Artist Wunna Zaw’s solo Show

Posted Posted in ယဉ်ကျေးမှုရှုခင်း, သတင်း ရှုခင်း, မြန်မာသတင်း

မြန်မာ ပန်းချီဆရာ  ဝဏ္ဏဇော် ရဲ့ တကိုယ်တော်ပြပွဲဖြစ်တဲ့  From SKETCH to IMPRESSION ကို ထိုင်းနိုင်ငံမဲဆောက်  မြို့ Borderline Art Gallery မှာ စက်တင်ဘာလ(၃) ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိပြသသွားမယ်လို့ သိရပါတယ်။ ဝဏ္ဏဇော် ရဲ့ ဆယ်စုနှစ် အနုပညာ လို့အမည်ပေးထားတဲ့ အဲဒီပန်းချီ ပြပွဲမှာ SKETCH ပုံကြမ်း ၃၀ ကျော် နဲ့ ပန်းချီကား ၁၀ ကားကျော်ကို ပြသထားမှာဖြစ်ပါတယ်။  

ကယန်းတိုင်းရင်းသားရေးသည့် ၂၀၀၂- တောင်အာရှအကောင်းဆုံး စာပေဆုရ စာအုပ်ထွက်ပြီ

Posted Posted in သတင်း ရှုခင်း, မြန်မာသတင်း

  မြန်မာနိုင်ငံသားကယန်းတိုင်းရင်းသားရေးသည့် ၂၀၀၂- ခု တောင်အာရှအကောင်းဆုံးစာပေဆုရ စာအုပ်ထွက်ပြီ တောင်ပေါ်ဒေသမှ ကယန်းတိုင်းရင်းသားတစ်ဦး… မန္တလေးမှာ စာပွဲထိုးလေးလုပ်ခဲ့ရသူ တစ်ဦး.. ၈လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ပတ်သက်မိပြီး နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ရင်း တော်လှန်ရေးသမားဖြစ်ခဲ့သူတစ်ဦး… ထိုမှတဆင့် အင်္ဂလန်သို့ရောက်သွားကာ ကိန်းဘရစ်ရှ်တက္ကသိုလ်တွင် ပညာတက်ဖြစ်ခဲ့သူတစ်ဦး… ထို့နောက် ကမ္ဘာကျော်စာရးဆရာဖြစ်ခဲ့သူတစ်ဦး… ထိုတစ်ဦး…. ထိုတစ်ဦးသည်ကား ပါစကယ်ခူးသွယ် သူကြုံတွေ့ခဲ့ရသမျှ ခရီးကြမ်းကြီးကို မကွယ်မ၀ှက်ရေးခဲ့သည့် အခုစာအုပ်သည် ၂၀၀၂- ခုနှစ် အတွက် တောင်အာရှ အကောင်းဆုံးစာပေဆုကို ရရှိခဲ့သည်။ မြန်မာစစ်တပ်၏မုဒိမ်းကျင့် ရွာလုံးကျွတ်လူသတ်ပွဲများ အကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တို့၏ ဘယ်တော့မှ မပြီးမယ့် ပြည်တွင်းစစ် သဘောထားများအကြောင်း၊ ဒုက္ခသည်စခန်းကို ဘန်းပြ စားသောက် နေသူများအကြောင်း၊ ပဒေါင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများအကြောင်း.. အစရှိသည်တို့ကို အပွင့်လင်းဆုံးရေးသားထားရာ အဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တမ်းစာအုပ် ဖြစ်ပေသည်။ သာမန်လူတို့ […]

ဆောင်းဝင်းလတ်၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်ရှိ

Posted Posted in မြန်မာသတင်း

ဆောင်းဝင်းလတ်၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်ရှိ   မဂ္ဂဇင်းဝတ္ထုတိုများစုစည်းမှုအဖြစ်၂၀၁၄- ခုနှစ်၊ ဇွန်လမှာ ‘’ စိတ်ကူးချိုချိုအနုပညာ ‘’ စာအုပ်တိုက်မှ စာရေးဆရာဆောင်းဝင်းလတ်၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်ရှိလာပါတယ်။   ‘’ အရှင်ထွက်နှင့် သည်ဘက်ခေတ် ၀တ္ထုတိုများ ‘’ ဟု အမည်ပေးထားသည့် အဆိုပါစာအုပ်ထဲမှာ စုစုပေါင်းဝတ္ထုတို အပုဒ် ၂၀ ပါဝင်ကြောင်းလည်း သိရှိရပြီး စာအုပ်မျက်နှာဖုံးအပြင်အဆင်ကို m.s.o က ပြုလုပ်ပေးထားပါတယ်။  

