အစွယ်လိုသူများ (ရွှေအိမ်စည်)

Posted Posted in သမိုင်းရေစီး

အစွယ်လိုသူများ ရွှေအိမ်စည်   `“ အမျိုးသားသူရဲကောင်း တစ်ယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ — နောက် (၁၈)လထက် မပိုဘူးလို့ ယူဆတယ်`“ ဗိုလ်ချုပ်အောင်ဆန်း (မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊ ၂၇၀)မှ   (၁) ၁၉၄၈ခုနှစ်၊ မေလ (၈)ရက်။ အင်းစိန်ထောင် —။   `“ဂျိုင်း`“ —-။   ကျယ်လောင်သည့်ဒေါက်ဖြုတ်သံကြောင့် အုတ်ရိုးနီနီပေါ်မှ ကျီးများလန့်၍ ထပျံကုန်ကြသည်။ ရောင်နီက မပေါ်သေး။ အင်းစိန်ထောင်ဝင်းအတွင်း အမှောင်ထုက ကြီးစိုးနေဆဲ။ အင်းစိန်ထောင်၏ ကြိုးစင်ရှိရာတွင်မူ လျပ်စစ်မီးရောင်များကြောင့် လင်းလင်းပပ ရှိ၍နေသည်။ ဒေါက်ဖြုတ်သံနှင့်အတူ […]

မုတ်သုန်စစ်တမ်း(သို့မဟုတ်) ၆၄-နှစ်မြောက် ဘ၀စာမျက်နှာ

Posted Posted in သမိုင်းရေစီး, ဆောင်းပါး

 မုတ်သုန်စစ်တမ်း(သို့မဟုတ်) ၆၄-နှစ်မြောက် ဘ၀စာမျက်နှာ   “၂၀၀၉ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏  (၆၄) နှစ်မြောက် မွေးနေ့နှင့် (၁၃) ကြိမ်မြောက် `မြန်မာနိုင်ငံအမျိုးသမီးများနေ့`အား ဂုဏ်ပြုပါသည်“    (၁) (၆၄)နှစ်ပြည့်ပြီ။ (၆၄)နှစ်မြောက် မွေးနေ့ရှင်က အင်းစိန်ထောင်အတွင်း၌ မတရားအမှုအား ရင်ဆိုင်နေရဆဲ….။  အကျဉ်းထောင်၏ဗူးအ၀၌မူ မောင်းပြန်သေနတ်များနှင့်စစ်သားများက စောင့်ကြပ်၍နေ၏။ ရေကူး၍လာသောပြဿနာက သူမနေထိုင်သည့် ခြံဝင်းအတွင်းသို့ရောက်လာ၏။ သူမနေထိုင်ရာ အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်က မနှစ်ကတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းကြောင့် ခြံဝင်းအတွင်း သစ်ပင်အချို့ ကျိုးပဲ့ခဲ့ရ၏။ ရှင်းလင်းပြီးဖြစ်သော်လည်း ဒဏ်ရာဒဏ်ချက်တို့က ရှိနေ၏။ မူလအတိုင်း ပြန်မဖြစ်တော့….။ မုန်သုန်ဦးသည် မလှပ။ ရက်စက်မှုနှင့်နိဒါန်းပျိုး၏။ မလှပသည့် မုန်သုန်ဦးတွင်ပင် …..စစ်အုပ်စုသည် သူတို့၏ အနာဂတ်အား ထုဆစ်ခဲ့၏။   (၂) `စာရေးခြင်း၊ […]

ဝင်းယော်မှာ မိုးတွေ သည်းနေပြီ…ကိုငြိမ်း ( ရွှေအိမ်စည်)

