မိုးမခလစဉ်မဂ္ဂဇင်း မြန်မာပြည်မှာ ထုတ်ဝေပြီ

Posted on Posted in မြန်မာသတင်း

  မိုးမခလစဉ်မဂ္ဂဇင်း မြန်မာပြည်မှာ ထုတ်သည် ဧပြီ ၉၊ ၂၀၁၄ ဆယ်စုနှစ်တခုကျော် အမေရိကန်ပြည်ထောင်စုမှာပဲထုတ်ဝေခဲ့တဲ့ မိုးမခမြန်မာစာစောင်ကို ၂၀၁၄၊ ဧပြီ၊ မြန်မာနှစ်သစ်ကူး အမှီ မြန်မာပြည်မှာ ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာမောင်းခတ်လိုက်တာ ဖတ်ရှုရ ပါတယ်။ Made in USA မဟုတ်တော့ဘဲ Made in Burma စာနယ်ဇင်းတစောင် ကို မြန်မာပြည်ကပရိသတ်တွေ အားပေးနိုင်ပြီလို့ ဆိုထားပါတယ်။ ယခုထုတ်ဝေတဲ့ မိုးမခမဂ္ဂဇင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် ကတည်းက အွန်လိုင်းမီဒီယာအဖြစ် အမေရိကန်ပြည်ထောင်စုက စတင်လာခဲ့တာဖြစ်ပြီး  ပင်တိုင်ပါဝင်ရေးသားသူတွေနဲ့ ၀ိုင်းတော်သားတွေ အားလုံးကတော့ မြန်မာပြည်သားတွေ ချည်းဖြစ်တဲ့အပြင် မြန်မာဘာသာ စကားနဲ့သာ စဉ်ဆက်မပြတ် တင်ဆက်ခဲ့တာဖြစ်ပါတယ်။ မိတ်ဟောင်း မိတ်သစ်များ အားပေးကူညီစောင့်ရှောက်တော်မူကြပါ လို့ နိုးဆော်ထားတာကိုဖတ်ရှုရပြီး စာအုပ်တအုပ်ဖြစ်လာအောင် ၀ိုင်းဝန်းမွေးဖွားပေးလိုက်ကြတဲ့ […]

၂၀၁၄ သင်္ကြန်အကြို မြန်မာမီဒီယာများ လှုပ်ရှားမှုသတင်း

Posted on Posted in မြန်မာသတင်း

  ၂၀၁၄ သင်္ကြန်အကြို မြန်မာမီဒီယာများရဲ့ လှုပ်ရှားမှုသတင်း မြန်မာဂျာနယ်များ သင်္ကြန်အကနဲ့ လုံမငယ်လေးတဦး   သင်္ကြန်ရက်တွေ နီးလာပြီဆိုတော့ မြန်မာ့ရုပ်မြင်သံကြား၊ MRTV 4 ၊ 5 Plus၊ Reader ’s Channel ၊ Channel 7၊ မြ၀တီ … စတဲ့ရုပ်သံလိုင်းတွေမှာ ကြည့်ချင်စဖွယ် ချစ်စရာ မြန်မာကလေးငယ်တွေရဲ့  သင်္ကြန်အဆိုအက အလှပသာဒတွေနဲ့ ထုတ်လွှင့်ပြသပေးနေပြီဖြစ်သလို ကွယ်လွန်သူရုပ်ရှင်မင်းသား အဆိုတော်များဖြစ်ကြတဲ့ ကိုဝင်းဦး၊ ကိုဇော်ဝမ်း၊ ကိုသုမောင်တို့ရဲ့ သင်္ကြန်အလွမ်းပြေသီဆိုမှုတွေ၊ တစ်ခိုင်လုံးရွှေအေးအေးမြင့်တို့လို အနုပညာရှင်တွေရဲ့  အက အလှတွေကိုလည်း ကြိုတင်ထုတ်လွှင့် ပြသပေးနေပါတယ်။ ရန်ကုန်မြို့တော်ရဲ့ အထင်ကရနေရာတွေမှာ သင်္ကြန်မဏ္ဏပ်တွေလည်း တော်တော်များများ တည်ဆောက်နေကြပါပြီ။ စာနယ်ဇင်းတချို့ကတော့ သင်္ကြန်ရက်တွေမှာ ခဏနားမယ့် စာနယ်ဇင်းတွေရှိသလို […]

