ဇူလိုင်လ၏ အောက်မေ့ဖွယ်နေ့ရက်များ (အောင်ဆန်းစုကြည်)

Posted on Posted in သမိုင်းရေစီး

” လူသတ်မှုကိုကျူးလွန်ခဲ့ကြသူများမှာ နိုင်ငံရေးသမားဟောင်းကြီးဂဠုန်ဦးစောခေါင်းဆောင်သည့် လူအုပ်စုတို့ဖြစ်ကြလေသည်။ သူတို့က နိုင်ငံရေး အာဏာကို ရွေးကောက်ပွဲ မဲပုံးမှတစ်ဆင့်ရယူရန်မကြိုးစားဘဲ လက်နက်အားကိုးသည့် အကြမ်းဖက်ပုံစံဖြင့် ကြိုးပမ်းခဲ့ကြခြင်းပင် ဖြစ်လေသည်။ ဦးစောသည် ကျွန်မဖေဖေ တို့ဦးဆောင်သော ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး) ပါတီက ….”   ဇူလိုင်လ၏ အောက်မေ့ဖွယ်နေ့ရက်များ  အမှန်စင်စစ် သာမန်အားဖြင့်ဆိုလျှင် ဇူလိုင်လသည် မှတ်မှတ်ရရ ကဗျာဆန်လောက်အောင် ထူးခားလှသည့် လ တစ်လဟု မဆိုနိုင်ပေ။ ဇူလိုင်လသည် ပူပြင်းသောနွေရာသီကို တသသဖြစ်ခဲ့ရသာဇွန်လနှင့် နေရောင်ခြည်တို့ ဝင်း ဝင်းတောက်လာမည့်ရက်များကိုသာကြိုဆိုသော သြဂုတ်လတို့၏ကြားတွင် ညှပ်မိနေသောကြောင့်ဟုလည်း ဆိုနိုင်ပေ သည်။ လူသားများအနေဖြင့် ထူးခြားသာအနုပညာဖန်တီးမှုတို့ကို ပြုလုပ်လေ့မရှိသော မထင်ရှားလှသည့် သာမန်လ တစ်လလည်း ဖြစ်နေပြန်လေသည်။ ကျွန်မအနေနှင့် ဇူတွက်လိုင်လ၏အလှကိုဖော်ကျူးထားသော တေးကဗျာတစ်ပုဒ် တစ်လေကိုမှ ဖတ်ရှုရွတ်ဆိုဖူးခြင်းလည်း […]

ဆန်ပြုတ်တစ်ခွက်၊ မိုးကာအင်္ကျီတစ်ထည်နှင့် နားမကြားသော လူသုံးယောက် – (ဇာဂနာ)

Posted on Posted in သမိုင်းရေစီး

” ဗိုလ်သန်းဝင်းက အထိတ်တလန့်ဖြင့် အခန်းထဲသို့ ပြေးဝင်လာပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်သမားတွေ ၀င်ပစ်သွားပြီဟု လာပြောတော့ အင်္ဂလိပ် ဗိုလ်ချုပ်တွေ၏ မျက်နှာတွေက ဘာမှမပြောင်းလဲ။ ဦးထွန်းလှအောင်ကို လက်ဆွဲနှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားတော့သည်။ အပေါ်ထပ်သို့ တက်လို့တောင် ကြည့်မသွားခဲ့ချေ။ “..     ဆန်ပြုတ်တစ်ခွက်၊ မိုးကာအင်္ကျီတစ်ထည်နှင့် နားမကြားသော လူသုံးယောက် – ဇာဂနာ Submitted by Zay Thu on Wed, 07/16/2014 – 14:39     မိုးကတဖွဲဖွဲ။ အချိန်က မနက် ၉ နာရီ။ ဖိုဒ်ဆန်ထရပ် ကားတစ်စင်း ဒါလဟိုစီနှင့် ၄၁ လမ်းထောင့်မှာ လာရပ်သည်။ ကားပေါ်က စစ်ယူနီဖောင်းဝတ်ထားသူ ၃ဦး ဆင်းလာသည်။ […]