ရဲရဲဝံ့ဝံ့ ပွင့်ဖူး … ထူးထူးကဲကဲ မွှေးမြတော့မည့် နှင်းဆီဖြူ မဂ္ဂဇင်း

Posted Posted in မြန်မာသတင်း

  နှင်းဆီဖြူ  မဂ္ဂဇင်း ရဲရဲဝံ့ဝံ့ပွင့်ဖူးဖို့…..ထူးထူးကဲကဲ မွှေးမြဖို့ နှင်းဆီဖြူကတော့ အစွမ်းကုန် အားယူကြိုးပမ်းခဲ့ကြတဲ့ နှင်းဆီဖြူ .. အစွမ်းကုန်ဖူးပွင့်ပါပြီ။ ဘက်စုံ ထောင့်စုံ ကလောင်စုံ ကဏ္ဍစုံ အရောင်စုံ အသွေးစုံ ကလောင်သစ် ကလောင်ဟောင်းမြောက်မြားစွာ ခင်းကျင်းလျက် အတွဲ (၁)၊ အမှတ် (၁)၊ “ဇွန်လ (၂) ရက်နေ့” တွင် ထွက်တော့ပါမည်။ မန္တလေး ထွန်းဦးစာပေ၊ နဂါးစာပေတို့ကို တင်ပို့ပေးသွားမှာပါ။ အထက်မြန်မာပြည်နဲ့ အနယ်နယ်အရပ်ရပ်မှာ ဝယ်ယူရရှိနိုင်မယ့်ဆိုင်စာရင်းကို ရက်ပိုင်း အတွင်း နှင်းဆီဖြူဖေ့ဘွတ်ကနေပြီး အသိပေးကြေညာပေးသွားပါမယ်။ စာအုပ်မရောက်နိုင်တဲ့ အချို့နယ်များမှဖတ်ရှုလိုသူများရှိပါက နှင်းဆီဖြူတိုက်ကို ဖေ့ဘွတ် မက်ဆေ့ခ်ျမှလည်းကောင်း hninnsiphyu.mm@gmail.com မှလည်းကောင်း မှာကြားနိုင်ပါတယ်။ နှင်းဆီဖြူမှ နယ်များသို့ရောက်ရှိအောင် လည်း ပေးပို့ပေးသွားပါ မယ်။ နှင်းဆီဖြူကို စိတ်ဝင်တစား အားပေးကြမယ့်အတွက် […]

ရသစာပေတိုးတက်ပြန့်ပွားရေးဆွေးနွေးပွဲနှင့် မင်းသစ်၏ ‘’ အိပ်မက်ကွန်ဖရင့် ‘’ စာအုပ်မိတ်ဆက်ပွဲ

Posted Posted in မြန်မာသတင်း

” မြန်မာရသစာပေဆွေနွေးပွဲသတင်း “ ၁၈ မေလ ၂၀၁၄       [                    မြန်မာရသစာပေတိုးတက်ပြန့်ပွားရေးဆွေးနွေးပွဲနှင့် စာရေးဆရာ မင်းသစ်၏  ‘’ အိပ်မက်ကွန်ဖရင့် ‘’ စာအုပ်မိတ်ဆက်ပွဲ ]   မေလ(၁၇)ရက်၊၂၀၁၄ ခုနှစ်၊ မွန်းလွဲ (၁ နာရီမှ ညနေ ၄ နာရီ) အထိ ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ ၃၅ လမ်း(အလယ်)ရှိ ပေါ်ပြူလာဂျာနယ်တိုက်အပေါ်ဆုံး ထပ်တွင် မြန်မာရသစာပေတိုး တက်ပြန့်ပွားရေးအတွက် စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)၊ စာရေးဆရာကြည်မင်း တို့က ဦးဆောင်ကာ ဖိတ်ကြားထားသော၊ စာရေးဆရာများနှင့် ဆွေးနွေးခဲ့ကြပြီး […]