ချင်းတွင်း စာပေခရီး ၂၀၁၁ မဂ္ဂဇင်းထုတ်ဝေဖြန့်ချိ

Posted on Posted in မြန်မာသတင်း

  ချင်းတွင်း စာပေခရီး ၂၀၁၁ မဂ္ဂဇင်း   ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ဆောင်းရာသီမှာ စာပေ၊ ပန်းချီ၊ ကာတွန်း၊ ဂီတ၊ ဓာတ်ပုံအနုပညာရှင်များနဲ့ သတင်းမီဒီယာသမား စုစုပေါင်း ( ၆၁ ) ဦးဟာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မြို့တွေကတစ်ဆင့် ရေလမ်းခရီးနဲ့ ချင်းတွင်းမြစ်ကြီးကို ခန္တီးမြို့အထိ အဆန်အစုန် လေ့လာရေးခရီး ထွက်ခဲ့ကြပါတယ်။ လမ်းမှာစာအုပ်တွေလည်း လှူဒါန်းခဲ့ကြသလို စာပေဟောပြောပွဲတွေလည်း ဟောပြောခဲ့ကြပါတယ်။ အဲဒိထူးခြားတဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ‘’ ချင်းတွင်းစာပေခရီး ၂၀၁၁ ‘’ မဂ္ဂဇင်းကို ပထမအကြိမ်အဖြစ် ဓာတ်ပုံတွေဝေေ၀ဆာဆာနဲ့ မတ်လ ၂၀၁၄ မှာ စီစဉ် ထုတ်ဝေဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။ ဒီမဂ္ဂဇင်းမှာ စာပေအနုပညာရှင်များဖြစ်ကြတဲ့ ဆရာမောင်သွေးသစ်၊ ဆရာဆောင်းဝင်းလတ်၊ ဆရာအဏ္ဏ၀ါစိုးမိုး၊ ဆရာနေ၀င်းစံ၊ ဆရာမောင်ကြော့ဦး၊ […]

စိန်ဂျွန်းကျားကျောင်း နှစ်(၁၅၀)ပြည့် မဂ္ဂဇင်း

Posted on Posted in မြန်မာသတင်း

  ရန်ကုန်မြို့ စိန်ဂျွန်းယောက်ျားကလေးများကျောင်း နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေ 31.3.2014 အင်္ဂလန်နိုင်ငံ ခရစ်ယာန်သာသနာပြုဂိုဏ်းမှ ဘုန်းတော်ကြီး Dr John Ebenezer Marks က  (၁၄. ၃. ၁၈၆၄) ခုနှစ် တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လာရောက်တည်ထောင်သွားခဲ့သည့် စိန်ဂျွန်းဒိုင်အိုစီဇင် ယောက်ျားကလေးများကျောင်း(ယခု အ.ထ.က (၁) လမ်းမတော်) နှစ် (၁၅၀) ပြည့် အထိမ်းအမှတအဖြစ် မဂ္ဂဇင်းတစ်စောင်ကို (၂၉.၃.၂၀၁၄) နေ့တွင် ထုတ်ဝေဖြန့်ချိ ခဲ့ကြောင်း သိရသည်။ အဆိုပါ မဂ္ဂဇင်းတွင် ကျောင်းသားဟောင်းများဖြစ်ကြသည့် ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီး ဦးလှမိုးအပါအ၀င် ဆရာဆောင်းဝင်းလတ်တို့အထိ ခေတ်အဆက်ဆက် စာပေအနုပညာရှင်များ၏ စာပေ ကဗျာ လက်ရာများ ဝေေ၀ ဆာဆာဖော်ပြပါရှိသော မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်ကြောင်း သတင်းရရှိသည်။

ကဗျာထဲက ဘ၀၊ စာရေုးခြင်း အနုပညာနှင့်ပြောင်းလဲခြင်း …စာပေဟောပြောပွဲ

Posted on Posted in မြန်မာသတင်း

ကဗျာထဲက ဘ၀၊ စာရေုးခြင်း အနုပညာနှင့်ပြောင်းလဲခြင်း …စာပေဟောပြောပွဲ 29.03.2014 (ပြည်တွင်း) စာရေးဆရာမကြီးရွှေကူမေနှင်းက ‘ပြောင်းလဲခြင်း’ အမည်ခေါင်းစဉ်ဖြင့်ဟောပြောနေစဉ်   ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်မှ စာပေချစ်မြတ်နိုးသူများက (ဃ)ရပ်ကွက်လုံးဆိုင်ရာ စာပေဟောပြောပွဲကို ပထမအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်၊ မတ်လ -၂၉ ရက်၊ စနေနေ့ ညနေ (၆း၃၀) နာရီမှ မတ်လ ၃၀ ရက် နံနက် (၂း၀၀)နာရီထိ အဆိုပါရပ်ကွက် ဝေပုလ္လ(၁)လမ်းထိပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အဆိုပါစာပေဟောပြောပွဲသို့ စာရေးဆရာများဖြစ်ကြသော စာရေးဆရာမကြီး ရွှေကူမေနှင်း၊ အမျိုးသားစာပေဆု (၃)ကြိမ်ရ ဆရာဆောင်းဝင်းလတ်နှင့် ကဗျာဆရာ ကောင်းမြတ်(ခရာတော) တို့က တက်ရောက်ဟောပြောခဲ့ကြသည်။ အမျိုးသားစာပေဆု (၃)ကြိမ်ရ ဆရာဆောင်းဝင်းလတ်က ‘ စာရေးခြင်းအနုပညာ’ ခေါင်းစဉ်ဖြင့်ဟောပြောနေစဉ်   ‘ကဗျာထဲက […]