Posted Posted in ရသရှုခင်း, သမိုင်းရေစီး

ဝင်းယော်မှာ မိုးတွေသည်းနေပြီ…. ကိုငြိမ်း (ရွှေအိမ်စည်) (က) တန်ခူးနွေကပူ၏။ အပူလှိုင်းကြောင့် … တန်ခူးနွေသည် ပို၍ပူပြင်းလွန်းနေသည်။ နေပူပြင်းပြင်းအောက်တွင်ပင်၊ သူ … ကျနော်အိမ်သို့ရောက်လာ၏။ ကျနော်က အိမ်တွင်မရှိ…။ သူစတင်တည်ထောင်ထားခဲ့သည့် စာကြည့်တိုက်လေးတွင်ရောက်နေသည်။ အိမ်နှင့်စာကြည့်တိုက်က မဝေး….။ သူ… စာကြည့်တိုက်သို့ လိုက်လာ၏။ “အိမ်ရောက်သွားသေးတယ်….ခင်ဗျားစာကြည့်တိုက်မှာဆိုလို့လိုက်လာတာ….” ကျနော့်အနားတွင်ဝင်ထိုင်ရင်း စကားဆို၏။ ပြီးလျှင်…. သူ၏နှုတ်ခမ်းထူထူမဲမဲကြီးအား စူ၍ လေပူတစ်ချက်အား မှုတ်ထုတ်ရင်း… “ပူလိုက်တာ…” ဟု့ မဟတဟ ညည်း၏။ အပူဒဏ်ကြောင့် သူ့မျက်နှာက ချွေးတို့နှင့်သီးနေ၏။ ကြိုးကျဲကျဲ…မုတ်ဆိတ်မွှေးထိုးထိုးထောင်ထောင်များတွင် ချွေးဥတို့က တွဲလွဲခို၍နေသည်။ သူထံမှ ချဉ်စူးစူးအနံ့အားရ၏။ ခဲပြာရောင်ညို့မှိုင်းမှိုင်းရှပ်အင်္ကျီလက်တိုနှင့်ဂျင်းဘောင်းဘီနက်ပြာရောင်၏အောက်တွင်သူ၏ကိုယ်ခန္ဒာသည်သေးသွယ်ပိန်လှီလွန်း၍နေသည်။ခဲပြာရောင်ညို့မှိုင်းမှိုင်းရှပ်အင်္ကျီကဆေးလိပ်မီးပေါက်ရာများနှင့် ….။ ‘ခင်ဗျားကို ကဗျာလာပေးတာ…’ ဟု့ ပြောရင်း…. သူလွယ်ထားသည့် ကရင်လွယ်အိတ်အတွင်းသို့ လက်နှိုက်၍ရှာနေသည်။ ကျနော်က… ‘ဟေ့လူ ခေါင်းစဉ်ရောပါရဲ့လား’ဟု့ […]

မူခါးဝီးကျိုး(ရွှေအိမ်စည်)

Posted Posted in သမိုင်းရေစီး, ဆောင်းပါး

မူခါးဝီးကျိုး (ရွှေအိမ်စည်)   “ကြယ်တွေစုံတဲ့ည…ထပ်ကြုံရအုံးမယ်…. ကြယ်တွေတကယ်ဆုံတဲ့ည… လှနေမှာပေါ့ကွယ်”   (ထူးအိမ်သင်၏ ကြယ်တွေဆုံတဲ့ည)   (က)   ‘ထီးမူခီး’ စခန်းကျဆုံးခန်းက ၊ လျှပ်ပြတ်သကဲ့သို့ မြန်ဆန်လွန်းလှ၏။ ကျဆုံးမှုသည်အပြိုပြို အလဲလဲနှင့် ဖရိုဖရဲနိုင်လွန်းလှ၏။ မုန်တိုင်းမွှေ့၍တစစီ လွှင့်စင်ပြိုပျက်သွားသကဲ့သို့…။ လက်နက်ကိုင်စစ်သည်အင်အား တစ်ရာကျော်ရှိသည့် ခံစစ်သေစခန်း၊ ဆုတ်ခွာခွင့်လုံးဝမရှိသည့် စခန်းကြီးသည် ဆယ့်ငါးမိနစ်အတွင်းမှာပင်ကျဆုံးခဲ့ရသည်။ ခြံစည်းရိုး ၃-ထပ်ကာထား၏။ ညှောင့်နှင့်မိုင်းများအား ခင်းထား၏။ ဆက်သွယ်ရေးလျှောက်မြောင်းများအား ပတ်လည်ခံစစ်သေနင်္ဂဗျူဟာအရ တူးထား၏။ အိုဗာဟတ်ဘန်ကာများရှိ၏။ ဤသို့သော…. ခိုင်ခံ့သည့်ခံစစ်သေစခန်းကြီးသည် ခဏငယ်အတွင်း၌ အပြိုပြိုအကွဲကွဲနှင့်ကျဆုံးခဲ့ရ၏။ ‘မူသယ်-ဗျက်ကော’စခန်းက ထီးမူခီးစခန်းနှင့် အနီးဆုံးစခန်းတခုဖြစ်သည်။ ‘မူသယ်-ဗျက်ကော’ တွင် တပ်ရင်းမှူးနှင့်စစ်ကြောင်း(၁)ရှိ၏။ ထီးမူခီးက …‘မူသယ်-ဗျက်ကော’ရှိ စစ်ကြောင်း (၁)သို့ စစ်ကူတောင်းရန် ဆက်သွယ်ရေးစက်ကိုပင် မဖွင့်နိုင်ရှာခဲ့…။ လျှပ်တပြတ်အတွင်း ကျဆုံးခဲ့ရ၏။ ၁၉၉၂ ခုနှစ် […]

