မြန်မာတွေ ရှက်တတ်စေချင်တယ် (ကိုညို -အော်စလို)

Posted on Posted in သတင်း ရှုခင်း, သမိုင်းရေစီး

“” … မြန်မာနဲ့ပတ်သက်နေတဲ့ ပန်ချီကားတချပ်ကိုလည်းတွေ့ရ တယ်။ ပုံထဲမှာ ဆံပင်ဖားလျားချ မြင်းစီးတပ်သားတွေနဲ့ ရဲမက်တချို့ ဓားလွတ်တွေ လှံတွေကိုင်ထားပြီး ကလေး တွေနဲ့ အမျိုးသမီးတွေကို ထိုးခုတ်သတ်ဖြတ်နေပုံဖြစ် တယ်။ ဘောင်ခတ်ထားတဲ့ပန်းချီကားအောက်မှာ အင်္ဂလိပ်လို စာရေးထားတယ်။ …“ အရှေ့ဘက်အရပ်မှ မြန်မာလူရိုင်းများ ၀င်ရောက်ကျူးကျော်တိုက်ခိုက်နေပုံ” တဲ့။ .. … “”   မြန်မာတွေ ရှက်တတ်စေချင်တယ် ကိုညို- အော်စလို   အခုတလော (အမျိုး၊ဘာသာ၊ သာသနာ ကြွေးကြော်သံနဲ့ မယောင်ရာဆီလူး) မျက်ကန်းမျိုးချစ်သံတွေ ကျွက်ကျွက်ညံအောင်ကြားရတော့ သြော်..ဒီရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ ကျွဲခြေရာခွက်ကို ပင်လယ်ထင်နေပါပေါ့လားလို့ ပဲ ညည်းတွားမိတယ်။ ကိုယ်က ကိုယ့်လူမျိုးနဲ့ ကိုယ်ကိုးကွယ်ရာကို တန်ဖထားမြှင့်တင်ချင်တယ်ဆို တခြား လူမျိုးနဲ့ သူတစ်ပါးကိုးကွယ်ရာဘာသာအကြောင်း လုံးဝမသိရင်တောင် လေးစား တန်ဖိုးထားတတ်ရမယ်ဆိုတာကို […]

ဆောင်းဝင်းလတ်၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်ရှိ

Posted on Posted in မြန်မာသတင်း

ဆောင်းဝင်းလတ်၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်ရှိ   မဂ္ဂဇင်းဝတ္ထုတိုများစုစည်းမှုအဖြစ်၂၀၁၄- ခုနှစ်၊ ဇွန်လမှာ ‘’ စိတ်ကူးချိုချိုအနုပညာ ‘’ စာအုပ်တိုက်မှ စာရေးဆရာဆောင်းဝင်းလတ်၏ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်ရှိလာပါတယ်။   ‘’ အရှင်ထွက်နှင့် သည်ဘက်ခေတ် ၀တ္ထုတိုများ ‘’ ဟု အမည်ပေးထားသည့် အဆိုပါစာအုပ်ထဲမှာ စုစုပေါင်းဝတ္ထုတို အပုဒ် ၂၀ ပါဝင်ကြောင်းလည်း သိရှိရပြီး စာအုပ်မျက်နှာဖုံးအပြင်အဆင်ကို m.s.o က ပြုလုပ်ပေးထားပါတယ်။  

