ဗိုလ်ချုပ်အောင်ဆန်း ၏ အဆိုအမိန့်များ

Posted on Posted in အဆိုအမိန့်

(1) Wisdom is not limited to book knowledge but is wide and deep without bound ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြောနက်နဲလှပေသည်။ (2)Politics knows no end. It is Samsara in operation before our eyes,the Samsara of cause and effect,of past and present,of present and future which goes round and round and never ends. နိုင်ငံရေးဆိုတာ […]

အပြောင်းအလဲ အတွက်….

Posted on Posted in အဆိုအမိန့်

“The secret of change is to focus all of your energy,not on fighting the old,but on building the new.” -Socrates “အပြောင်းအလဲအတွက် ဝှက်ဖဲကတော့ အဟောင်းတွေကို ဖြိုဖျက် တာထက် အသစ်တွေကို အဓိကထားပြီး အားသွန်ခွန်စိုက် တည်ဆောက်ရမှာ ဖြစ်တယ်။” -ဆော့ခရတ္တိ (ဘီစီ ၄၇၀ – ၃၉၉)

ဗလစ်ဗလစ် စကားပြောတတ်သော လူများ (ဆရာကြီးရွှေဥဒေါင်း)

Posted on Posted in အဆိုအမိန့်

  ” ဗလစ်ဗလစ် စကားပြောတတ်သော လူများ “ ကျွန်ုပ်သည် ဗလစ်ဗလစ် စကားပြောတတ်သော လူများကို ချဉ်းကပ်၍ ၄င်းတို့၏ ရည်ရွယ်ရင်းစိတ်ထားကို လေ့လာသုံးသပ်ကြည့်၏။ အချို့လူများသည် အထိုက်အလျောက် ပြောရေးဆိုစကလေး ရှိသည်ဆိုလျှင်ပင် အစည်းအဝေးကြုံတိုင်း ထ၍ပြောချင်တတ်၏။ မပြောဘဲ နှုတ်ဆိတ်နေလိုက်သည်ဆိုလျှင် မိမိအား အခြားလူများက မသိနားမလည်သော လူတစ်ယောက်ဟူ၍ မှတ်ထင်သွားကြမည်ဟု ယူဆတတ်ကြ၏။ ထိုသို့သော လူများကား အထိုက်အလျောက် ပြောတတ်သောကြောင့် နားခံသာ၍ ကိစ္စမရှိ ထားဘိဦး၊ ၄င်းတို့ကို အားကျပြီး ခဏခဏ ထ၍ပြောသော လူစားတစ်မျိုးလည်း ရှိသေး၏။ ထိုလူများက လောကတွင် ပြောရေးဆိုစရှိပါမှ လူရာဝင်သည်၊ လူတွင်ကျယ် ဖြစ်နိုင်သည်၊ အတွင်းရေးမှူးဖြစ်နိုင်သည်ဟု နားလည်ကြသည့် လက္ခဏာနှင့် အစည်းအဝေးများသည် ၄င်းတို့၏ လေ့ကျင့်ရာဌာန (Training Ground) […]

စိတ်ဆင်းရဲစရာကောင်းတဲ့ စာ (လူထု ဦးလှ)

Posted on Posted in အဆိုအမိန့်

စိတ်ဆင်းရဲစရာကောင်းတဲ့ စာ   စာရေးချင်တဲ့ လူတယောက်ဟာ ရေးချင်စရာရှိမှ ရေးကောင်းတယ်၊ ဒီအကြောင်းအရာကို ငါ ရေးပြချင်လိုက်တာ၊ ရေးပြောချင်လိုက်တာ၊ သူများတွေ သိစေချင်လိုက်တာဆိုတာမျိုး ကိုယ့်စိတ်ထဲမှာ ထက်ထက်သန်သန် ရှိရပါမယ်၊ ရေးစရာတွေ ရှိနေရပါမယ်။ တကယ်ပြောချင်တာသိစေချင်တာ ပြောစရာရေးစရာအကြောင်းအရာလဲရှိတာမဟုတ်ဘဲနဲ့ ဖျစ်ညှစ်ပြီးရေးရော။ ကိုယ့်မှာ တိတိကျကျမရှိတော့ ရှင်းရှင်းလင်းလင်း စိတ်ထဲကနေ ဆွဲထုတ်ယူလာစရာမရှိဘူး။ မရှိဘဲနဲ့ လျှောက်ရေးနေတော့ စာတွေဟာ ဝိုင်းကြီးပတ်ပတ် ဖြစ်ကုန်ရော။ ဒီအထဲက စကားလုံး အဆန်းထွင်ချင်တာ၊ အဆန်းသုံးပြချင်ရတာဆိုတာတွေက ရှိနေတတ်သေးတော့ အဲဒီ စာရေးဆရာရဲ့စာဟာ ဖတ်ရတဲ့ လူတွေ အင်မတန် စိတ်ဆင်းရဲစရာ ကောင်းတဲ့စာမျိုး ဖြစ်လာတတ်တယ်။ လူထုဦးလှ “ကျွန်တော့်စာတန်း ကျွန်တော့်အဟမ်းများ” မန္တလေး ကြီးပွားရေး၊ ၁၉၈၃ မှ … image credit-gawonnade.blogspot.co.nz