သူပုန်တစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ၊ပထမညအစီရင်ခံစာ (အကျဉ်း) – ရွှေအိမ်စည်

Posted Posted in ရသရှုခင်း, သမိုင်းရေစီး, ဆောင်းပါး

သူပုန်တစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ၊ပထမညအစီရင်ခံစာ (အကျဉ်း) – ရွှေအိမ်စည် အပိုင်း (၁) (က) လူတွေနဲ့ဝေး —- ဝေး၊ ဝေးတဲ့နယ်မြေ တစ်နေရာရှိ—-ရှိ၊ ရှိရာမယ်လေ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ သဘာဝရဲ့ ရင်သွေးငယ်တွေ —- (စိုင်းထီးဆိုင်၏ “ သဘာဝရဲ့ရင်သွေငယ်“ သီချင်းမှ) “ အဟုန်းဝ“ ရွာက ဘီးလင်းချောင်းအား ကားယားခွ၍ ထားသည်။ ချောင်း၏အရှေ့ ဘက်ကမ်း၌လည်း အဟုန်းဝရွာရှိသလို ချောင်း၏အနောက်ဘက်ကမ်း တွင်လည်း အဟုန်းဝရွာရှိသည်။ နှစ်ရွာလုံးက ဘီးလင်းချောင်းအား မေးတင်၍ ထားကြသည်။ မျက်နှာချင်းဆိုင်မဟုတ် ဓါးလွယ်ခုတ်သဏ္ဍာန်းရှိသည်။ အနောက်ဖက်ကမ်းရွာက မြစ်ညှာ ဖက်ပိုကျပြီး အရှေ့ဖက်ကမ်းရွာကမူ မြစ်အောက်ဖက်ပိုကျသည်။ အဟုန်းဝအနောက်ဖက် ကမ်းရွာက င်္ဘီးလင်းမြို့နှင့် ကမ်းတဖက်တည်းတွင်ရှိသည်။ ဘီးလင်း၊ဖာပွန်ကားလမ်းနှင့်လည်း နီးသည်။ ချောင်းနှင့်ကားလမ်းအကြားရှိ “ကျေးတောရွာ “ […]

ဂန္ဓီ သို့မဟုတ် အလင်းရှင် (အိုးဝေမျိုး)

Posted Posted in သမိုင်းရေစီး

 မင်္ဂလာပါ ရှုခင်းသစ် မိတ်ဆွေများ ခင်ဗျာ ဒီနေ့ဟာ မဟတ္တမ ဂန္ဓီ ရဲ့ ၁၄၅ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒီကနေ့တင်ပြပေးချင်တဲ့အကြောင်းအရာကတော့ “အဟိ`ံ ဿ      ဝါဒီ” လို့ ကမ္ဘာကသိတဲ့ မဟတ္တမ ဂန္ဓီ ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဂန္ဓီ ဟာ အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်ကြီး တဦးဖြစ်ခဲ့သလို အကြမ်းမဖက် နှလုံးရည် တိုက်ပွဲ နဲ့ ကမ္ဘာငြိမ်းချမ်းရေး လမ်းစဉ်ကို ရှေ့ဆောင် လမ်းပြ သူ တဦးလည်း ဖြစ်ပါတယ်။ မိုဟန်ဒတ် ကရန်ချန် ဂန္ဓီကို ခရစ်သက္ကရာဇ် ၁၈၆၉ ခုနှစ်မှာ အိန္ဒိယ နိုင်ငံ အနောက်ပိုင်း ကားတိအာဝါး ကျွန်းဆွယ်၊ ပေါ်ဗန်ဒါ မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ […]

အလင်းရုပ်​တု (မင်းညွှန့်လှိုင်)