မိုးမခ ပရိတ်သတ်များ မိုးမခမဂ္ဂဇင်းကို ပြည်တွင်းမှာ ၀ယ်ယူ ဖတ်ရှုနိုင်ပြီ။

Posted Posted in မြန်မာသတင်း

 မိုးမခ မဂ္ဂဇင်း ပြည်တွင်းမှာ ၀ယ်ယူဖတ်ရှုနိုင်ပါပြီ။   ပြည်ပမှာ အင်တာနက်စာမျက်နှာ အွန်လိုင်းမဂ္ဂဇင်းအဖြစ် ဆယ်စုနှစ်တခုကြာ ကိုယ်ထူကိုယ်ထ ရပ်တည်ခဲ့ပြီး မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ လွတ်လပ်တဲ့ အနုပညာ ဟူသော ခံယူချက်အုတ်မြစ်နဲ့အတူ ..အနု ရသ အသားပေး မိုးမခမဂ္ဂဇင်းကို ၂၀၁၄ ဧပြီလမှစတင်ကာ ဗမာပြည်အတွင်း ထုတ်ဝေနေပါပြီ။ မိုးမခ ပရိတ်သတ်ကြီးအနေနဲ့ … ၀ယ်ယူအားပေးနိုင်ကြကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ရောင်းဈေး ကျပ် ၁၅၀၀ နှင့် မိုးမခချစ်သူများ ဧပြီနှင့် မေလထုတ်များ ၀ယ်ယူနိုင်ပါပြီ။

(၉၅)နှစ်မြောက် ဒဂုန်တာရာ မွေးနေ့ စာတမ်းဖတ်ပွဲကျင်းပမည်

Posted Posted in မြန်မာသတင်း

(၉၅)နှစ်မြောက် ဒဂုန်တာရာ မွေးနေ့ စာတမ်းဖတ်ပွဲကျင်းပမည် (၉၅) နှစ်မြောက် ဒဂုန်တာရာမွေးနေ့ အမှတ်တရစာတမ်းဖတ်ပွဲ အစီ အစဉ်ကိုရှမ်းပြည်နယ်အာင်ပန်းမြို့၌ မေ(၁၀)ရက်နေ့တွင် ပြုလုပ်သွား မည် ဟုသိရသည်။ ထိုအမှတ်တရ အခမ်းအနားသို့တက်ရောက်ကြရန် စာပေနှင့် အနုပညာ နယ်ပယ် အသီးသီးမှပုဂ္ဂိုလ်များ၊ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ ဆရာ ကြီးကို ချစ်ကြည်ညိုသူများကို ဒဂုန်တာရာဂူဗိမာန် တည်ဆောက်ရေး ကော်မတီက ဖိတ်ကြားထားသည်။ ဒဂုန်တာရာ ဆိုတာ … ၁၉၁၉- ခုဖွား ငြိမ်းချမ်းရေးဝါဒီကဗျာဆရာ စာရေးဆရာ အယ်ဒီတာ ဆရာကြီးဒဂုန်တာရာသည် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့၌ ၂၀၁၃ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ အသက် (၉၅)နှစ်အရွယ်တွင် ကွယ် လွန်ခဲ့သည်။ ဒဂုန်တာရာသည် တက္ကသိုလ်ကျောင်းသားဘ၀က မြန်မာ့နိုင်ငံရေးကို ဦးဆောင်ခဲ့ ကြသည့် သခင်အောင်ဆန်း၊ ဦးသိန်းဖေမြင့်၊ […]

နောင်ကျော်ရဲ့ ရသစာတမ်းများ စုစည်းမှုထွက်ပြီ

Posted Posted in မြန်မာသတင်း

နောင်ကျော်ရဲ့ နှလုံးသားမှာ နှင်းများလာရိုက်ခတ်နှင့် အခြား ရသစာတမ်းများ စုစည်းမှုထွက်ပြီ   “ နှလုံးသားမှာ နှင်းများလာရိုက်ခတ်” အမည်ရတဲ့ နောင်ကျော်ရဲ့ ရသစာတမ်းများစုစည်းမှု စာအုပ်ကို ယနေ့ မေလ ၆ ရက်နေ့မှာ တိုးမြစ်စာအုပ်တိုက်ကနေ ထုတ်ဝေလိုက်ပြီလို့ သိရပါတယ်။ ဒီစာအုပ်ဟာ ၂၀၀၃ ခုနှစ်ကမှ နှစ်ရှည်ထောင်ဒဏ်ကနေ လွတ်မြောက်လာတဲ့ ရန်ကုန် တက္ကသိုလ်က မြန်မာစာနည်းပြဟောင်း တယောက်ရဲ့ (၇) အုပ်မြောက်စာအုပ် ဖြစ်ပြီး ပါဝင်တဲ့ ရသစာတမ်းများထဲမှာ ၂၀၁၀ ခုနှစ် အတွက် ရွှေအမြုတေရသစာတမ်းဆု ရခဲ့တဲ့ အက်ဆေး (ရသစာတမ်း)လည်း ပါဝင်ပါတယ်။ စာမျက်နှာ ၂၅၆ မျက်နှာပါဝင်တဲ့စာအုပ်ကို မုတ်သုန်က အဖုံးပန်းချီရေး ဆွဲပေးထားပြီး တန်ဖိုး ကျပ် ၃၀၀၀ နဲ့ရောင်းချတယ်လို့ သိရပါတယ်။ ဆရာနောင်ကျော်ဟာ […]

