အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ (မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

 ” မကြာသေးခင် လေးငါးခြောက်နှစ်အတွင်းမှာတော့ အထူးရေပန်းစားလာကတော့ ဒီသံမဏိတံတား လက်ရမ်းသံဇကာ ကွက်တွေမှာ သော့ခလောက်ချိတ်တဲ့ ယဉ်ကျေးမှုထွန်းကား လာတာ ဖြစ်ပါတယ်၊”   ဥရောပရှုခင်း အမှိုက်ပုံးထဲရောက်သွားသော အချစ်သော့များ   ပါရီမြို့ရဲ့နာမည်ကျော်စဲန်းမြစ်ပေါ်က လူကူးတံတားဖြစ်တဲ့ (Passerelle des Arts) Pont des Arts တံတားလက်ရမ်းများမှာ ချိတ်ဆွဲထားတဲ့ အချစ်ကြီးသူတွေရဲ့သော့ခလောက်တချို့တော့ တနင်္ဂနွေ နေ့ ၂၀၁၄ ခုနှစ် ဂျွန်လ ၆ ရက်နေ့ မနေ့က ဇာတ်သိမ်းခန်း သို့ ရောက်ရှိသွားပါပြီ။   ပါရီမြို့ အနုပညာအကယ်ဒမီကျောင်းရှေ့က ဒီတံတားကို Napoléon I (Napoléon Bonaparte) ပထမမြောက် နပိုလီယံ (၁၇၆၉-၁၈၂၁) ဘုရင်လက်ထက် ၁၈၀၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ၊   ၁၈၅၂ […]

မောင်ရင်ငတေနေတဲ့ မြို့အကြောင်း (မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

ရောက်တတ်ရာရာအတိုအစများ မောင်ရင်ငတေနေတဲ့ မြို့အကြောင်း   မောင်ရင်ငတေရဲ့လက်ရှိရောက်ရှိနေထိုင်တဲ့ မြို့ကိုတော့ မြန်မာလူမျိုးတိုင်းလိုလို သိ ကြပါတယ်၊ ကြွားတယ်လို့တော့ မထင်လိုက်ကြပါနဲ့ မောင်ရင်ငတေနေတာ ပဲရစ်မြို့ လို့ခေါ်ပါတယ်၊ဒီမြို့မှာရှိတဲ့ အီဖယ်လ်မျှော်စင်ကြီးနဲ့အတူ ပဲရစ်မြို့ သို့မဟုတ်  ပြင် သစ် အခေါ် ပါရီမြို့တော်ကို ကမ္ဘာအရပ်ရပ်ရှိ လူတွေအားလုံးသိကြသလို ရောက်ဖူး ချင်ကြမှာပါ၊ မောင်ရင်ငတေကတော့ ဘယ်လိုဘဝတွေကရှေးရေစက်ကြောင့် လည်းတာ့မသိပါဘူး၊ ယောင်လည်လည်ရာက်ခဲ့ပြီးနောက် ခွာလို့မရတော့ပါဘူး၊ ဘာမသိညာမသိ ပြင်သစ်လိုဘွန်ရှုးဆိုတဲ့ နှုတ်ခွန်းဆက်စကားတခွန်း နဲ့ မြန်မာပြည် က အိမ်ခန်းအပေါင်ခံထားခဲ့ပြီးရာက်လာခဲ့တဲ့ မောင်ရင်ငတေတယောက်တော့ ပါရီ မြို့ရဲ့ လမ်းကြိုလမ်းကြားတွေမှာ စတင်ရောက်ရှိကတည်းက အခုထိတိုင်လျှောက်နေ ခဲ့လျှောက်နေဆဲပေါ့။ ဒီမြို့မှာ ပါရီမှာ တွေ့ရှိရတာ အများဆုံးကတော့ ကမ္ဘာလှည့် ခရီးသည်တွေရယ် ကမ္ဘာ အရပ်ရပ်ကနေရောက်ရှိလာတဲ့ မောင်ရင်ငတေတို့လို ဒုက္ခသည်တွေရယ်ပေါ့၊ ပြင် […]