Posted 1 CommentPosted in သမိုင်းရေစီး

အ လ င်း ရု ပ်​ တု ညက လကို ဖွဖွ​လေးလှိမ့်​လို့ ကြယ်​သစ်​တို့အပြိုင်းအရိုင်း လှိုင်းထလာပုံ ရင်​ခုန်​​စောင့်​စားရင်း…။ လ​ရောင်​က

မဟာမှိုင်းအလွန်နှစ်ငါးဆယ် အထိမ်းအမှတ်(ရဲဘော်ဖိုးသံချောင်း)

Posted Posted in သမိုင်းရေစီး

ဤဆောင်းပါးသည် ရဲဘော်ဖိုးသံချောင်း၏ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၃၅ နှစ်ပြည့်အထိမ်းအမှတ်ဂုဏ်ပြုအစီအစဉ်အဖြစ် ၂၀၀၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံမှ ထုတ်လွှင့်ချက်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါကြောင်း …..   ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ် ရဲဘော်ဖိုးသံချောင်း   “ဆရာကြီး တသက်လုံးလက်တွဲသွားတဲ့ အင်အားစုတွေအကြောင်းပြောရင် ချန်ထားလို့မဖြစ်တဲ့ အင်အားစု တခုရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသားတွေပါ။ ဗမာပြည်မှာ ကျောင်းသားတွေရဲ့ပထမဆုံးနိုင်ငံရေး လှုပ် ရှားမှုလို့ဆိုရမယ့် ၁၉၂ဝ ခုနှစ် က ယူနီဗာစီတီသပိတ်ကြီးကစလို့ နောက်ဆုံးအချိန်အထိ ဖဆပလ အစိုးရ လက်ထက်၊ ကြားဖြတ်စစ်အစိုးရလက်ထက်အထိ သူဟာ ကျောင်းသားတွေနဲ့ လက်မြဲမြဲတွဲခဲ့ပါတယ်။”   ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကျနော်တို့ဗမာနိုင်ငံမှာ တခေတ်ထွန်း တယောက်ပေါ် ပုဂ္ဂိုလ်မျိုး ဖြစ်ပါ တယ်။ သူ့ကို ဗမာပြည်နိုင်ငံရေးလိုအပ်ချက် က […]

မှိုင်းမသိရင် သမိုင်းမသိ…မဟာမှိုင်းအလွန်နှစ်ငါးဆယ်အထိမ်းအမှတ် (မောင်ရင်ငတေ)

Posted Posted in သမိုင်းရေစီး

မှိုင်းမသိရင် သမိုင်းမသိ ” သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၄ ခုနှစ် ပထမဦးဆုံး သော (တို့ဗမာညီလာခံ) သခင်များညီလာခံကို ရေနံချောင်းမြို့ လည်ပေါ်ဘုရားကျောင်းဝန်းမှာ ပြုလုပ်ချိန်ကလည်း တက်ရောက်ခဲ့ဖူးပါတယ်…”   သခင်ကိုယ်တော်မှိုင်း ရေနံချောင်းလာစဉ် (၁၉၅၄-၅၅) သခင်ကိုယ်တော်မှိုင်း (၂၃မတ်လ ၁၈၇၆ – ၂၃ ဂျူလိုင်လ ၁၉၆၄ ) အကြောင်းကတော့မောင်ရင် ငတေအနေနဲ့ကိုယ်ပိုင်အိုင်ဒီယာတွေနဲ့ ဘာမှရေးစရာအထူးမရှိပါဘူး။ တခြားတခြားသောစာရေးဆရာကြီးများထင်ရှားသူများကော မထင်မရှားသူများကောရေးထားတာတွေမှအများကြီးပါ။ အဲဒါတွေကိုသာအွန်လိုင်းခေတ် ရသမျှ အင်တာနက် စာမျက်နှာတွေပေါ် မှာမောင်ရင်ငတေလည်း လိုက်လံရှာဖွေ ဖတ်နေရတာပါ။ မောင်ရင်ငတေမှာသခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီးတော့ပြောစရာပြ စရာတခုတော့ ရှိပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ် ၁၉၅၄ ခုနှစ်က “သခင် ကိုယ်တော်မှိုင်းရေနံချောင်း မြို့သို့လာစဉ်” ဆိုတဲ့ လက်ရေးစာပါဝင်တဲ့ အဖြူအမည်း ဓာတ်ပုံသေးသေးလေးတွေပါပဲ။ အဲဒီ ရှားပါးဓာတ်ပုံများ […]