ရဲရဲဝံ့ဝံ့ ပွင့်ဖူး … ထူးထူးကဲကဲ မွှေးမြတော့မည့် နှင်းဆီဖြူ မဂ္ဂဇင်း

Posted on Posted in မြန်မာသတင်း

  နှင်းဆီဖြူ  မဂ္ဂဇင်း ရဲရဲဝံ့ဝံ့ပွင့်ဖူးဖို့…..ထူးထူးကဲကဲ မွှေးမြဖို့ နှင်းဆီဖြူကတော့ အစွမ်းကုန် အားယူကြိုးပမ်းခဲ့ကြတဲ့ နှင်းဆီဖြူ .. အစွမ်းကုန်ဖူးပွင့်ပါပြီ။ ဘက်စုံ ထောင့်စုံ ကလောင်စုံ ကဏ္ဍစုံ အရောင်စုံ အသွေးစုံ ကလောင်သစ် ကလောင်ဟောင်းမြောက်မြားစွာ ခင်းကျင်းလျက် အတွဲ (၁)၊ အမှတ် (၁)၊ “ဇွန်လ (၂) ရက်နေ့” တွင် ထွက်တော့ပါမည်။ မန္တလေး ထွန်းဦးစာပေ၊ နဂါးစာပေတို့ကို တင်ပို့ပေးသွားမှာပါ။ အထက်မြန်မာပြည်နဲ့ အနယ်နယ်အရပ်ရပ်မှာ ဝယ်ယူရရှိနိုင်မယ့်ဆိုင်စာရင်းကို ရက်ပိုင်း အတွင်း နှင်းဆီဖြူဖေ့ဘွတ်ကနေပြီး အသိပေးကြေညာပေးသွားပါမယ်။ စာအုပ်မရောက်နိုင်တဲ့ အချို့နယ်များမှဖတ်ရှုလိုသူများရှိပါက နှင်းဆီဖြူတိုက်ကို ဖေ့ဘွတ် မက်ဆေ့ခ်ျမှလည်းကောင်း hninnsiphyu.mm@gmail.com မှလည်းကောင်း မှာကြားနိုင်ပါတယ်။ နှင်းဆီဖြူမှ နယ်များသို့ရောက်ရှိအောင် လည်း ပေးပို့ပေးသွားပါ မယ်။ နှင်းဆီဖြူကို စိတ်ဝင်တစား အားပေးကြမယ့်အတွက် […]

ရသစာပေတိုးတက်ပြန့်ပွားရေးဆွေးနွေးပွဲနှင့် မင်းသစ်၏ ‘’ အိပ်မက်ကွန်ဖရင့် ‘’ စာအုပ်မိတ်ဆက်ပွဲ

Posted on Posted in မြန်မာသတင်း

” မြန်မာရသစာပေဆွေနွေးပွဲသတင်း “ ၁၈ မေလ ၂၀၁၄       [                    မြန်မာရသစာပေတိုးတက်ပြန့်ပွားရေးဆွေးနွေးပွဲနှင့် စာရေးဆရာ မင်းသစ်၏  ‘’ အိပ်မက်ကွန်ဖရင့် ‘’ စာအုပ်မိတ်ဆက်ပွဲ ]   မေလ(၁၇)ရက်၊၂၀၁၄ ခုနှစ်၊ မွန်းလွဲ (၁ နာရီမှ ညနေ ၄ နာရီ) အထိ ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ ၃၅ လမ်း(အလယ်)ရှိ ပေါ်ပြူလာဂျာနယ်တိုက်အပေါ်ဆုံး ထပ်တွင် မြန်မာရသစာပေတိုး တက်ပြန့်ပွားရေးအတွက် စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)၊ စာရေးဆရာကြည်မင်း တို့က ဦးဆောင်ကာ ဖိတ်ကြားထားသော၊ စာရေးဆရာများနှင့် ဆွေးနွေးခဲ့ကြပြီး […]

အထက်ဗမာပြည်ကလာတဲ့ ကဗျာသုံးပုဒ် (အောင်ဘညို၊ မောင်နိုင်လင်း၊ တင်လတ်ကို)

