ကဗျာဝိုင်း၊ စာဝိုင်းများမှသည်….(မင်းညွှန့်လှိုင်)

Posted on Posted in စာပေဆောင်းပါး, ရသရှုခင်း

ကဗျာဝိုင်း၊ စာဝိုင်း များမှသည်…. မင်းညွှန့်လှိုင် “ဆည်းဆာရဲ့ဝိုင်း” ဟုသာဆိုရပေတော့မည် ။ မန္တလေးကုသိုလ်တော်ဘုရားဝန်းသည် ပရဝုဏ်ပြင်ပမှ မြို့ပြ၏ပူလောင်ဆူညံခြင်းနှင့်ခြားနားစွာ အေးချမ်းဆိတ်ငြိမ်နေပေသည်။ ပြီးခဲ့သည့်ရက်ပိုင်းလောက်ကပင် သည်ဘုရားဝန်းအတွင်းမှာ လျှပ်စစ်အင်ဂျင်နီယာများ၏ ဖဲကြိုးပြာလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည် ။ ကျန်းမာရေးနှင့်တရားစီရင်ရေးတို့မှာမိုးကျရွှေကိုယ်များမတော်မတည့်ဝင်ရောက်စွက်ဖက်မှုကိုဆန့်ကျင်ကန့်ကွက်သောဖဲကြိုးနက်နှင့်ဖဲကြိုးဝါလှုပ်ရှားမှုများနည်းတူနောက်ထပ်လှုပ်ရှားမှုတစ်ခုပင်။ယခုကျွန်တော်တို့စုဝေးရောက်ရှိနေသူများကတော့မန္တလေးမှကဗျာချစ်သူကဗျာဆရာတစုဖြစ်သည်။ အပတ်စဉ်တနင်္ဂနွေညနေတိုင်း ပြုလုပ်နေကျ “ခရေရိပ်” ကဗျာဝိုင်း ဖြစ်သည် ။ ခရေရိပ်မှ “ခရေရိပ်” ဖြစ်သည် ။ သည်နေ့ ( ၁၃ . ၉ . ၂၀၁၅ ) ကတော့ ထူးထူးခြားခြား ခရေရိပ် ကဗျာဝိုင်း၏ (၇၅) ကြိမ်မြောက်ရက်သတ္တပတ်ဖြစ်သည်၊စိန်ရတုအမှတ်တရ ခရေရိပ်ဖြစ်သည် ။ ထို့အတွက် စာရေးဆရာ စိုးနိုင် ( မန္တလေးတက္ကသိုလ် ) ကလည်းတကူးတကလာရောက်ပြီး မုဒိတာ အမှာစကားချီးမြှင့်ပေးလေသည် ။ ဆရာစိုးနိုင်( မန္တလေးတက္ကသိုလ်)ကသမိုင်းခေတ်များကိုဖြတ်သန်းခဲ့သူပီပီ […]

အခမဲ့ ကူလီထမ်းခြင်း၏ အကျိုး (အမျိုးသား ပညာဝန် ဦးဖိုးကျား)

Posted on Posted in စာပေဆောင်းပါး, ရသရှုခင်း

လွန်ခဲ့သောခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ်တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းမြို့သို့ မီးရထားဆိုက်လျှင် ကျွန်ုပ်၏ သူငယ်ချင်း သပိတ်မှောက်ကျောင်းသားဟောင်း ဆရာကြီးသည် လာ၍ ကြိုနေသည်ကို တွေ့ရ၏။ ဘူတာအနီးတွင်ကပ်၍ ကျွန်ုပ်၏ရင်းနှီးသော မိတ်ဆွေတစ်ယောက် နေသည်ကို ခဏမျှတွေ့လိုသည်နှင့် သူငယ်ချင်းဆရာကြီးအား ကျွန်ုပ်၏ ပစ္စည်းများနှင့် သွားနှင့်ရန် ပြောဆိုလွှတ်လိုက်၏။ အဆိုပါဘူတာအနီးရှိ မိတ်ဆွေနှင့် စကားစမြည်ပြော၍ အတန်ကြာပြီးနောက် ဆရာကြီးအိမ်သို့ သွားတော့မည်ဟု ဘူတာအနီးကပင် ဖြတ်၍လာခဲ့ရာ – ဘူတာရုံအတွင်း၌ သပ်ရပ်စွာဝတ်ဆင်၍ သနားကမား သူငယ်ကျောင်းသားအရွယ် တစ်ယောက်ကို တွေ့မြင်ရ၏ ၎င်းမှာ တစ်ယောက်တည်းလိုပင် ကျန်ရစ်ခဲ့ရာ မျက်နှာမကြည်မသာ တစ်စုံတစ်ယောက်ကို သို့မဟုတ် တစ်စုံတစ်ရာကို မကျေမချမ်း စိတ်လက်ဆိုးနေဟန်ရှိ၍ တဖျစ်တောက်တောက်နှင့် ဟိုလျှောက်သည်လျှောက် ပြုနေသည်ကို တွေ့ရ၏။ ကျွန်ုပ်သည်လည်း မနေတတ်သည်နှင့် – […]

