မုတ်သုန်စစ်တမ်း(သို့မဟုတ်) ၆၄-နှစ်မြောက် ဘ၀စာမျက်နှာ

Posted on Posted in သမိုင်းရေစီး, ဆောင်းပါး

 မုတ်သုန်စစ်တမ်း(သို့မဟုတ်) ၆၄-နှစ်မြောက် ဘ၀စာမျက်နှာ   “၂၀၀၉ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏  (၆၄) နှစ်မြောက် မွေးနေ့နှင့် (၁၃) ကြိမ်မြောက် `မြန်မာနိုင်ငံအမျိုးသမီးများနေ့`အား ဂုဏ်ပြုပါသည်“    (၁) (၆၄)နှစ်ပြည့်ပြီ။ (၆၄)နှစ်မြောက် မွေးနေ့ရှင်က အင်းစိန်ထောင်အတွင်း၌ မတရားအမှုအား ရင်ဆိုင်နေရဆဲ….။  အကျဉ်းထောင်၏ဗူးအ၀၌မူ မောင်းပြန်သေနတ်များနှင့်စစ်သားများက စောင့်ကြပ်၍နေ၏။ ရေကူး၍လာသောပြဿနာက သူမနေထိုင်သည့် ခြံဝင်းအတွင်းသို့ရောက်လာ၏။ သူမနေထိုင်ရာ အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်က မနှစ်ကတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းကြောင့် ခြံဝင်းအတွင်း သစ်ပင်အချို့ ကျိုးပဲ့ခဲ့ရ၏။ ရှင်းလင်းပြီးဖြစ်သော်လည်း ဒဏ်ရာဒဏ်ချက်တို့က ရှိနေ၏။ မူလအတိုင်း ပြန်မဖြစ်တော့….။ မုန်သုန်ဦးသည် မလှပ။ ရက်စက်မှုနှင့်နိဒါန်းပျိုး၏။ မလှပသည့် မုန်သုန်ဦးတွင်ပင် …..စစ်အုပ်စုသည် သူတို့၏ အနာဂတ်အား ထုဆစ်ခဲ့၏။   (၂) `စာရေးခြင်း၊ […]

မူခါးဝီးကျိုး(ရွှေအိမ်စည်)

Posted on Posted in သမိုင်းရေစီး, ဆောင်းပါး

မူခါးဝီးကျိုး (ရွှေအိမ်စည်)   “ကြယ်တွေစုံတဲ့ည…ထပ်ကြုံရအုံးမယ်…. ကြယ်တွေတကယ်ဆုံတဲ့ည… လှနေမှာပေါ့ကွယ်”   (ထူးအိမ်သင်၏ ကြယ်တွေဆုံတဲ့ည)   (က)   ‘ထီးမူခီး’ စခန်းကျဆုံးခန်းက ၊ လျှပ်ပြတ်သကဲ့သို့ မြန်ဆန်လွန်းလှ၏။ ကျဆုံးမှုသည်အပြိုပြို အလဲလဲနှင့် ဖရိုဖရဲနိုင်လွန်းလှ၏။ မုန်တိုင်းမွှေ့၍တစစီ လွှင့်စင်ပြိုပျက်သွားသကဲ့သို့…။ လက်နက်ကိုင်စစ်သည်အင်အား တစ်ရာကျော်ရှိသည့် ခံစစ်သေစခန်း၊ ဆုတ်ခွာခွင့်လုံးဝမရှိသည့် စခန်းကြီးသည် ဆယ့်ငါးမိနစ်အတွင်းမှာပင်ကျဆုံးခဲ့ရသည်။ ခြံစည်းရိုး ၃-ထပ်ကာထား၏။ ညှောင့်နှင့်မိုင်းများအား ခင်းထား၏။ ဆက်သွယ်ရေးလျှောက်မြောင်းများအား ပတ်လည်ခံစစ်သေနင်္ဂဗျူဟာအရ တူးထား၏။ အိုဗာဟတ်ဘန်ကာများရှိ၏။ ဤသို့သော…. ခိုင်ခံ့သည့်ခံစစ်သေစခန်းကြီးသည် ခဏငယ်အတွင်း၌ အပြိုပြိုအကွဲကွဲနှင့်ကျဆုံးခဲ့ရ၏။ ‘မူသယ်-ဗျက်ကော’စခန်းက ထီးမူခီးစခန်းနှင့် အနီးဆုံးစခန်းတခုဖြစ်သည်။ ‘မူသယ်-ဗျက်ကော’ တွင် တပ်ရင်းမှူးနှင့်စစ်ကြောင်း(၁)ရှိ၏။ ထီးမူခီးက …‘မူသယ်-ဗျက်ကော’ရှိ စစ်ကြောင်း (၁)သို့ စစ်ကူတောင်းရန် ဆက်သွယ်ရေးစက်ကိုပင် မဖွင့်နိုင်ရှာခဲ့…။ လျှပ်တပြတ်အတွင်း ကျဆုံးခဲ့ရ၏။ ၁၉၉၂ ခုနှစ် […]

