ကျောင်း ကို လာနေတယ် (ကိုသားကြီး)

Posted Posted in ကဗျာ, သတင်း ရှုခင်း

ကျောင်း ကို လာနေတယ် (ကိုသားကြီး) အဖူးအငုံ ပြည့် စိမ်းသန့်ဖွေး တဲ့ ကြက်ရုန်း စပယ်တွေ ရေလောင် နာမှာ စိုးတဲ့ ပူပန်မှုက သားပျောက်မိခင်တွေရဲ့ သက်ပြင်းလို အခန်းတွင်း အပူချိန်များတဲ့အခါ ကိုယ်ချင်းစာလို့ရတယ်။ ရွှံ့ရေ စက်လက် ခြေထောက် တွေနဲ့ အနာဂတ် ကို နာနာကျင်ကျင် မငေါက်ပစ်နိုင်တဲ့ စိတ်က ကျိတ် နာ တယ်။ ဒီအချိန် ကလေး တွေ ကျောင်းကို လာနေတယ်။ လယ်ကန်သင်း ပေါ်က ခြေထောက် ငယ်လေးတွေ ဟာ ဖိနပ်အစား ကြံ့ခိုင်မှုကို နင်းပြီး ကျောင်းကို လာနေတယ်။ လောက အလှတရားကို ပုံဖော်ဖို့ သူတို့ ကျောင်းကို လာနေတယ်။ ကိုယ်ကျင့်တရား မွန်မြတ် သန့်စင်ဖို့ […]

Artist Wunna Zaw’s solo Show

Posted Posted in ယဉ်ကျေးမှုရှုခင်း, သတင်း ရှုခင်း, မြန်မာသတင်း

မြန်မာ ပန်းချီဆရာ  ဝဏ္ဏဇော် ရဲ့ တကိုယ်တော်ပြပွဲဖြစ်တဲ့  From SKETCH to IMPRESSION ကို ထိုင်းနိုင်ငံမဲဆောက်  မြို့ Borderline Art Gallery မှာ စက်တင်ဘာလ(၃) ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိပြသသွားမယ်လို့ သိရပါတယ်။ ဝဏ္ဏဇော် ရဲ့ ဆယ်စုနှစ် အနုပညာ လို့အမည်ပေးထားတဲ့ အဲဒီပန်းချီ ပြပွဲမှာ SKETCH ပုံကြမ်း ၃၀ ကျော် နဲ့ ပန်းချီကား ၁၀ ကားကျော်ကို ပြသထားမှာဖြစ်ပါတယ်။  

အ များ ဆို င် နာ မ် က ဗျာ စာ အု ပ် ထွ က် ပြီ

Posted Posted in သတင်း ရှုခင်း

ကဗျာဆရာမင်းညွန့်လှိုင်နဲ့ရန်လင်းအောင်တို့ရဲ့”အများဆိုင်နာမ်”အမည်ရ ကဗျာစုစည်းမှုစာအုပ်ထွက်ရှိလာပါပြီ ။ကောင်းကင်၊ မိုးမခ နဲ့ ရှုခင်းသစ် အွန်လိုင်းမီဒီယာများမှာဖော်ပြပြီးကဗျာများကိုစုစည်းဖော်ပြထားတာတွေ့ရ ပါတယ်။ကဗျာဆရာကြီးမောင်နီမွန်ရဲ့အမှာစာလည်းပါရှိပါတယ်။ ခက်ဦးရဲ့ ဘာသာပြန်ဆိုမှုနဲ့အတူအင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ရိုက်နှိပ်ထားပါ တယ်။ မြကြိုးကြာစာအုပ်တိုက်ရဲ့ပွဲဦးထွက်တင်ဆက်မှုဖြစ်ပါတယ်။ မင်းရဲညွန့်လှိုင်

နယူးဇီလန် ၊ ဟယ်မီတန်မြို့ (၂၆) နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား

