ကဗျာစာကြောင်းများ (Lines) – ဇော်ဇော်ထွန်း

Posted on Posted in စာပေဆောင်းပါး

” ကဗျာမှာတော့ စာကြောင်းတည်ဆောက်ပုံဟာ စကားပြေ (prose)နဲ့ ကွဲပြားစေတဲ့ အဓိက အချက်ပဲ ဖြစ်တယ်။ အခုနောက်ပိုင်းကဗျာတွေမှာ ရိုင်း(မ)နဲ့မီတာပါဝင်မှု အားနည်းသွားပေမယ့် ကဗျာစာကြောင်းတွေရဲ့အရေးပါမှုဟာ လျော့သွားခြင်းမရှိဘူးလို့ ဆိုကြတယ်။ စာမျက်နှာသွင်ပြင်ဖွဲ့စည်းမှု (Page Layout) ဟာ ကဗျာစာကြောင်းများ ဖွဲ့စည်းပုံကို အထောက်အပံ့ ဖြစ်စေပါတယ်။ “   ကဗျာစာကြောင်းများ (Lines) ဇော်ဇော်ထွန်း  ကဗျာမှာတော့ စာကြောင်း (line) ဟာ အဓိကအရေးပါတဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တယ်။ ကဗျာစာကြောင်းဟာ သဒ္ဒါစည်းကမ်း အတိအကျ လိုက်နာဖို့မလိုဘူးလို့ ဆိုပါတယ်။ စာကြောင်း (line) ဟာ ဝါကျရှည်နဲ့ ဝါကျပြတ်တွေဖြစ်အောင် ခွဲခြားပိုင်းဖြတ်ခြင်းကို ကဗျာစာမျက်နှာပေါ်မှာ ခံကြရပါတယ်။ အဲဒီလိုပဲ စာကြောင်း (line) များ ပါဝင်ဖွဲ့စည်းထားသော အစုကိုတော့ ကဗျာမှာ […]

ကွယ်လွန်သွားသော ကဗျာဆရာမကြီးမာယာအား ဦးညွတ်ခြင်း (ဇော်ဇော်ထွန်း)

Posted on Posted in စာပေဆောင်းပါး

မေလ ၂၈ ရက်နေ့က အသက် (၈၆)နှစ်အရွယ်တွင် ကွယ်လွန်သွားသည့် ကမ္ဘာကျော် အမေရိကန်ခေတ်ပြိုင် ကဗျာဆရာ စာရေးဆရာမကြီး Maya Angelou အမှတ်တရ …   ကွယ်လွန်သွားသောကဗျာဆရာမကြီးမာယာအားဦးညွတ်ခြင်း ဇော်ဇော်ထွန်း   အကျဉ်းကျခံရတဲ့ငှက်   လွပ်လပ်သောငှက်တစ်ကောင် ကခုန်ပျံ ဒီလေပြေရဲ့နောက်ကျောပေါ်ဝယ် ပြီးတော့ လေစုန်မှာ လေဟုန်စီးပါလို့ ဒီလေစီးကြောင်းက သူတောင်ပံများအား ရပ်တန့်သည်အထိ နောက် သူ့တောင်ပံများ နစ်မြုပ်သည်ထိ ဒီလိမ္မော်ရောင်နေအလင်းတန်းများထဲ ပြီးတော့ ဒီကောင်းကင်ကြီးကိုလည်း သူအရေးဆိုရဲပါရဲ့။ ဒါပေမယ့် ငှက်တစ်ကောင်ပေါ့ သူ့ရဲ့ကျဉ်းလှတဲ့လှောင်အိမ်ကို ဒေါသတကြီးဖြတ်လျှောက်တာ တစ်ခါတစ်ရံ တွေ့မြင်နိုင်ပါသေးတယ် သူ့သံတိုင်အကွာအဝေးကိုဖြတ်လို့ ချုပ်ပူးတာခံရတဲ့ သူ့တောင်ပံများနဲ့ ချည်နှောင်ခြင်းခံရတဲ့ သူ့ခြေထောက်များနဲ့ ဒါကြောင့် သူက သူ့လည်မျိုကို တေးသီဖို့ဖွင့်ဟတယ်။ ဒီလှောင်ချိုင့်စံငှက်တေးသီခြင်းက ကြောက်စရာတုန်ရီသံတစ်စုံ မသိခြင်းအရာများနှင့်အတူ ဒါပေမယ့် […]

မုန်တိုင်းဦးက လှသောကဗျာ (သော်ထွန်း)