ကဗျာဆရာကြီးနေသွေးနီ ကွယ်လွန်လေပြီ

Posted Posted in မြန်မာသတင်း

  ကဗျာဆရာကြီးနေသွေးနီ ကွယ်လွန်လေပြီ မြန်မာကဗျာလောကမှာ အထင်ကရ ကဗျာဆရာကြီး တဦး အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဆရာနေသွေးနီဟာ သင်္ကြန်အတက်နေ့ညက ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာရှိ နေအိမ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ကဗျာဆရာကြီးနေသွေးနီ အသက် (၈၅)နှစ်ဟာ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ သင်္ကြန် အတက်နေ့ ည ၈း၃၀ နာရီအချိန်မှာ ကွယ်လွန် သွားခြင်းဖြစ်ပြီး ဆရာကြီး၏ရက်လည်ဆွမ်းသွပ်ကို ၂၀၁၄၊ ဧပြီလ၊ ၂၂ရက်နေ့ နံနက် ၁၀နာရီ မှ ၁၂နာရီအချိန်အတွင်း အမှတ် ၁၃၊ ၄ လမ်း၊ ၄ ရပ်ကွက်၊ ငါးဆူတောင်တွင် ပြုလုပ်မယ်လို့ဆိုပါတယ်။ ဆရာကြီးသက်ရှိထင်ရှားရှိစဉ် ၂၀၁၂ ခုမေလမှာ ရသအလင်း ဖောင်ဒေးရှင်း (စင်ကာပူ)က ပေးအပ် […]

ရှုခင်းသစ် ရေဒီယို မြန်မာဘာသာ အစီအစဉ် စတင်မည်

Posted 1 CommentPosted in မြန်မာသတင်း

ရှုခင်းသစ် အက်ဖ်အမ်ရေဒီယို မြန်မာဘာသာအစီအစဉ် စတင်ထုတ်လွှင့်မည် နယူးဇီလန်နိုင်ငံ ဟယ်မီတန်မြို့ အခြေစိုက် ရှုခင်းသစ်မီဒီယာ၏ တိုးချဲ့ခြေလှမ်း တရပ်အဖြစ် ရှုခင်းသစ် အက်ဖ်အမ် (FM)ရေဒီယို မြန်မာပိုင်း အစီအစဉ်ကို ယနေ့မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် အထူးအစီ အစဉ်ဖြင့် စတင်ကာ မြန်မာ ဘာသာဖြင့် ထုတ်လွှင့်သွားတော့မည်ဖြစ်သည်။ ရှုခင်းသစ်၏ပဏာမခြေလှမ်း မြန်မာသင်္ကြန်နှစ်သစ်ကူးအထူးတင်ဆက်မှု အစီအစဉ်ကို မြန်မာ သက္ကရာ ဇ် ၁၃၇၆ ခုနှစ် တန်ခူး လပြည့်ကျော် (၃) ရက် မြန်မာနှစ်ဆန်း(၁)ရက် ကြာသာပတေးနေ့၊ ခရစ် သက္ကရာဇ် ၂၀၁၄- ခု ဧပြီလ ၁၇ ရက် နေ့လည် ၂ နာရီခွဲအချိန်တွင် စတင် ထုတ်လွှင့်မည်ဖြစ်ရာ နားသောတ ဆင်လိုသူမြန်မာနိုင်ငံသားများအနေနှင့် မီဂါဟက်ဇ် ၈၉ မှ ဖမ်းယူနားသောတ ဆင်နိုင်မည် […]