Posted 1 CommentPosted in သတင်း ရှုခင်း

ဟယ်မီတန်၊နယူးဇီလန် (၈) သြဂတ်စ်၊ ၂၀၁၄ နယူးဇီလန်နိုင်ငံ ဟယ်မီတန်မြို့ ၂၆ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားကို စိတ်ပါဝင်စားသူများ၊ တော်လှန်ရေး ရဲဘော်၊ရဲမေများ၊ မျိုးဆက်သစ်လူငယ်များက မမေ့မလျော့ ပါဝင် ဆင်နွဲခဲ့ကြသည်။ အခမ်းအနားကို ခေတ်အဆက်ဆက် ဒီမိုကရေစီနှင့် လွတ်မြောက်ရေး တိုက်ပွဲအတွင်း ကျဆုံးသူများကိုအလေးပြုခြင်း၊ ရှစ်လေးလုံး ဒီမိုကရေစီ တိုက်ပွဲအတွင်း အသက်ပေးအနစ်နာခံသူများကို ဂုဏ်ပြုသောအားဖြင့် ရှစ်စက္ကန့် ငြိမ်သက်အလေးပြုခြင်း၊ ကျဆုံးသူများကို တိုင်တည်၍ သစ္စာ အဓိဋ္ဌာန်ပြုခြင်း၊ ရှစ်လေးလုံး ၂၆ နှစ်မြောက် အခမ်းအနားသို့ ကရင်နီ တိုးတက်ရေး ပါတီမှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခြင်းတို့နှင့် အမှတ်တရ စကားများပြောကြားခြင်း၊ အရေးတော်ပုံကြီးကို ထင်ဟပ်စေသော ကဗျာများ ရွတ်ဆိုခြင်း၊ သီချင်းများသီဆိုဂုဏ်ပြုခြင်း တို့ဖြင့် ဂုဏ်ပြူ ကျင်းပခဲ့ကြသည်။ အမှတ်တရ […]

ဟယ်မီတန်ရောက် မြန်မာများ၏ တတိယ အကြိမ် ဝါဆိုသင်္ကန်း ကပ်လှူ ပွဲ

Posted Posted in သတင်း ရှုခင်း

  နယူးဇီလန်နိုင်ငံ ဟယ်မီတန်မြို့ရောက် မြန်မာ မိသားစုများရဲ့ တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှုပွဲကို ဒီနေ့ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့မှာ Glen view community center မှာ ကျင်းပခဲ့ကြပါတယ်။ အလှုတော်ပွဲကို နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီ အထိ ကျင်းပခဲ့ကြပြီး မြန်မာ ထမင်း၊ ဟင်း၊ ခေါက်ဆွဲကျော်၊ ကြာဇံကြော်၊ မုန့်ဟင်းခါးတို့အပြင် အအေး၊ ကျောက်ကျော အစရှိတဲ့ မုန့်ပဲသွားရေစာများ နဲ့ ကျွေးမွေး ဧည့်ခံခဲ့ပါတယ်။ အဆိုပါ ဝါဆိုသင်္ကန်းကပ်လှုပူဇော်ပွဲကို အောက္ကလန်မြို့မှ မြန်မာ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းမှ သံဃာတော် (၄) ပါးကြွရောက် ချီးမြှင့်ကြပြီး သံဃာတော်များများအတွက် ဝါဆိုသင်္ကန်း အစုံ (၂၀) […]