Posted on Posted in ကဗျာ, သတင်း ရှုခင်း

” အထက်ဗမာပြည်ကလာတဲ့ ကဗျာသုံးပုဒ် (အောင်ဘညို၊ မောင်နိုင်လင်း၊ တင်လတ်ကို) “ မယုံကြည်ပါဘူး   သွေးစွန်းတဲ့ လက်နဲ့  ရေးဆွဲတဲ့ အခြေခံဥပဒေကို မယုံကြည်ပါဘူး။   ဘုရားသားတော် ရဟန်း သံဃာတော်တွေ ရက်ရက်စက်စက်သတ်ပီးမှ ဥပုသ်စောင့် သီလယူတဲ့လူကို မယုံကြည်ပါဘူး။   လယ်တွေအတင်းအဓမ္မသိမ်းပြီးမှ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုတဲ့ စကားလုံးကို မယုံကြည်ပါဘူး။   မိခင်ဧရာဝတီရောင်းစားပြီးမှ တိုင်းပြည်ချစ်တယ်ဆိုတာ မယုံကြည်ပါဘူး။   အမျိုးကောင်းစားရေး သံကုန်ဟစ်ပြီး တောင်တွေဖြို သစ်တောတွေခုတ်လှဲ မယုံကြည်ပါဘူး။   အာဏာဟာ သေနတ်ပြောင်းဝမှာ ရှိတယ်ဆိုတာ ဟောဒီ၂၁ ရာစုမှာ မယုံကြည်တော့ပါဘူး။   ငါယုံတာ… မယုံကြည်ခြင်းတွေကို ငါယုံလိုက်တော့မယ်။   အောင် ဘညို   ……………….. ဖွဲမီးလိုအူနေတာ […]

ရန်ကုန်မြို့ ညနေခင်းမှာ လူတွေ လူးလားခတ်ကာ …ဓာတ်ပုံအက်ဆေး-Ngamoez ‌

Posted on Posted in ဓာတ်ပုံ, သတင်း ရှုခင်း

 ရန်ကုန်မြို့ ညနေခင်းမှာ လူတွေ လူးလားခတ်ကာ …   “အထီးကျန်ဘ၀မဖြစ်ဖို့ ဖုန်းဟမ်းဆက်တွေဝယ်ကြစို့  “ ရွှေဘုံသာလမ်း (အပေါ်) ညနေဈေး(အဟောင်းဈေး) မြင်ကွင်းလေး (ဖြူ မည်းဓာတ်ပုံများ)    

ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပမည်

Posted on Posted in သတင်း ရှုခင်း

ကဆုန်လပြည့် ဗုဒ္ဓ နေ့ အထိမ်းအမှတ် ဗုဒ္ဓပူဇနိယ ပွဲတော်ကို နယူးဇီလန်နိုင်ငံ ၊အောက္ကလန်မြို့နယူးလင်း အရပ်ရှိ ရတနာဒီပ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမည်ဟုသိရသည်။ ၂၀၁၄ ခုနှစ် မေလ (၁၃) ရက်နေ့တွင် ကျရောက်သော ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် မေလ (၁၈) ရက်နေ့၊ တနင်္ဂနွေနေ့ တွင် ဗုဒ္ဓ ဘုရားရှင် ကို ရည်စူး အမှုးထားပြီး သံဃာတော်များ အား ဆွမ်းကပ်လှူခြင်း ၊ ပစ္စည်းလေးပါး ဖြင့်လှူဒါန်းပူဇော်နိုင်ပြီး ကန်တော့ပွဲတပွဲလျှင် နယူးဇီလန် ဒေါ်လာ (၆၀) ကုန်ကျမည် ဖြစ်ပြီး ဗုဒ္ဓပူဇနိယ ပွဲတော်  ဖြစ်မြောက်ရေး အတွက်လည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ ဆက်သွယ် လှူဒါန်းလိုသူ ဒကာ၊ဒါယိကာမ အပေါင်း နှင့် ဧပြီလ […]