“မျိုးဆက်သစ်နဲ့ အောင်ပွဲခံပါ” (ကိုညို -အော်စလို)

Posted on Posted in ဒေသန္တရရှုခင်း

” ဒီနေ့လို ခမ်းနားပျော်ရွှင်ဖို့  နော်ဝေးလူမျိုးတွေ နှစ်ပေါင်းရာနဲ့ချီပြီး ဒုက္ခတွေနဲ့ ရင်းခဲ့ရတယ်။ တပါး နိုင်ငံတွေရဲ့လက်အောက်မှာ နေခဲ့ရတယ်။ ၁၃ ရာစု အလယ်လောက် (၁၃၄၉) မှာ သူတို့ အားလုံး အမှောင်လွှမ်းတဲ့ခေတ်ထဲ ကျခဲ့တယ်။ ပုလိပ်ရောဂါကပ်ဆိုးကြီးကျခဲ့တယ် ..”   “မျိုးဆက်သစ်နဲ့ အောင်ပွဲခံပါ” May 16, 2014 at 6:40pm လူတွေဟာ လှိုင်းလုံးကြီးတွေလို တရွေ့ရွေ့တအိအိ။ အနီအောက်ခံမှာ အပြာနဲ့ အဖြူကွပ် ထားတဲ့ ကြက်ခြေခတ်အလံတွေကလည်း Karljohn လမ်းမပေါ်မှာ တဖျတ်ဖျတ်။ ဆယ်နှစ်ဝန်းကျင်အရွယ် ရောင်စုံ ယူနီဖောင်းတွေဝတ်ပြီး  လေမှုတ် တူရိယာတွေ၊ ဘင်ခရာတွေ တီးနေကြတဲ့ ကလေးငယ် တွေက တက်တက်ကြွကြွ။ ပျိုပျို၊ ငယ်ငယ် အိုအို အရွယ်သုံးပါးနဲ့ မြို့တော်သူ […]

အနှစ်လေးဆယ်ကြာ ပျောက်ဆုံးနေသော ဗန်ဂိုးရဲ့ပန်းချီကား (မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

အနှစ်လေးဆယ်ကြာ ပျောက်ဆုံးနေသော ဗန်ဂိုးရဲ့ပန်းချီကား ဟုတ်မဟုတ် သေချာမသေချာတော့ မသိပါ၊ ဟုတ်တာမဟုတ်တာ အသာလေးထားပါ၊ သတင်းကတော့ မောင်ရင်ငတေတို့ စိတ်ဝင်စားတဲ့ သတင်းပါပဲ။ မနေ့က သတင်းတပုဒ်မှာ ဖတ်လိုက်ရလို့ ပွားလိုက်တာပါ၊ ဟော်လန် Postimpressionnisme ပန်းချီဆရာကြီး Vincent Van Gogh ဗန်ဂိုး (၁၈၅၃-၁၈၉၀) ရဲ့ နှစ်ပေါင်းများစွာကြာ (အနှစ်လေးဆယ်ကျော်ကြာ) ပျောက် ဆုံးနေတယ်ဆိုတဲ့ ပန်ချီကားတချပ်ကို စပိန်နိုင်ငံ ဘဏ်တခုမှာအပ်နှံထားတဲ့ အခွန် မဆောင်နိုင်တော့တဲ့သေတ္တာတွေကို ဖွင့်စစ်ဆေးစဉ် စစ်ဆေးရေးအရာရှိများ က ပြန်လည်တွေ့ရှိတယ်လို့ သတင်းများက ဆိုပါတယ်၊ တွေ့ရှိရတဲ့ သတင်းတွေထဲကပုံအရ ၁၈၈၉ ခုနှစ်မှာ ပြင်သစ်ပြည်တောင်ပိုင်းရှိ Saint- Rémy-de-Provence မြို့မှာ ဗန်ဂိုးနေထိုင်နေစဉ်က ရေးဆွဲခဲ့တဲ့ ဆိုက်ပရပ်ပင် ပန်းချီကားများထဲက တကားဖြစ်ဖို့ များပါတယ်၊ ဒီ […]