အဟောင်းတခုရဲ့နိဂုံးဟာ အသစ်တခုရဲ့နိဒါန်းဖြစ်တယ် (ရဲဘော်ကျော်သန်း)

Posted on Posted in သမိုင်းရေစီး

” ဗမာကျောင်းသာထုဟာ လူထုအကျိုးကိုကာကွယ်ဖို့ ဖော်ဆောင်နိုင်ဖို့အတွက် တိုက်ပွဲအမြင်လေးခု သတ်မှတ် တိုက်ပွဲဆင်ခဲ့တယ်။ အဲဒါတွေကတော့ (က) အမျိုးသား လွတ်မြောက်ရေး (ခ) နယ်ချဲ့ဆန့်ကျင်ရေး (ဂ) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ (ဃ) ဒီမိုကရေစီပညာရေးတို့ ဖြစ်တယ်။ ၁၉၆၂- ခုနှစ်မှာတော့ ကျောင်းသားတိုက်ပွဲများဟာ အဆိုးဝါးဆုံး အကြမ်းကြုတ်ဆုံး သမိုင်းအချိုးအကွေ့ကို ရောက်ရှိခဲ့ရတယ်…”     အဟောင်းတခုရဲ့နိဂုံးဟာ အသစ်တခုရဲ့နိဒါန်းဖြစ်တယ် At the end of one is begin of another ဒီနှစ်ကျရောက်တဲ့ (၅၂) နှစ်မြောက်ဆဲဗင်းဂျူလိုင်ခေါ် ဇူလိုင်ခုနှစ်ရက် ဗမာကျောင်းသားထုရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရှေးဦးတိုက်ပွဲရဲ့ အထိမ်းအမှတ် လှုပ်ရှား မှုတွေကို ဗမာပြည်နေရာ အတော်များများက မျိုးဆက်သစ်ကျောင်းသားတွေ တာဝန်သိသိ ရဲရဲရင့်ရင့်တက်တက်ကြွကြွ ဆောင်ရွက်ကြတာတွေကို တွေ့ရတော့ […]

အခုရှုပ်မှနောင်ရှင်း (သရ၀ဏ် -ပြည်)

Posted on 1 CommentPosted in သမိုင်းရေစီး, သူ့ဘဝ၊သူ့ရှုခင်း

“…. ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ ပင်စင်လစာမှာ တစ်လလျှင် ကျပ် သိန်း(၁၀၀)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) မှာ တစ်လလျှင် ကျပ်သိန်း (၈၀) ခံစားခွင့် ရှိသည်ဟု ဆို၏။ ၂၀၀၈- ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံး တွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံဥပဒေ အရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျှင် သိန်း(၅၀) ပဲရနေပါလျက် ….”   အခုရှုပ်မှနောင်ရှင်း သရ၀ဏ်(ပြည်)   ကျွန်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲသို့ ၀င်တော့မည်။ ဘယ်သူတွေ ဘာထင်ထင် ကျွန်တော်ဝင်မည်။ ဒီခေတ်မှာနိုင်ငံရေး […]

မြန်မာတွေ ရှက်တတ်စေချင်တယ် (ကိုညို -အော်စလို)