ပီတိစား၍ အားရှိသူများ (သန္တာညို)

Posted on Posted in စာပေဆောင်းပါး, ပညာရှုခင်း, ပညာရေး

အာစရိယဂုဏော အနန္တော… ဆိုတဲ့ အတိုင်း ဆရာသမားတွေဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်တွေဖြစ်ကြပါတယ်။ ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူး ဟာ အင်မတန်မှ ကြီးမားလှတဲ့ အကြောင်းကို “ရှေးရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြစ်တိုင်း ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆိုသူ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူ၏” ဆိုပြီးကျေးဇူးတော်ရှင်မန်လည်ဆရာတော်ဘုရားကြီးကမြတ်ဆရာတို့ရဲ့ ဂုဏ်အင်္ဂါကို ဖွဲ့ ဆိုရေးစပ် တော်မူခဲ့ပါတယ်။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့၊ ဆရာတို့၊ကျင့်ဖို့ဝတ်ငါး ဖြာ” ဆိုတဲ့ ဆရာ့ကျင့်ဝတ်များနှင့်အညီ သင်ကြား၊ လေ့ကျင့် ၊ ပြုစုပျိုးထောင် ပြီး သွန်သင် ဆုံးမပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတို့ ကျေးဇူးတွေဟာ ကျမအတွက်တော့ ဆပ်လို့မကုန်နိုင် ၊တန်းဖိုး မဖြတ်နိုင်တဲ့ အရာတွေပါဘဲရှင်။ “ကရင်စစ်တပ်က ၀င်လိုက်၊ ဗမာစစ်တပ်က […]

အသံထွက်မှား၊ အသုံးမှားများဖြင့် မှားပြီးရင်းမှားနေကြသော သတင်းကြေညာသူများနှင့် … (မောင်ခင်မင်-ဓနုဖြူ)

Posted on Posted in စာပေဆောင်းပါး

“ ကျီးသံလည်းမဟုတ်၊ ကြက်သံလည်းမဟုတ်” သည့် ကပြားဟန်များကို သတင်းကြေညာသံများကို ညတိုင်းလိုလိုကြားနေရသည်မှာ တော်တော်ကြာပါပြီ။ ကျင့်သုံးသောပုံစံမှာ အပြော စကားဖြင့် စကားပြောသလိုကြေညာခြင်းဖြစ်ပါလျက် ပုံမှန်စကားပြောရာတွင် ဘယ်သူမှထည့် မပြောသော “ သည်၊ အား၊ မှ၊ လည်းကောင်း ” စသည့် စာသုံးစကားများကို အဆီအငေါ်မတည့်စွာ ထည့်ထည့်ပြောနေတာကို နားထောင်နေရသည်မှာ အသည်းယားစရာကောင်းလှသည်။ အပြော စကားဖြင့်ကြေညာသူက စစချင်းပြောလိုက်ပုံမှာ “ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်” တဲ့။ အပြော စကားမဟုတ်သော “သည်” ကြီးကို ဦးဦးဖျားဖျား …..”     အသံထွက်မှား၊ အသုံးမှားများဖြင့် မှားပြီးရင်းမှားနေကြသော သတင်းကြေညာသူများနှင့် သတင်းရေးသူများသို့ …   အလေးအနက်မေတ္တာရပ်ခံမှ ဖြစ်တော့မည်။ ထို့ကြောင့် ဤစာကိုရေးရပါသည်။ မေတ္တာရပ်ခံရ သည့်အကြောင်းမှာ သတင်းများအသံလွှင့် […]