တနယ်အဝေးမှာ ကားရေဆေးနေတဲ့ သူတို့ဘဝ (ဟိန်းနိုင်၊ မန္တလေး)

Posted on Posted in ဒေသန္တရရှုခင်း

ဘဝအမောတွေပြင်းထန်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ စားဝတ်နေရေးအတွက် ကိုယ့်နိုင်ငံကိုယ့်ဇာတိကိုစွန့်ခွာ အလုပ်ရှာထွက်ကြရင်း မြန်မာပြည်ပိုင်နယ်စပ် မူဆယ်မြို့ကိုကျော် တရုတ် နယ်စပ်ရွှေလီမြို့ကိုဝင်လာပြီး … တနယ်အဝေးမှာ ကားရေဆေးနေတဲ့ သူတို့ဘဝ   ရွာမှာထန်းတက်တာ တစ်ပိသာမှ (၅၀၀)ကျပ်၊ တစ်ရက် (၅)ပိသာရအောင် တော်တော် ပင်ပင် ပမ်းပမ်းတက်ရတယ်။ ရွှေလီမှာ အစ်မတွေရောက်နေတော့ အစ်မတွေက လှမ်းခေါ်လို့ ရောက်လာပြီး ဒီလုပ်ငန်းလုပ်နေရတာ ထမင်းကျွေးတယ်၊ အိပ်ခန်းပေးတယ်၊ ဝင်စဆိုတော့ ၇၀၀ ယွမ်ပေးတယ်။ မြန်မာငွေပေါက်ဈေးနဲ့ဆိုရင် တစ်သိန်းတစ်သောင်းလောက် ရှိတယ်။ လခကိုအစ်မတွေကထုတ်ယူပြီး အိမ်ပို့ပေးတယ်လို့ ၁၈ နှစ်အရွယ် ပခုက္ကူနယ်သား ဖိုးတာရဲ့ အသံ ကို ရွှေလီမြို့ကားရေဆေးဆိုင်မှာ ကြားခဲ့ရပါတယ်။ ဘဝအမောတွေပြင်းထန်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ စားဝတ်နေရေးအတွက် ကိုယ့်နိုင်ငံကိုယ့်ဇာတိကိုစွန့်ခွာ အလုပ်ရှာထွက်ကြရင်း မြန်မာပြည်ပိုင်နယ်စပ် မူဆယ်မြို့ကိုကျော် တရုတ် နယ်စပ်ရွှေလီမြို့ကိုဝင်လာပြီး […]

ရောက်တတ်ရာရာ အတိုအစများ (မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

ပန်းချီဆရာ ဗန်ဂိုးရဲ့ နောက်ဆုံး အိမ်လိပ်စာ တည်ရှိရာ နေရာကလည်း ပန်းချီကား တချပ်လိုပါ၊ အဲဒါကြောင့်လည်း ဗန်ဂိုး အပါအဝင် ဗန်ဂိုးထက် ရှေးပိုကျသူ ပန်းချီဆရာများ ခေတ်က စလို့ ဒီကနေ့ခေတ်ထိတိုင်အောင် ဒီနေရာကို ပန်းချီဆရာများ အပါအဝင် ခံစားတတ်သူများ ရောက် ရောက်လာကြတာ ဖြစ်လိမ့်မယ်ထင်ပါတယ်၊ ရောက်တတ်ရာရာအတိုအစများ   ဗန်ဂိုးရဲ့နောက်ဆုံးခြေရာများ (Auvers-sur-Oise) (ပါရီ နေ့ချင်းပြန်ခရီးစဉ် အမှတ်နှစ်) (Photo Google)     (Photo Google) ဗင်းဆင့်ဗန်ဂိုး သူ့ဘဝ နောက်ဆုံးရက်များမှာ နေထိုင်ရင်း ပန်းချီကားပေါင်းများစွာ ရေးဆွဲသွားခဲ့တဲ့ Auvers-sur-Oise မြို့လေးဟာ ပါရီမြို့အနောက်မြောက်ဘက် ၃၃ ကီလိုမီတာ အကွာမှာတည်ရှိပြီး L’Oise မြစ်ကမ်းပေါ်မှ Auvers မြို့လို့ အမည်ရပါတယ်၊ Auvers […]