Posted on Posted in သတင်း ရှုခင်း, သမိုင်းရေစီး

“” … မြန်မာနဲ့ပတ်သက်နေတဲ့ ပန်ချီကားတချပ်ကိုလည်းတွေ့ရ တယ်။ ပုံထဲမှာ ဆံပင်ဖားလျားချ မြင်းစီးတပ်သားတွေနဲ့ ရဲမက်တချို့ ဓားလွတ်တွေ လှံတွေကိုင်ထားပြီး ကလေး တွေနဲ့ အမျိုးသမီးတွေကို ထိုးခုတ်သတ်ဖြတ်နေပုံဖြစ် တယ်။ ဘောင်ခတ်ထားတဲ့ပန်းချီကားအောက်မှာ အင်္ဂလိပ်လို စာရေးထားတယ်။ …“ အရှေ့ဘက်အရပ်မှ မြန်မာလူရိုင်းများ ၀င်ရောက်ကျူးကျော်တိုက်ခိုက်နေပုံ” တဲ့။ .. … “”   မြန်မာတွေ ရှက်တတ်စေချင်တယ် ကိုညို- အော်စလို   အခုတလော (အမျိုး၊ဘာသာ၊ သာသနာ ကြွေးကြော်သံနဲ့ မယောင်ရာဆီလူး) မျက်ကန်းမျိုးချစ်သံတွေ ကျွက်ကျွက်ညံအောင်ကြားရတော့ သြော်..ဒီရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ ကျွဲခြေရာခွက်ကို ပင်လယ်ထင်နေပါပေါ့လားလို့ ပဲ ညည်းတွားမိတယ်။ ကိုယ်က ကိုယ့်လူမျိုးနဲ့ ကိုယ်ကိုးကွယ်ရာကို တန်ဖထားမြှင့်တင်ချင်တယ်ဆို တခြား လူမျိုးနဲ့ သူတစ်ပါးကိုးကွယ်ရာဘာသာအကြောင်း လုံးဝမသိရင်တောင် လေးစား တန်ဖိုးထားတတ်ရမယ်ဆိုတာကို […]

တန်ဖိုးမဖြတ်နိုင်တဲ့ဆု (သို့မဟုတ်) ……… (ထူးထူး-တောင်ငူ)

Posted on Posted in သမိုင်းရေစီး

ပါဝါပွိုင့်နဲ့ကိုယ်ပြောမယ့် ခေါင်းဆောင်၏နာမည်ကိုစာတမ်းထိုးလိုက်တော့ နားထောင်နေတဲ့ ကျောင်းသားတွေ နာမည်ကိုကြိုးစားပြီး အသံထွက်ဖတ်နေကြတယ်၊ ခဏအကြာ- သူတို့  စိတ်ဝင်တစားနဲ့ နာမည်ကိုအသံထွက်ဖတ်လို့ပြီးလုပြီးခင်မှာ စာရေးသူပြောမယ့် ခေါင်းဆောင်ပုံကို Screen ပေါ်ကိုတင်လိုက်ပါတော့တယ်…   ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲမှာ  လူထုရှေ့မှောက်က ဒေါ်အောင်ဆန်းစုကြည်   များမကြာသေးမီရက်တွေထဲကတနေ့သောနံနက်ခင်းတခုမှာတော့ စာရေးသူ ကျောင်းကိုရောက်တယ်ဆိုရင်ပဲ၊ အတန်းဖော် ကီဝီ(Kiwi) လို့ခေါ်တဲ့ နယူးဇီလန်ဘွားစစ်စစ်တွေက ၀ိုင်းပြီးမေးခဲ့ကြတာကို ပြန်ကြားယောင်နေမိပါသေးတယ်။ “.. မင်းသိလား … မင်းတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(၂) ရက်ဆက်တိုက် မိန့်ခွန်းပြောတာလေ … ငါတို့ကြည့်ရင်း ကြက်သီးတောင် ထပါတယ်ကွာ… နည်းနည်းနောနော လူအုပ်ကြီးမဟုတ်ဘူးကွာ… ငါတို့တစ်သက်မှာ ဒီလို လူထုကြီး က တခဲနက် ထောက်ခံပြီး၊ အပေါ်နဲ့အောက် နားလည်မှုရှိရှိ ဟောပြောဆွေးနွေးတာ မမြင်ဖူးဘူး “ […]

ချိုးကူသံလေးကြားရဖို့ (လူထုစိန်ဝင်း)