ဆရာမင်းသုဝဏ်၏ ပဟေဠိကဗျာ တပုဒ် (သော်ထွန်း)

Posted on Posted in စာပေဆောင်းပါး

သြဂုတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကဗျာစာဆိုမင်းသုဝဏ်ကွယ်လွန်ခြင်းအထိမ်းအမှတ်အဖြစ် တင်ဆက်ပါသည်။ ရှုခင်းသစ်   ” ဆိုဗီယက်ရုရှားမှ ကမ္ဘာကျော်ကဗျာဆရာ မာယာကော့စကီသည် တညသောအခါ၌ အိပ်ပျော်လုလု အချိန်တွင် စိတ်ကူးကောင်းကလေးတခု ရုတ်တရက် ခေါင်းထဲဝင် လာခဲ့သည်ကို အသင့်ရှိနေသော မီးခြစ်ဆံဘူးခွံပေါ်၌ အိပ်ချင်မူးတူးနှင့် အတိုကောက်ရေးမှတ်ထားလိုက်ပြီး အိပ်ပျော်သွားပါသတဲ့။ နံနက်ကျတော့ မနေ့ညက စိတ်ကူးကောင်းကလေး ၀င်လာခဲ့သည်ကို သတိရပြီး ရေးမှတ်ထားတဲ့ မီးခြစ်ဘူးခွံကလေးယူကြည့်လိုက်တော့ သူရေးမှတ်ထားတာက “ခြေထောက်တဘက်” ဆိုတဲ့ စကားလုံးဖြစ်နေပါသတဲ့….”   ဆရာမင်းသုဝဏ်၏ ပဟေဠိကဗျာ တပုဒ် ဆရာမင်းသုဝဏ်၏ကဗျာပေါင်းချုပ်စာအုပ်တွင် ”ဘာကိုဆိုလိုမှန်း” သိသူနည်းပါးလှသော ကဗျာ တပုဒ် ပါဝင်ပါသည်။ ထိုကဗျာကိုရည်ညွန်း၍ ကျွန်တော်က “ဆရာမင်းသုဝဏ်၏ ပဟေဠိ ကဗျာတပုဒ်” ဟုဆိုလိုက်ခြင်းဖြစ်သော်လည်း စင်စစ်အားဖြင့် ဆရာမင်းသုဝဏ်က ထိုကဗျာကို “ပဟေဠိ” […]

စုံနံ့သာမြိုင်မှာ ရွာသောမိုး(ဂျက်ကွမ်းခြံကုန်း)

Posted on Posted in စာပေဆောင်းပါး

      စုံနံ့သာမြိုင်မှာ ရွာသောမိုး   ဆရာကြီးဂျက်၊ ကမ္ဘာပေါ်မှာ မိုးဘယ်နှမျိုးရှိသတုံးဗျတဲ့။ အဲဒါမြေခွေးက ဂျက်ကိုမေးတဲ့ စကားပါ။ စုံနံ့သာမြိုင်မှာ ဆက်တိုက်ကြီးဆိုသလို မိုးခေါင်ပြီး ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန် ဖြစ်လာနေခဲ့တာ အနှစ်သုံး၊ လေး၊  ငါးဆယ်လောက်တော့ ရှိရောပေါ့။ သည်ဘက်ပိုင်းနှစ်တွေကို ရောက်လာလေလေ မိုးလေ၀သ ဖောက်ပြန် တဲ့ ဒဏ်ကို တိရစ္ဆာန် ကလေးတွေ ခံကြရလေလေ။ အဲသလို အနေ အထားတွေနဲ့ စုံနံ့သာမြိုင် ထွေပြားလာတဲ့ တရက်သားမှာ အဆိုပါ မေးခွန်းကို တောရဲ့ဦးသျှောင် မြေခွေးမောင်က ဂျက်ကို မေးမြန်းသမှု ပြုလာခဲ့တာပါ။ ကမ္ဘာပေါ်မှာ မိုးဘယ်နှမျိုး ရှိသတုံးတဲ့။ ဘယ့်နှာလုပ်ပြောတတ်ပါ့မတုံးဗျာ။ ဂျက်က မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်မှမဟုတ်တာ။ အနို့သော် သို့သော်လည်းပေါ့။ […]