ခွပ်ဒေါင်းလံတလူလူလွင့်နေတဲ့တိုကျိုသင်္ကြန် (ကိုချို)

Posted on Posted in ဒေသန္တရရှုခင်း

ခွပ်ဒေါင်းလံတလူလူလွင့်နေတဲ့တိုကျိုသင်္ကြန် ဧပြီ ၁၃ ရက် ဂျပန်မြေမှာ ချယ်ရီတွေလည်းကြွေနေသလို ပိတောက်လည်းမပွင့်ခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေဟာ ရိုးရာအစဉ်အလာမပျက် အတာသင်္ကြန်ရေသဘင်ပွဲကိုတော့ ခွပ်ဒေါင်းအလံတလူလူလွင့်တင်ပြီး တိုကျိုမြို့မှာ ကျင်းပခဲ့ကြပါတယ်။ ဒီရေသဘင်ပွဲတော်ကို အမိမြေနဲ့ဝေးကွာနေရတဲ့မြန်မာနိုင်ငံသားများ၊ မြန်မာပြည်ကနေ ပညာလာရောက်ရှာမှီးနေသူကျောင်းသူကျောင်းသားများ၊ နိုင်ငံခြားသားများအပါအ၀င် လူပေါင်း ၂၀၀၀  ၀န်းကျင်ခန့် ပါဝင်တက်ရောက်ခဲ့ကြတဲ့အတွက် ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၄ တိုကျိုသင်္ကြန်ဟာ တေးဂီတဖျော်ဖြေပွဲတွေပါဝင်သလို မြန်မာဓလေ့စားသောက်ဖွယ်မျိုးစုံကိုလည်း ဆိုင်များတည်ခင်းရောင်းချကြတဲ့အတွက်  ပိုမိုစည်ကားစေပါတယ်။ မြန်မာ့နိုင်ငံရေးအခြေအနေကိုထင်ဟပ်နေတဲ့ ၅၉ (စ) (ဃ) ပယ်ဖျက်ရေးလှုပ်ရှားမှုကိုလည်း ဒေါင်းအလံတလူလူဝေနေတဲ့ကြားမှာ အထင်းသားမြင်တွေ့ရတာကို ဓာတ်ပုံတွေမှာ မြင်နိုင်ကြောင်းပါ။ ကိုချို    

တိုကျိုမှာ ဗိုက်ထဲက ဆာလာတဲ့အခါ (မောင်သာချို)

Posted on Posted in ဒေသန္တရရှုခင်း

  တိုကျိုမှာ ဗိုက်ထဲက ဆာလာတဲ့အခါ   မောင်သာချို   (တစ်)   နှီးဒေါင်းလန်းကြီးခူးပြီးသောခါ သမီးနှင့်သားများလို့မဝင်သာ ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက် သူ့ထက်ငါလေ စားတော့မည်စေ စားပေသာလှ အုန်းခွက် ကယ်နှင့်လေး.. တဲ့။   နာမည်ကျော် ကဗျာစာဆိုတော်ကြီး ဝန်ကြီးပဒေသရာဇာ၏တျာချင်းကဗျာတစ်ပုဒ်ထဲက အပိုဒ်တစ်ပိုဒ်ကို ကောက်နုတ်ဖော်ပြ လိုက်ခြင်းပင်ဖြစ်ပါသည်။ ရှေးမြန်မာမိသားစုတို့ ထမင်းစားသောက်ကြသောအခါ ဝါးနှီးဖြင့် ရက်ထားသည့် နှီးဒေါင်းလန်းကြီး ထဲ၌ ထမင်းကိုယ်စီပုံကာ လက်ရည်တစ်ပြင်တည်း တရင်းတနှီး စားကြသောက်ကြသည့် ဓလေ့ကိုချစ်မြတ်နိုးဖွယ်ရာ ဖွဲ့ဆိုထားသည့် ကဗျာစာပိုဒ် ပင်ဖြစ်ပါသည်။ မန္တလေးမြို့နန်းရှေ့တွင်နေသူဖြစ်သဖြင့် နန်းတော်ရှေ့ဆရာတင်ဟူ၍ ထင်ရှားသူ ဂီတစာဆိုကြီး ကတော့ သူ့လက်ရည် တစ်ပြင်တည်းသီချင်းထဲတွင် ‘‘ လက်ရည်တစ်ပြင်တည်း.. နှီးဒေါင်းလန်းတွေနဲ့..ဝိုင်းဖွဲ့ကာ..စားကြပြန်သည် ’’ စသည် စသည်ဖြင့် မိသားစု၏နွေးထွေးသောထမင်းဝိုင်းကလေးကို ဖွဲ့နွဲ့စပ်ဆိုခဲ့ပြန်ပါလေသည်။ […]