Posted on Posted in သမိုင်းရေစီး

ချိုးကူသံလေးကြားရဖို့ လူထုစိန်ဝင်း    ပြောင်းတာတွေက အောက်ခြေကိုမရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှထူးခြား မလာဘူး။ တောင်ပေါ်ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်းကိုးတောင်ရှည် ဖြစ်နေရဆဲ … Sunday, 08 January 2012   နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ”တော်တော်ပြောင်းနေပြီလား” ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။ သတင်းသမားတွေ နေရာပေးခံရ ဒီမေးခွန်းက လွယ်လွယ်ဖြေလို့ရတာမျိုးမဟုတ်ဘူး။ ပြောင်းတာတွေရှိသလို မပြောင်းတာတွေလည်း အများကြီးရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ပြီးအောင် ”ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး” လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ်ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ […]

အရေးတော်ပုံ အောင်ရမည်(ဆူးငှက်)

Posted on Posted in သမိုင်းရေစီး

 မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံ၊ အာဇာနည် ၁၇ ဦး သွေးမြေကျခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်ဆောင်းပါးကို ဆရာဆူးငှက်၏ခွင့်ပြုမှုအရ ဖော်ပြအပ်ပါသည်။ ရှုခင်းသစ် အရေးတော်ပုံ အောင်ရမည် ဒီနှစ် တပို့တွဲလပြည့်ကျော် ၇ ရက်(၂၁. ၂. ၂၀၁၄) နေ့ဆိုရင် မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံ၊ အာဇာနည် ၁၇ ဦး သွေးမြေကျခြင်း ၇၅ နှစ် တင်းတင်းပြည့်ပါပြီ။ တကယ်တော့ မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရတဲ့ကိစ္စဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး အရှိန်အဟုန်ကောင်းပြီး အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့ ညီညွတ်မှုထုထည် ခိုင်မာလွန်းလို့ အုပ်စိုးသူအာဏာပိုင်ရဲ့ ကြောက်လန့်တကြား

သမိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု မှတ်တမ်း

Posted on Posted in သမိုင်းရေစီး

  လွတ်လပ်ရေး ရပြီးကာစ မြန်မာ ပြည်အခြေအနေတွေကို ရိုက်ပြထားတဲ့ Documentary ရုပ်ရှင်ကားတိုလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။ အရင်ခေတ်က မြန်မာတွေအကြောင်း၊ အဲ့ဒီခေတ်က အာရှမှာ နံမည်ကြီးတဲ့ ရန်ကုန်တက္ကသိုလ်၊ လိပ်ခုံးခန်းမ၊ တက္ကသိုလ်ထဲမှာ မြန်မာ ပရော်ဖက်ဆာတွေ လက်ချာပေးတဲ့အခါ အိန္ဒိယကလာတက်တဲ့ ကျောင်းသားတယောက်က မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ အကြောင်းမေးတာတွေ၊ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူပညာ သင်ကြားခွင့်နဲ့ ကိုယ်ကြိုက်တဲ့ ဘာသာရပ်တွေကို သင်ကြားခွင့်ရှိနေတာ၊ ကျား၊ မ တန်းတူအခွင့်အရေးရတဲ့နေရာမှာ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယမှာရှိတဲ့ အမျိုးသမီးတွေနဲ့တောင် ကွာခြားနေတာ၊ ပြီးတော့ အဲဒီခေတ်က နိုင်ငံတော် သမတ ဦးဘဦး ရဲ့ ကား ၃ စီး အကြောင်းလေး၊ ဝန်ကြီးချုပ်ဦးနုနဲ့ ဗုဒ္ဓဘာသာအမြင် ဆွေးနွေးချက်ကလေးတွေ၊ ရိုးရာရှင်ပြုပွဲ၊ နယ်စပ်ဒေသက တိုင်းရင်းသားတွေနဲ့ […]