ဘယ်သူတွေ ပိုရိုင်းသလဲ (မောင်သာချို)

Posted on Posted in စာပေဆောင်းပါး

ဘယ်သူတွေ ပိုရိုင်းသလဲ   (တစ်) နိုင်ငံကျော် စာရေးဆရာကြီး ဦးအောင်သင်းနှင့် မကြာခဏဆိုသလို ခရီးအတူသွားဖြစ်ပါသည်။ နိုင်ငံအနှံ့အပြား၌ ကျင်းပကြရာ စာပေဟောပြောပွဲများ၌လည်း အတူတကွ ပွဲပေါင်းများစွာ တက်ရောက်ဟောပြောဖြစ်ခဲ့ကြပါသည်။ လူသားတို့၏ယဉ်ကျေးခြင်း ရိုင်းစိုင်းခြင်းများနှင့်ပတ်သက်၍ ဆရာဦးအောင်သင်း တစ်ခါတစ်ခါ ထည့်သွင်းပြောဆိုလေ့ရှိသည့် ထေ့လုံးငေါ့လုံးကလေးတခုကို ကျွန်တော့်စိတ်ထဲ၌ ယခုတိုင်စွဲငြိလျက်ရှိပါသည်။ သည်လိုပါ။ တနေ့သ၌ လူယဉ်ကျေးဟုဆိုသူတစ်စုတို့ လူရိုင်းတို့ ကျက်စားနေထိုင်ကြရာ ကျွန်းကြီးတကျွန်းရှိရာဆီသို့ အမှတ်မထင်ရောက်ရှိ၍ သွားခဲ့ကြပါသည်။ အဆိုပါလူရိုင်းတို့မှာ မည်ကာမတ္တလူရိုင်းများမဟုတ်ကြဘဲ လူသားစားသည့် တကယ့်လူ့အရိုင်းအစိုင်းများ အဆင့်ဖြစ်ပါသည်။ ဘာဘေးရီးယန်း (Barbarian) မျိုးနွယ်များဟုပဲ ဆိုကြပါစို့…. သို့ဖြင့် အရိုင်းနှင့် အယဉ်တို့တွေ့ကြလေရာ အယဉ်များက အရိုင်းများကို အထင်သေးစွာဆက်ဆံပါသည်။ လူသတ်သလားဟုမေးရာ အရိုင်းတို့က သတ်ကြောင်းဝန်ခံပါသည်။ သတ်ပြီးတော့ စားသလားဟု ထပ်မေးရာ စားကြောင်း ၀န်ခံပြန်ပါသည်။ ထို့ကြောင့် […]

ကလေး၊ မီဒီယာ၊ အနုပညာ (တင်မင်းထက်)

Posted on Posted in စာပေဆောင်းပါး

    ကလေး၊ မီဒီယာ၊ အနုပညာ   ခုလို မီဒီယာကို ပေါပေါများများ ထိတွေ့နေရတဲ့ ခေတ်မှာ ကလေးတွေကို ဘာမသိရဘူး၊ ဘာမလုပ်ရဘူး ထိန်းချုပ်ထားဖို့က အတော်ခက်ပါတယ်။ သီချင်း၊ ဗီဒီယို၊ စာပေစတဲ့ အနုပညာတွေမှာလည်း ဘာနဲ့ သင့်တော်တယ် ဘာနဲ့ မသင့်တော် ကိုယ်က လိုက်ပြီး ဆုံးဖြတ်ပေးဖို့ ခက်ပါတယ်။ အကောင်းဆုံးလုပ်နိုင်တာက သူတို့ကို ကောင်းမွန်တယ်လို့ ကိုယ်ယူဆတဲ့ မီဒီယာ၊ အနုပညာကို လက်လှမ်းမီအောင် ထားပေးဖို့ပါပဲ။ နမူနာအနေနဲ့ ပြောရရင် ကျွန်တော့်သားက စကားပြောနောက်ကျတယ်။ ကလေးတယောက်အနေနဲ့ ဘာလုပ်ရမယ် မလုပ်ရဘူး သိတာနောက်ကျတယ်။ အခု ၈ နှစ်ရှိတာတောင် အပြင်သွားရင် အောက်က ကြမ်းခင်းတွေ ဘာတွေ မကိုင်ရဘူး ဘာညာ သိပ်သိလှတာ မဟုတ်ဘူး။ […]

