ငွေလရောင်ရဲ့တိမ်းရှောင်သူ (သစ်ကောင်းအိမ်)

Posted on Posted in ရသရှုခင်း, အက်ဆေး

(၁) ကျနော့်အမေ ကွန်မြူနစ် ဖြစ်သွားရခြင်းအကြောင်းကို ပြန်လည်တွေးမိတော့… တယောက်တည်းပြုံးရယ်ချင်စိတ်နဲ့အတူ အတိတ်ထဲကနေ၍ … မျက်တွင်းများ၊ ပါးရိုး နားရိုးများချိုင့်ဝင်လျက် ရီဝေဝေကြောင်စီစီမျက်လုံးများ မုတ်ဆိတ်ကျိုးကျဲ ဆီနဲ့ဝေးသောဆံပင်ခွေလိပ်လိပ်များးနှင့် ကျောပြင်တခုလုံးပေါက်ပြဲနေသော အင်္ကျီနွမ်းတထည်ကို ဝတ်ဆင်ထားသောလူတယောက်။ တခါတရံတွင် သတင်းစာတစောင်ကို ကိုင်လျက်၊ တခါတရံတွင် ပုတီးတကုံးကို လက်ထဲတွင်စိတ်လျက်၊ ထိုသို့မှမဟုတ်လျှင် စာအုပ်တအုပ်ကို ကိုင်လျက်

ဘ၀ပခုံးဖြင့် ထမ်းရသော စကားလုံး (နောင်ကျော်)

Posted on Posted in အက်ဆေး

အက်ဆေး   စာဖတ်သောအသိုင်းအ၀ိုင်းလည်း ပို၍ကျယ်လာ၊ စာတွေဖတ်ပြီး ဆွေးနွေးပြောဆိုသောအလေ့အထလည်း ရလာခဲ့ သည်။ လူ့အဖွဲ့အစည်းဟောင်းကို ပြောင်း၍ လူ့အဖွဲ့အစည်းအသစ်ကိုတည်ဆောက်ချင်သော အတွေးအမြင်များကလည်း ကျွန်တော့် စိတ်ထဲတွင် ပို၍ခိုင်မာစွဲမြဲ လာသည်။ မတရားမှုများပယ်ဖျောက်၍ တရားမျှတမှုများသာပဲ စိုးမိုးစေ ချင်စိတ်တွေ အမြစ်တွယ်လာသည်။ ကိုယ်တိုင်က ဒုက္ခဆင်းရဲမှုကြားတွင် ကျင်လည်နေရသော်လည်း ကိုယ့်ပတ်ဝန်းကျင် တွင် မြင်တွေ့ကြားသိနေရသောလူမှုဒုက္ခများကို ပြေလည်ပြေပျောက်စေ ချင်စိတ်တွေ ရုန်းကြွခံစားမိလာသည်…   ဘ၀ပခုံးဖြင့် ထမ်းရသော စကားလုံး နောင်ကျော် ၁။   လူတိုင်းတွင် ခံယူချက် ယုံကြည်ချက်တွေရှိသည်။ တချို့က ပြောကြသည်။ တချို့က ရေးကြသည်။ လက်တွေ့ကျင်လည်ရာဘ၀တွင် ကိုယ်ပြောသလို ရေးသလိုမကျင့်သုံးနိုင်ကြလျှင် အထင်သေးခြင်း ခံရတော့သည်။ ဤသဘောကို “စာတွေ့” ဖြင့် နားလည် သလိုလို ရှိခဲ့သည်မှာ […]

ဘဝတာ တိုတိုမို့ ပိုစိုးရိမ်မိတယ် (နောင်ကျော်)