မိုးမခ ပရိတ်သတ်များ မိုးမခမဂ္ဂဇင်းကို ပြည်တွင်းမှာ ၀ယ်ယူ ဖတ်ရှုနိုင်ပြီ။

Posted on Posted in မြန်မာသတင်း

 မိုးမခ မဂ္ဂဇင်း ပြည်တွင်းမှာ ၀ယ်ယူဖတ်ရှုနိုင်ပါပြီ။   ပြည်ပမှာ အင်တာနက်စာမျက်နှာ အွန်လိုင်းမဂ္ဂဇင်းအဖြစ် ဆယ်စုနှစ်တခုကြာ ကိုယ်ထူကိုယ်ထ ရပ်တည်ခဲ့ပြီး မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ လွတ်လပ်တဲ့ အနုပညာ ဟူသော ခံယူချက်အုတ်မြစ်နဲ့အတူ ..အနု ရသ အသားပေး မိုးမခမဂ္ဂဇင်းကို ၂၀၁၄ ဧပြီလမှစတင်ကာ ဗမာပြည်အတွင်း ထုတ်ဝေနေပါပြီ။ မိုးမခ ပရိတ်သတ်ကြီးအနေနဲ့ … ၀ယ်ယူအားပေးနိုင်ကြကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ရောင်းဈေး ကျပ် ၁၅၀၀ နှင့် မိုးမခချစ်သူများ ဧပြီနှင့် မေလထုတ်များ ၀ယ်ယူနိုင်ပါပြီ။

(၉၅)နှစ်မြောက် ဒဂုန်တာရာ မွေးနေ့ စာတမ်းဖတ်ပွဲကျင်းပမည်

Posted on Posted in မြန်မာသတင်း

(၉၅)နှစ်မြောက် ဒဂုန်တာရာ မွေးနေ့ စာတမ်းဖတ်ပွဲကျင်းပမည် (၉၅) နှစ်မြောက် ဒဂုန်တာရာမွေးနေ့ အမှတ်တရစာတမ်းဖတ်ပွဲ အစီ အစဉ်ကိုရှမ်းပြည်နယ်အာင်ပန်းမြို့၌ မေ(၁၀)ရက်နေ့တွင် ပြုလုပ်သွား မည် ဟုသိရသည်။ ထိုအမှတ်တရ အခမ်းအနားသို့တက်ရောက်ကြရန် စာပေနှင့် အနုပညာ နယ်ပယ် အသီးသီးမှပုဂ္ဂိုလ်များ၊ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ ဆရာ ကြီးကို ချစ်ကြည်ညိုသူများကို ဒဂုန်တာရာဂူဗိမာန် တည်ဆောက်ရေး ကော်မတီက ဖိတ်ကြားထားသည်။ ဒဂုန်တာရာ ဆိုတာ … ၁၉၁၉- ခုဖွား ငြိမ်းချမ်းရေးဝါဒီကဗျာဆရာ စာရေးဆရာ အယ်ဒီတာ ဆရာကြီးဒဂုန်တာရာသည် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့၌ ၂၀၁၃ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ အသက် (၉၅)နှစ်အရွယ်တွင် ကွယ် လွန်ခဲ့သည်။ ဒဂုန်တာရာသည် တက္ကသိုလ်ကျောင်းသားဘ၀က မြန်မာ့နိုင်ငံရေးကို ဦးဆောင်ခဲ့ ကြသည့် သခင်အောင်ဆန်း၊ ဦးသိန်းဖေမြင့်၊ […]

ဆယ်လမွန်ငါး (ညိုထက်-လမ်းသစ်ဦး)

Posted on Posted in ကဗျာ, သတင်း ရှုခင်း

  ဆယ်လမွန်ငါး ဆယ်လမွန်ငါးတွေဟာ ရေဆန်ကိုလှန်ပြီးတော့ အိမ်ပြန်တယ်။   ဆယ်လမွန်ငါးတွေဟာ မိုးဦးဆိုတာ သေချာမှာ အိမ်ပြန်တယ်။   မိုးဦးအကျစောမယ်ဆိုတာလည်း တကယ်တော့ လောကဓံတွေပါလား အမေ လို့ ဆရာချောကရေးခဲ့ အခုက မိုးဦး နောက်ကျ အဲဒါလည်း တကယ်တော့ လောကဓံတွေ တကယ်တော့ တော်လှန်သော လောကဓံတွေ။   ရေဆန်ကိုတော့ လှန်နေရတုန်း မိုးဦးဆိုတာသေချာပြီလား မေးမနေနဲ့ ငါ အခုထိ အိမ်မပြန်သေး။   ညိုထက် (လမ်းသစ်ဦး) ၃၁ – ၁ – ၂၀၁၄