အက်ပီဂရမ်ကဗျာ (Epigram) ဇော်ဇော်ထွန်း

Posted on Posted in စာပေဆောင်းပါး

    အက်ပီဂရမ်ကဗျာ (Epigram) March 31, 2013 ဇော်ဇော်ထွန်း   အက်ပီဂရမ်ကဗျာ (Epigram)         အက်ပီဂရမ်ကဗျာတွေက တိုတယ်၊ အားပါတယ်၊ ပုံမှန်အားဖြင့် ကာရံပါတယ်။ အဆုံး သတ်မတော့ သရော်ထားတဲ့စာကြောင်းတွေနဲ့ ပိတ်လေ့ရှိတယ်။ အတွေးတခု (ဝါ) အဖြစ်အပျက် တခုကိုပဲ အခြေခံထားတယ်။ ဒီစကားလုံး Epigram ဟာ ဂရိဝေါဟာရ “Epigraphein” ကလာပြီး ထွင်းစာလုံး ရေးသားခြင်းလို့ အဓိပ္ပာယ်ရှိတယ်။ ဒါဟာ ရှေးဟောင်းဂရိကျောက်တုံးအမှတ်တရ နေ ရာတွေမှာ ဆောက်ထွင်းရေးသားမှုနဲ့ ဆက်စပ်နေတယ်။ အက်ပီဂရမ်တွေရဲ့ပထမရာစုဟာ ရောမ ကဗျာဆရာကြီး မာရှယ် (Roman Poet Martial) ကတဆင့် မော်ဒန်အက်ပီဂရမ်ရယ်လို့ ဖြစ်လာခဲ့ တယ်။ အက်ပီဂရမ်တွေဟာ ခြောက်ရာစုနဲ့ ခုနစ်ရာစုတွေမှာ […]

တစ်ခု တစ်ကောင် တစ်ယောက် (မိုးသစ်ဝေ)

Posted on Posted in စာပေဆောင်းပါး

” ကျွန်တော် စပြီး မေးချင်ပါတယ်။ အဲဒီလို တ၀မ်းပူစသတ် တစ် လို့ အရင်ရှေးထုံးမရှိပဲ အမှားကြီး စရေးခဲ့တာ ဦးနေ၀င်းလို့ ကျွန်တော်ကြားဖူးပါတယ်။ အဲဒီအကြောင်း ဆရာတို့ ပြောပြပေးပါဦး” ” သိပ်ဟုတ်တာပေါ့ကွာ။ ပြန်ပြောရရင်တော့ တရုတ်ပြည်က တိန့်ယင်ရှောင် အလည်လာတုန်းကပေါ့။ တခါမှ စာတပုဒ်ကို ဖြစ်ဖြစ်မြောက်မြောက်မရေးဖူးတဲ့ ဦးနေ၀င်းက ကိုယ်တိုင် ဆောင်းပါးတပုဒ်ရေးပြီး သတင်းစာထဲမှာ ထည့်ခိုင်းတယ် ကွာ။ သတင်းစာ အယ်ဒီတာတွေလည်း….”   တစ်ခု တစ်ကောင် တစ်ယောက် မိုးသစ်ဝေ     “ ဦးနေ၀င်းရဲ့နောက်မြီးဆွဲ မလုပ်ချင်ကြနဲ့တော့လို့ ပြောလိုက်တဲ့ ဆရာမောင်သင်းခိုင်၊ ဆရာမောင်ကြူးရင့်တို့နှင့် စာပေစကားဝိုင်း”   ပျဉ်းမနားကဗျာဆရာများ တွေ့ဆုံလေ့ရှိရာ ကိုမိုးကြီး(ကဗျာဆရာမိုးကျော်အောင်)ရဲ့ Rain ကဖီးကို ကျွန်တော်ရောက်တော့ ဆရာမောင်သင်းခိုင်က […]