Posted on 1 CommentPosted in စာပေဆောင်းပါး

ဗမာလူမျိုး မြန်မာကဗျာချစ်သူ တစ်ဦးအနေဖြင့် မြန်မာ ကဗျာဆရာတွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံး လဲ၊ မြန်မာကဗျာထဲမှာ ဘယ်ကဗျာ အကြိုက်ဆုံးလဲ ဟု မေးလာလျှင် အဖြေမည်သို့ ပေးမည် နည်းဟူသော…. မုန်တိုင်းဦးက လှသောကဗျာ     ပုံကို nwaymoresaung.blogspot ယူပါသည်။ (၁) ကျွန်တော်သည် မြန်မာကဗျာကို ချစ်မြတ်နိုးသူ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်(၂၀)ကျော်၊ ၁၉၈၂-ခုနှစ်ခန့်က အတွေးတစ်ခု ပေါ်ခဲ့ဖူးပါသည်။ ဗမာလူမျိုး မြန်မာကဗျာချစ်သူ တစ်ဦးအနေဖြင့် မြန်မာ ကဗျာဆရာတွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံးလဲ၊   မြန်မာကဗျာထဲမှာ ဘယ်ကဗျာ အကြိုက်ဆုံးလဲ ဟု မေးလာလျှင် အဖြေမည်သို့ ပေးမည် နည်းဟူသော အတွေးပင် ဖြစ်ပါသည်။ ကျွန်တော်ကြိုက်သော ကဗျာ ဆရာများမှာ ပုဂံခေတ်မှ […]

ကဏန်းမျက်စိ (၀င်းတင်)

Posted on Posted in စာပေဆောင်းပါး

“ ထိုသမိုင်း ဒဏ္ဍာရီကို အကြောင်းပြုလျက် အနောက်တိုင်း ဆိုရိုးစကား၌ “အာချိလိဖနောင့်” ဟူသော ဝေါဟာရ အသုံးတွင်လာခဲ့သည်။ ဧရာမအရာဝတ္ထု၊ တိုင်းပြည်နိုင်ငံ၊ လူပုဂ္ဂိုလ်တို့၏ ပျော့ကွက်၊ ဟာ ကွက်၊ ပြိုကွက်၊ ပျက်ကွက်တို့ကို ရည်ညွှန်းတင်စားသော ဝေါဟာရဖြစ်သည်။ ” ကဏန်းမျက်စိ   မိတ်ဆွေတစ်ဦးက ပြောပြသည်။ ကဏန်းကောင်သည် ခြင်ကိုက်ခံရလျှင်သေသည် ဟူသတတ်။ ကဏန်းကောင်သည် ရေသတ္တ၀ါ ဖြစ်သည်။ သံချပ်ကာစစ်ယာဉ်နှင့် တူသည်ဟူ၍ နှိုင်းခိုင်းရဖွယ်ရှိ လောက်အောင် အင်အားခိုင်ဖြီးသော အကောင်မျိုးဖြစ်သည်။ နူးညံ့သောအသားကို ထူထဲမာကျော သောအခွံဖြင့် ဖုံးကာထားသည်။ အသားနေရာလပ်မကျန်။ ခြေချောင်း၊ လက်ချောင်း တို့ သည်ပင်လျှင် သံချောင်းတမျှ မာကျောသောအခွံဖြင့် လွှမ်းအုပ်လျက် ရှိသည်။ ကဏန်း၏အခွံသည် အခွံဟုဆိုရသော်လည်း သာမန် ငါးပုစွန်တို့၏ အကြေးခွံမျိုးမဟုတ်။ […]

မြန်မာစကားထဲက “ဆ” သံပျောက်မသွားအောင်(မောင်ခင်မင်-ဓနုဖြူ)

Posted on Posted in စာပေဆောင်းပါး

မြန်မာစကားထဲက “ဆ” သံပျောက်မသွားအောင် …   “ ဟယ် …ဒီကလေးမ ဘယ်လိုပြောလိုက်တာလဲ” လွန်ခဲ့သော ၁၀ နှစ်ခန့်က ဖြစ်ပါသည်။ တစ်ညတွင် ကျွန်တော်နှင့်အိမ်သားများ ဧည့်ခန်းတွင်ထိုင်ပြီး ရုပ်မြင်သံကြားမှထုတ်လွှင့်သော ပြည်တွင်းသတင်း အစီအစဉ်ကို ကြည့်နေကြစဉ် သတင်းကြေညာသော မိန်းကလေး၏ ကြေညာသံတစ်ခုကို ကြားလိုက်ရသည့်အတွက် အထိတ်တလန့်ဖြစ်သွားပြီး အထက်ပါအတိုင်း ပြောလိုက်မိခြင်းဖြစ်သည်။ မိန်းကလေးကြေညာလိုက်သည့်သတင်းမှာ – သို့သော် သူအသံထွက်ပုံက ‘ဆောက်လုပ်’ကို “စောက်လုပ်”၊ ‘တည်ဆောက်’ ကို ‘တည်စောက်’ ဟု အသံထွက်နေသည်။ ‘စောက်လုပ်’ ဆိုသောအသံရိုင်းကြီး ရုတ်တရက်နားထဲဝင်လာသည့် အတွက်… စောက်လုပ်ရေးလုပ်ငန်းဝန်ကြီးဌာနက တာဝန်ယူတည်စောက်ပြီးစီးတဲ့ နောက်ဆုံးတံတားကြီးကတော့ …. ဟူ၍ဖြစ်သည်။ သူအမှန်တကယ်ပြောသည့် စကားက ‘ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူတည်ဆောက်ပြီးစီးတဲ့ နောက်ဆုံး တံတားကြီးကတော့ ’ […]