ်ဝင်စားမှုမရှိကြပါဘူး။ စိတ်ဝင်စားမှုမရှိတဲ့အချက်တွေကို ပြန်လည်သုံးသပ်ရမယ်ဆိုရင်တော့ ဥရောပနိုင်ငံတွေကို ရောက်လာကြတဲ့ အသက်အရွယ်ပေါ်မှာလည်း မူတည်ကြပါတယ်။ အသက် ၁၂ နှစ်အောက် ရောက်လာတဲ့ကလေးများကတော့ ဥရောပနိုင်ငံတွေရဲ့ ပညာရေးစနစ်ထဲမှာ အခက်အခဲတွေ ရှိပေမဲ့၊ အကူအညီများစွာရရှိပြီး တက္ကသိုလ်၊ ကောလိပ် စသည်ဖြင့် ဥရောပက ကလေးများအတိုင်း သွားကြဖို့ပဲ အစီအစဉ် စိတ်ကူးစိတ်သန်းတွေနဲ့ အပြင်းအထန် ကြိုးစားကြပါတယ်။ အသက် ၁၃ နှစ်နဲ့အထက် လူပျိုပေါက် အပျိုပေါက်အရွယ်ကတော့ ဥရောပနိုင်ငံတွေရဲ့ ပညာရေးဥပဒေအရ အသက် ၁၆ နှစ်နဲ့ ၁၈ […]

နယူးဇီလန် ဝန်ကြီးချုပ် ၏ ပညာသင်ဆု (ကိုရဲထွန်း)

Posted Posted in ပညာရေး, သတင်း ရှုခင်း

နယူးဇီလန်မှာ အခြေချနေထိုင်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် ပညာသင်ရာမှာပဲ ဖြစ်ဖြစ်၊ ပညာသင်ပြီးလို့ research တွေ ၊ ဘွဲ့လွန် ပညာရပ်တွေ နဲ့ပါတ်သက်ပြီး ကိုယ့်နိုင်ငံကို ပြန်ပြီး ဆက်စပ် လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်း တခုဖြစ်တဲ့ပညာသင်ဆုတခုအကြောင်းကို တင်ပြလိုက်ပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ် ၏ ပညာသင်ဆု Priminister’s Scholarship for Asia (PMSA) ပညာသင်ဆုအကြောင်း အာရှ အတွက် ဝန်ကြီးချုပ် ၏ပညာသင်ဆု သည် နယူးဇီလန်အစိုးရ အထောက်အပံ့ဖြင့် တည်ထောင်ထား သော ပညာသင်ဆုဖြစ်သည်။