ကွယ်လွန်သူ မြန်မာ့ခေတ်သစ်ပန်းချီ ဦးဆောင်ဆရာကြီး ဦးခင်မောင်ရင်သို့ ဂါရ၀ပြုကဗျာ

Posted Posted in ကဗျာ, သတင်း ရှုခင်း

ကွယ်လွန်သူ မြန်မာ့ခေတ်သစ်ပန်းချီ ဦးဆောင်ဆရာကြီး ဦးခင်မောင်ရင်သို့ ဂါရ၀ပြုကဗျာ   အရောင်ကြွေခြင်း ကြယ်ကြွေမှာကိုမမြင်ချင်ဘူး ကြယ်ကြွေမှာကိုမမြင်ချင်ဘူး ကြယ်ကြွေမှာကိုမမြင်ချင်ဘူး တစ်ခါက အဲဒီလိုရေးထိုးခဲ့ဖူးရဲ့ ဒီတစ်ခါ ကြွေကျသွားခဲ့တာက အရောင် အမှောင်ခေတ်ကြီးကို လက်ပြ တစ်ဖက်ကို ထွက်ခွာသွားရပြီ ဘယ်လိုစကားလုံးများနဲ့ နှုတ်ဆက်ရပါ့ ဘယ်လိုအသံထွက်များနဲ့ ဦးညွတ်ရပါ့ ခြွေစရာတွေအများကြီးထဲမှ အရောင်ကိုမှ ရွေးခြွေခဲ့ရတယ်လို့ လောကရယ် ရင်နာလိုက်ပါဘိတော့ ။ ။ ကိုထက်-ရေဦး (ပန်းချီဆရာကြီး ဦးခင်မောင်ရင် သို့ ….) 11 ၊ 06 ၊ 2 0 1 4  

တပတ်အတွင်း အနုပညာလောက သတင်းများ

Posted Posted in သတင်း ရှုခင်း

    မိုးရာသီ စာအုပ်ပွဲတော်   ဇွန်လ ၆ ရက်၊၂၀၁၄ နေ့ကစပြီး ဇွန်လ ၈ ရက်၊၂၀၁၄ နေ့အထိ ရန်ကုန်မြို့ မြို့မကျောင်းလမ်း၊ အမျိုးသား ဇာတ်ရုံကြီးမှာ မိုးရာသီစာအုပ် ပွဲတော်ကြီးကို ကျင်းပနေပါတယ်။ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက စီစဉ်တဲ့ပွဲပါ။ စာအုပ်ဆိုင်ပေါင်း (၁၀၀) ကျော်က လာ ရောက်ပြီး စာအုပ်မျိုးစုံကို အထူးလျှော့ဈေးနှုန်း နဲ့ ရောင်းချပေးနေတာမို့ စာပေချစ်မြတ်နိုးသူတွေ စည်စည်ကား ကား လာရောက်အားပေးနေကြပါတယ်။ ပြီးတော့ နေ့စဉ် မွန်းလွဲ ၁ နာရီကစလို့ အနုပညာရှင်တချို့ရဲ့စာပေအနုပညာဆိုင်ရာ ဟောပြောပွဲတွေကိုလည်း ကျင်းပမှာ ဖြစ်တယ်လို့ သတင်းရရှိခဲ့ပါတယ်။   ……………………………………………………………………………………………………………………………………………………………………………………………………..   ခေတ်သစ်ပန်းချီကျော် ဦးခင်မောင်ရင်၏နောက်ဆုံးခရီး   ဇွန်လ (၁၀)ရက်နေ့က ကွယ်လွန်သွားခဲ့သော […]