သူပုန်တစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ၊ပထမညအစီရင်ခံစာ (အကျဉ်း) – ရွှေအိမ်စည်

Posted on Posted in ရသရှုခင်း, သမိုင်းရေစီး, ဆောင်းပါး

သူပုန်တစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ၊ပထမညအစီရင်ခံစာ (အကျဉ်း) – ရွှေအိမ်စည် အပိုင်း (၁) (က) လူတွေနဲ့ဝေး —- ဝေး၊ ဝေးတဲ့နယ်မြေ တစ်နေရာရှိ—-ရှိ၊ ရှိရာမယ်လေ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ သဘာဝရဲ့ ရင်သွေးငယ်တွေ —- (စိုင်းထီးဆိုင်၏ “ သဘာဝရဲ့ရင်သွေငယ်“ သီချင်းမှ) “ အဟုန်းဝ“ ရွာက ဘီးလင်းချောင်းအား ကားယားခွ၍ ထားသည်။ ချောင်း၏အရှေ့ ဘက်ကမ်း၌လည်း အဟုန်းဝရွာရှိသလို ချောင်း၏အနောက်ဘက်ကမ်း တွင်လည်း အဟုန်းဝရွာရှိသည်။ နှစ်ရွာလုံးက ဘီးလင်းချောင်းအား မေးတင်၍ ထားကြသည်။ မျက်နှာချင်းဆိုင်မဟုတ် ဓါးလွယ်ခုတ်သဏ္ဍာန်းရှိသည်။ အနောက်ဖက်ကမ်းရွာက မြစ်ညှာ ဖက်ပိုကျပြီး အရှေ့ဖက်ကမ်းရွာကမူ မြစ်အောက်ဖက်ပိုကျသည်။ အဟုန်းဝအနောက်ဖက် ကမ်းရွာက င်္ဘီးလင်းမြို့နှင့် ကမ်းတဖက်တည်းတွင်ရှိသည်။ ဘီးလင်း၊ဖာပွန်ကားလမ်းနှင့်လည်း နီးသည်။ ချောင်းနှင့်ကားလမ်းအကြားရှိ “ကျေးတောရွာ “ […]

မျက်ဝန်းများနှင့်နားလည်မိခြင်း( ရွှေအိမ်စည်)

Posted on Posted in ရသရှုခင်း, ဆောင်းပါး

မျက်ဝန်းများနှင့်နားလည်မိခြင်း (ရွှေအိမ်စည်)   “ မျက်ဝန်းများနဲ့ပြောပါ ဒါ အလှဆုံးစကားထက် ပိုပြီးလှနေမယ် ဒီမျက်ဝန်းများနဲ့ နားလည်….” (ထူးအိမ်သင်၏ ‘စကာလုံးမရှိတဲ့ကောင်းကင်’ သီချင်းမှ) (က) တစ်ပါးသူများကဲ့သို့ပင် …ကျနော့်တွင်လည်း မျက်ဝန်းတစ်စုံရှိ၏။ မျက်ဝန်းက …. နက်နက်မှောင်မှောင်…။ သူငယ်အိမ် ကျဉ်းခြင်း ၊ ကျယ်ခြင်း၊ စွေခြင်း၊ စောင်းခြင်းမရှိသည့်အတွက် ကျနော့်၏မျက်ဝန်းတစ်စုံက…သာမန်အားဖြင့် ကောင်းမွန်သည့် မျက်လုံးများဟု့ ဆိုရမည်။ ကျနော့်၏မျက်ဝန်းတစ်စုံဖြင့် တပါးသူတို့၏ မျက်ဝန်းများအား ကြည့်မိ၏။ ဤတွင်ကျနော်သည် တစ်ပါးသူတို့၏ မျက်လုံးများအား ကျနော့်၏ မျက်လုံးများဖြင့် မြင်ရ၏။ တွေ့ရ၏။ ကျနော်ပထမဦးစွာ … ကြည့်မိ၍ မြင်တွေ့ရသည့် မျက်ဝန်းတစ်စုံက ကျနော့်မိခင်၏မျက်လုံးများဖြစ်မည်။ မိခင်၏ရင်ခွင်အတွင်း နို့ချိုအား စို့သောက်ရင်း… ကျနော်သည် မိခင်၏မျက်ဝန်းတစ်စုံအား ငေးမော၍ မမှိတ်မသုန်နှင့် ကြည့်နေမိခဲ့မည်။ […]

ဆွင်းမော်လော်ဂျီ (အိုးဝေမျိုး)

Posted on Posted in ဆောင်းပါး

ရိုးသားမှု က အရင်းအနှီး ဒီနေ့ခေတ်မှာ ကျနော်တို့မြန်မာ့လူအဖွဲ့အစည်းမှာ ပြောင်းလဲမှုအရှိန်မြင့်နေတယ်လို့ ပြောလို့ရပါတယ်။ အခု ဒီလို အချိန်မှာ လူငယ်၊ လူရွယ်တွေ၊ လူကြီးတွေ၊ အမျိုးသမီးတွေအားလုံးဟာ ပြောင်းလဲမှုရဲ့အသီးအပွင့်တွေကို