ဖက်ဆစ်တော်လှန်ရေးနေ့ စာပေဟောပြောပွဲ မင်္ဂလာဒုံတွင် ကျင်းပ

Posted on Posted in မြန်မာသတင်း

ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲ       ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် တိုးချဲ့ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၂၂ ရက်၊ ၂၀၁၄ ခုနှစ် စနေနေ့ ညနေပိုင်းတွင် (၆၉)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို ရပ်ကွက်အားကစားကွင်းမှာကျင်းပခဲ့ရာ စာပေ၀ါသနာရှင်ပရိတ်သတ်များ စည်ကားသိုက်မြိုက်စွာ  တက်ရောက်အားပေးခဲ့ကြသည်။ အဆိုပါစာပေဟောပြောပွဲသို့ စာရေးဆရာမောင်လှမျိုး(ချင်းခြောင်းခြံ)၊ စာရေးဆရာ ညီမင်းညိုနှင့် အမျိုးသားစာပေဆု ၃ ကြိမ်ရ ဆုရှင် စာရေးဆရာ ဆောင်းဝင်းလတ်တို့ တက်ရောက်ဟောပြောခဲ့ကြသည်။ စာရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)က ‘ သူပန်မှပန်း’ အမည်ဖြင့်ဟောပြောခဲ့ပြီး ဆရာညီမင်းညိုက  ”၂၀၁၅ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဆောင်းဝင်းလတ်က “ အနီထဲက ကြယ်ဖြူ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

မြန်မာရနံ့ကိုချစ်တဲ့ အဆိပ် (ကိုရဲထွန်း-NZ)

Posted on 1 CommentPosted in ပညာရှုခင်း, မြန်မာသတင်း

ကိုယ့်တိုင်းပြည်နဲ့ဝေးပြီးနေရတဲ့ ကျနော် တို့မြန်မာ တွေအနေနဲ့ မြန်မာ့ရိုးရာ အစားအသောက်တွေကို မကြာခဏ စားချင် သောက်ချင်နဲ့ လွမ်းဆွတ် ကြပါတယ်။ မြန်မာ့အစား အသောက်ကို ကြိုက်တတ်သူတွေနဲ့ အများ အားဖြင့်တော့ အသက်ကြီးတဲ့ မြန်မာလူကြီးတွေက ပိုပြီး လွမ်းဆွတ်ကြပါတယ်။ မြန်မာလူကြီးတွေအနေနဲ့ သူတို့ခေတ်တုန်းက သွားရေစာလေးများ စားချင်ရင် ကိုယ့်ဘာသာ ချက်စား လုပ်စားကြတယ် ဟင်းသီးဟင်းရွက်နဲ့ အသားငါးဆိုရင်လည်း ကိုယ့်ဘာသာ စိုက်စား၊ မွေးစားဆိုတာမျိုးဆိုတော့ ကျနော်တို့ခေတ်လို စားချင်တာ အလွယ်တကူဝယ်စားရတဲ့ အစားအသောက်မျိုးတွေကို သူတို့ အရသာမတွေ့တာကလည်း သဘာဝကျပါတယ်။ အဲဒီလို မြန်မာအစားအသောက်ကို လွမ်းဆွတ်လာပြီဆိုရင် ဒီမှာ ရှိတဲ့ အာရှ ဆိုင်တွေကဝယ်ထားတဲ့ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်နဲ့ တခုမဟုတ်တခုတော့ လုပ်စားတတ်စမြဲ။ အာရှဆိုင်တွေမှာ နံနံပင်လေးများ၊ စပါးလင်ပင်လေးများတွေ့ရင် လည်း မုန့်ဟင်းခါးချက်ဖို့ […]

မြန်မာနိုင်ငံရောက် သက်ဆင် ရှီနာဝပ်ထရာ

Posted on Posted in မြန်မာသတင်း

ထိုင်းဝန်ကြီးချူပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ မြန်မာနိုင်ငံမှာ ရောက်ရှိနေကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားဖေါ်ပြထားသည်။ မူရင်း- http://www.bangkokpost.com/news/local/394285/thaksin-trip-to-myanmar-confirmed-by-pheu-thai