ကယန်းတိုင်းရင်းသားရေးသည့် ၂၀၀၂- တောင်အာရှအကောင်းဆုံး စာပေဆုရ စာအုပ်ထွက်ပြီ

Posted Posted in သတင်း ရှုခင်း, မြန်မာသတင်း

  မြန်မာနိုင်ငံသားကယန်းတိုင်းရင်းသားရေးသည့် ၂၀၀၂- ခု တောင်အာရှအကောင်းဆုံးစာပေဆုရ စာအုပ်ထွက်ပြီ တောင်ပေါ်ဒေသမှ ကယန်းတိုင်းရင်းသားတစ်ဦး… မန္တလေးမှာ စာပွဲထိုးလေးလုပ်ခဲ့ရသူ တစ်ဦး.. ၈လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ပတ်သက်မိပြီး နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ရင်း တော်လှန်ရေးသမားဖြစ်ခဲ့သူတစ်ဦး… ထိုမှတဆင့် အင်္ဂလန်သို့ရောက်သွားကာ ကိန်းဘရစ်ရှ်တက္ကသိုလ်တွင် ပညာတက်ဖြစ်ခဲ့သူတစ်ဦး… ထို့နောက် ကမ္ဘာကျော်စာရးဆရာဖြစ်ခဲ့သူတစ်ဦး… ထိုတစ်ဦး…. ထိုတစ်ဦးသည်ကား ပါစကယ်ခူးသွယ် သူကြုံတွေ့ခဲ့ရသမျှ ခရီးကြမ်းကြီးကို မကွယ်မ၀ှက်ရေးခဲ့သည့် အခုစာအုပ်သည် ၂၀၀၂- ခုနှစ် အတွက် တောင်အာရှ အကောင်းဆုံးစာပေဆုကို ရရှိခဲ့သည်။ မြန်မာစစ်တပ်၏မုဒိမ်းကျင့် ရွာလုံးကျွတ်လူသတ်ပွဲများ အကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တို့၏ ဘယ်တော့မှ မပြီးမယ့် ပြည်တွင်းစစ် သဘောထားများအကြောင်း၊ ဒုက္ခသည်စခန်းကို ဘန်းပြ စားသောက် နေသူများအကြောင်း၊ ပဒေါင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများအကြောင်း.. အစရှိသည်တို့ကို အပွင့်လင်းဆုံးရေးသားထားရာ အဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တမ်းစာအုပ် ဖြစ်ပေသည်။ သာမန်လူတို့ […]

ကဗျာဆရာ သုံးဦးတို့ရဲ့ကဗျာ (စည်သူငြိမ်း၊ ဘုန်းသက်ပိုင်၊ အောင်ခိုင်မြတ်)

Posted Posted in ကဗျာ, သတင်း ရှုခင်း

” တို့ပြည်” သာပါရဲ့ပြည်ရွှေဝါ လာပါလှည့်လေး ခရိုနီခရိုပြာ ခရိုဝါနက်နဲ့ လှမ်းခက်လှသေး ။ စည်သူငြိမ်း ……………. ကျွန်တော်မပျော်ခဲ့ပါဘူး အခုမှတော့ ဒီဝါကျနဲ့ပဲ အရာအားလုံးအဆုံးသတ်ရတော့မှာပဲ ကျွန်တော်မပျော်ခဲ့ပါဘူး။   တစ်နေ့ပြီးတစ်နေ့ တစက္က္ဘန့်ပြီး တစ်စက္ကန့် တစ်နှစ်ပြီးတစ်နှစ် ကျွန်တော်ဟာ ရင့်ရော်လို့။   ပျောက်ကွယ်သွားတော့မယ့်ကြယ်ပွင့်လေးလို ကျွန်တော့်မျက်လုံးတွေဟာ တဖြည်းဖြည်းမှေးမှိန်လို့ ရက်စက်ကြမ်းတမ်းတဲ့ခေတ်ကြီးကို တစ်ဘ၀လုံးကူးနေခဲ့တာဆိုတော့ တစ်ဘ၀လုံးတောင့်ခဲနေတော့တာပေါ့ ကျနော်မပျော်ခဲ့ပါဘူး။   ငယ်တုန်းကတော့ အင်ဂျင်နီယာကြီးဖြစ်ချင်ကြောင်း လေယာဉ်ပျံကြီးမောင်းပြီး ကမ္ဘာကြီးကိုအပေါ်က မိုးကြည့်ချင်ကြောင်း တဖွဖွပြောပြမိတယ်။ အခုတော့ ဘာဖြစ်ချင်သေးလဲ ကမ္ဘာကြီးကိုကောင်းစေချင်တယ် ရွေးမိတဲ့လမ်းအတိုင်း တစ်ယောက်ထဲ ဒယီးဒယိုင်လျှောက်လို့၊ ဒဏ်ရာတွေနာလွန်းပေမယ့် မငိုအောင်တောင့်ထားလို့ ရင်တစ်အုံလုံး မီးဟုန်းဟုန်းတောက်လို့ ကတ်ကိုဘိန်း သူ့ဘ၀သူ ဆုံးဖြတ်လိုက်ချိန်မှာ ဘယ်သီချင်းကို သူဆိုသွားခဲ့သလဲ၊   ဟဲမင်းဝေးရွေးလိုက်တဲ့ကျည်ဆံဟာ နံပတ်ဘယ်လောက်လဲ၊ […]