ဥရောပနာရီ နွေနာရီ- (မောင်ရင်ငတေ)

Posted on Posted in ဒေသန္တရရှုခင်း

  တိုတိုထွာထွာ ဥရောပရှုခင်း ဥရောပနာရီ နွေနာရီ Heure d’été (Daylight Saving Time)   ဥရောပနိုင်ငံတွေမှာ မတ်လ နောက်ဆုံးပတ်ရဲ့ တနင်္ဂနွေနေ့ ဒီကနေ့ အခု တနာရီ ရှေ့တိုးသွားပါပြီ၊ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ နာရီတွေမှာ မနက် နှစ်နာရီက မနက် သုံးနာရီ ဖြစ်သွားပါပြီ၊ လက်ပတ်နာရီ တိုင်ကပ်နာရီလို အင်တာနက်နဲ့ ချိတ်ဆက်မထားတဲ့ နာရီတွေ ရှေ့သို့ တနာရီ တိုးရမယ့် အချိန်ပါ၊ ရထားစီး ကားစီး ခရီးသွားသူများ သတိပြုရန်ပါ၊ တနင်္ဂနွေနေ့ အများစု ကျောင်းပိတ် ရုံးပိတ် အလုပ်ပိတ်ရက်ကို ရွေးချယ်သတ်မှတ်ထားတာ ဖြစ်ပါတယ်၊     ဥရောပမှာ ဒီလိုမျိုး တနှစ်ကို နှစ်ခါ ပြောင်းပါတယ်၊ နွေဦးရာသီ […]

တိုတိုထွာထွာ ဥရောပရှုခင်း-ဗန်ဂိုး ၁၆၁ နှစ်(မောင်ရင်ငတေ)

Posted on 1 CommentPosted in ဒေသန္တရရှုခင်း

တိုတိုထွာထွာ ဥရောပရှုခင်း ပန်းချီဆရာ ဗန်ဂိုး ၁၆၁ နှစ် ဗန်ဂိုး မွေးဖွားခဲ့ရာ နယ်သာလန်နိုင်ငံ အနောက်စွန်း Zundert မြို့လေးက ဗန်ဂိုးဇာတိအိမ်   နောက် သုံးလေးရက်ဆိုရင် Postimpressionnisme ပန်းချီဆရာကြီး Vincent Willem van Gogh ဗန်ဂိုးကိုမွေးဖွားခဲ့တာ နှစ်ပေါင်း ၁၆၁ နှစ် ပြည့်ပါတော့မယ်။ ဗန်ဂိုးကို ၁၈၅၃ ခုနှစ် မတ်လ ၃၀ ရက် နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးဖွားခဲ့ရာနေရာကတော့ နယ်သာလန်ပြည်က Groot-Zundert မြို့လေး မှာပါ။ ဗန်ဂိုးကို မွေးဖွားခဲ့တာက ၁၆၁ နှစ်ရှိခဲ့ပြီဖြစ်သလို ဗန်ဂိုးသေဆုံးခဲ့တာက လည်း ၁၈၉၀ ခုနှစ် ဂျူလိုင်လ ၂၉ ရက်ဆိုတော့ နှစ်ပေါင်း ၁၂၄ နှစ်တိုင် ရှိခဲ့ပါပြီ။ […]