နိုဘယ်လ်ဆုရ စာရေးဆရာ ဂါဘရီရယ် ဂါဇီယာ မားကွက်ဇ် (Gabriel Garcia Marquez) ကွယ်လွန်

Posted on Posted in နိုင်ငံတကာ သတင်း

17 April 2014 နိုဘယ်လ်ဆုရ ကိုလမ်ဘီယာ စာရေးဆရာကြီး ဂါဘရီရယ် ဂါဇီယာ မားကွက်ဇ် (Gabriel Garcia Marquez) အသက်(၈၇)နှစ် ဟာ အဆုတ်နဲ့ ဆီးလမ်းကြောင်းမှာ ပိုးဝင်တဲ့ ရောဂါ ကြောင့် ဒီနေ့   မက္ကစီကို စီးတီး ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဧပြီလ(၈)ရက်နေ့ကတည်းက နေအိမ်မှာ အဆုတ်ရောင် အအေးမိ နမိုးနီးယား ရောဂါကနေ ပြန်လည်သက်သာလာခဲ့ပြီး နောက် ပိုင်းမှာ သူဟာ ခံနိုင်ရည်မရှိတော့တာ လို့ သူသေဆုံးကြောင်းကို အတည်ပြုပြောကြားခဲ့တဲ့ နီးစပ်တဲ့ဆွေမျိုးတဦးက ပြောပါတယ်။ ၁၉၆၇ ခုနှစ်က ထုတ်ဝေခဲ့ပြီး ကျော်ကြား လှတဲ့ One Hundred Years of Solitude စာအုပ်ရဲ့ ဖန်တီးသူ   ဂါဘရီရယ် ဂါဇီယာ […]

Refugee Service ရုံးခန်းနေရာပြောင်းရွေ့

Posted on Posted in သတင်း ရှုခင်း, နိုင်ငံတကာ သတင်း

 ဝိုက်ကာတို (Waikato) ဒေသတွင်းရှိ ဟယ်မီတန်မြို့မှ Refugee Service ရုံးခန်းကို ယခင်က ဟယ်မီတန် အရှေ့ပိုင်းရှိ ဘောင်ဒရီလမ်းတွင် ဖွင့်လှစ်ထားရာ မှ ယခုအခါ တီရာပါ (Te Rapa)လမ်းရှိ နယူးဇီလန်ကြက်ခြေနီ ရုံးသို့ ပြောင်းရွှေ့ဖွင့်လှစ် ထားရှိကြောင်း ရှုခင်းသစ်မှ သတင်းရရှိသည်။ နယူးဇီလန်နိုင်ငံ တွင်းသို့  ဒုက္ခသည်အဖြစ် အခြေချရောက် ရှိလာသော  မြန်မာ အပါအဝင် ကိုလမ်ဘီယာ၊ အီရန်၊ ဆိုမာလီ၊ ဂျဗူဒီ၊ ကွန်ဂို အစရှိသော နိုင်ငံများ မှ ဒုက္ခသည် များကို Refugee Service မှ ရောက်ကာစတွင် အဆင်ပြေစေရန် တတ်နိုင်သမျှ  အကူညီပေးလေ့ရှိသည်။ Refugee Service ရုံးများကိုလည်း ဒုက္ခသည်အများစုအား နေရာချ ထားလေ့ ရှိသော  မြို့များတွင် […]

ချီလီ နိုင်ငံတွင် ပြင်းအား ၈.၂ ရှိ ငလျှင် လှုပ်

Posted on Posted in သတင်း ရှုခင်း, နိုင်ငံတကာ သတင်း

ပြီးခဲ့ တဲ့ ၂.၄.၂၀၁၄ (အင်္ဂါနေ့) က  တောင်အမေရိကတိုက် ရှိ ချီလီ(Chile) နိုင်ငံမှာ ပြင်းအား  ၈.၂ ပမာဏ အဆင့်ရှိတဲ့ ပြင်းထန်တဲ့ ငလျင် တခုလှုပ်ခတ်သွားကြောင်း သိရပါတယ်။ အဲ ဒီ့ငလျင်ဟာ ပစိဖိတ် သမုဒ္ဒရာ ကမ်းရိုးတန်း တ၀ိုက် မှာ တိုက်ခတ်သွားခဲ့ပြီး ပင်လယ် ကမ်းရိုးတန်းမြို့တွေ ဖြစ်တဲ့ Iquique မြို့နဲ့ Arica မြို့တွေ ကို အထိက ဗဟိုပြု  လှုပ်သွားကြောင်း သိရပါတယ်. အဲဒီ့ မြို့ တွေ ဟာ ငလျင် ဗဟိုချက်မနဲ့ အနီးကပ်ဆုံးမြို့တွေ ဖြစ်ပါတယ်။ လူ ၆ ဦးသာ သေဆုံး သွားခဲ့ပေမယ့် လည်း အပျက်အစီး များစွာဖြစ်ပေါ်သွားခဲ့ပါတယ်။ ငလျင် ဖြစ်ပေါ်ပြီးနောက် […]

ဟယ်မီတန်မြို့ အနှစ် ၁၅၀ ပြည့်မွေးနေ့

Posted on Posted in သတင်း ရှုခင်း, နိုင်ငံတကာ သတင်း

နယူးဇီလန် နိုင်ငံ မြောက်ကျွန်းပေါ်မှာ ရှိတဲ့ ဟယ်မီတန်မြို့ရဲ့ နှစ် ၁၅၀ မြောက် မွေးနေ့ ကို ဒီရက်သတ္တပါတ် အတွင်းမှာ ကျင်းပကြပါတယ်။ နှစ်စဉ် ပြုလုပ်နေကျဖြစ် တဲ့ Baloom over Waikato ဆိုတဲ့ လှုပ်ရှားမှု ကလည်း ကျော်ကြားလှပါတယ်။ ဒီနှစ် ၁၅၀ ပြည့်နေ့မှာ လည်းအဲဒီ မီးပုံးပျံတွေနဲ့ အလှပြ ထွန်းညှိပြီးပြသ ခဲ့ပါတယ်။ ပုံမှန်ဆိုယင် မီးပုံးပျံတွေဟာ မြင်နေကျ ပုံစံ နဲ့ Waikato ဒေသအတွင်းမှာ နှစ်စဉ် စက်တင်ဘာလ ကနေ ဇူလိုင်လ အထိ စီးနင်းပျံသန်းလေ့ရှိပြီး လူတဦးလျှင် ၃၅၀ ဒေါ်လာနှုန်းနဲ့ ကောင်းကင်မှာ ၄ နာရီကြာ ပျံသန်းကြည့်ရှုနှိုင်ပါတယ်။ဝိုက်ကာတို ဒေသတွင်းက ရိုတိုရူဝ ရဲ့ ရေအိုင်နဲ့ […]

မြန်မာ နိုင်ငံ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆိုးလ်မြို့တော်တွင် ဆန္ဒပြ

Posted on Posted in နိုင်ငံတကာ သတင်း

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တော်ရှိ မြန်မာသံရုံးရှေ့ တွင် မြန်မာ နိုင်ငံ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် မြန်မာ နိုင်ငံမှ လာရောက်အခြေချ နေထိုင်နေသော မြန်မာ ဒုက္ခသည်များက ဆန္ဒပြခဲ့ကြသည်။ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ကွန်ယက် မှ အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးနှင့် ဒီမိုကရေစီ စည်းမျဉ်း၊စည်းကမ်းများ လိုက်နာရန် တောင်းဆိုချက်များ ပါဝင်သော