Posted on Posted in အက်ဆေး

  ” ကျွန်တော်က ဘဝတာတိုတိုမှာ အရသာချိုချိုကို မက်မောချင်ပေမယ့် လောကအတွက် ထမ်းရွက် နိုင်သမျှ ထမ်းရွက်ချင်တဲ့စိတ်က အလေးသာသွားခဲ့ တာကြောင့် တလူလူလွင့်နေတဲ့ အဓမ္မ အလံတွေကို ရိုက်ချိုးကြသူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာတွေ့ခဲ့ သလားဆိုတာကို ပြန်မစဉ်းစားဖြစ်ပေမယ့် လောကအတွက် ကောင်းမှုတစ်ခါတော့ လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အဲဒါကို ကောင်းမှုလို့ ယုံကြည်တယ်  ..”   ဘဝတာ တိုတိုမို့ ပိုစိုးရိမ်မိတယ် နောင်ကျော် ဇူလိုင် ၂၃၊ ၂၀၁၃   လူ့ဘဝဟာ တိုတောင်းလှတယ်လို့ ပြောစမှတ်ရှိတယ်။ ဘယ်လောက်တောင် အချိန်တို တောင်းနည်းပါးသလဲဆိုတာကို ပေါ်လွင်အောင်ပြောတဲ့စကားတွေထဲမှာ ‘ရေပွက်ပမာ’ ဆိုတာက အပေါ်လွင်ဆုံးပါပဲ။ ‘ရေပွက်ပမာ၊ တစ်သက်တာ’ တဲ့။ ရေပြင်ပေါ်ကိုပွက်ခနဲ (ဒါမှမဟုတ်) ဘွားခနဲ တက်လာတဲ့ […]

ခုံကလေးတစ်လုံး ရာဇ၀င် (ဆူးငှက်)

Posted on Posted in အက်ဆေး

“မန္တလေးမှာက ပထမဆုံးရက်တွေမှာသာ ဘာမှန်းညာမှန်းမသိလို့ နှစ်ဘာသာ အညိအစွန်းလေးတွေရှိတာ။ နောက်ရက်တွေမှာ ဒါဟာ ပြဿနာမဟုတ်ဘူး။ မင်းတုန်းမင်းကြီးလက်ထက်ကတည်းက အေးအတူ ပူအမျှ နေလာ ကြတဲ့ တစ်မြို့တည်းသားချင်း ကျုံးရေအတူသောက်သူချင်း ရန်သူမဟုတ်ဘူးဆိုတာ သိလာကြတယ်။ မန္တလေးရဲ့ အဓိကအားထားရတဲ့ ရဟန်သံဃာတော်တွေကလည်း မနက်လင်းတာနဲ့မြင်တွေ့နေရတဲ့ မျက်နှာတွေချင်းအချင်း မများစေချင်ဘူး” ခုံကလေးတစ်လုံး ရာဇ၀င် ကျွန်တော်ငယ်ငယ်က အိမ်မှာ ထိုင်ခုံကလေးတစ်လုံးရှိတယ်။ ကျောမှီပါ ကျွန်းသားထိုင်ခုံလေးပါ။ စရွေး စွပ်နဲ့ လက်ရာကောင်းပြီး အရောင်တင်ဆီ ကို သေချာ သုတ်ထားတဲ့ အစအနတွေကျန်နေသေးတယ်။ ပစ္စည်းကောင်း သုံးစွဲတဲ့ မျက်နှာကြီးအိမ်တစ်အိမ်ကဖြစ်မှာပေါ့။ အရွယ်ရောက် အတော်အတန်သိတတ်တဲ့ အချိန် ရောက်တော့ သုံးပင်နှစ်ခန်းအိမ်လေးထဲက ဒီထိုင်ခုံဟာ လက်ထက်ပွားပစ္စည်းမဟုတ်ဘူးဆိုတာ ကျွန်တော်သဘောပေါက်တယ်။ ဒီတော့ ထိုင်ခုံလေးနဲ့ပတ်သက် ပြီး အမေ့ကိုမေးမိပါတော့တယ်။ အမေက ကျွန်တော့အမေးကို […]

စာစီမှားတဲ့ ည (ကိုချို )

Posted on Posted in အက်ဆေး

နိုးသွားချင်းချင်း သူ့အိမ်နဲ့မလှမ်းမကန်း မီတာတစ်ရာအကွာလောက်မှာရှိသည့် သူ့ရဲ့ ရှင်ခိုအိဝအမည်ရှိ မြို့ကလေးရဲ့ဘူတာကလေးဆီ နားစွင့်လိုက်မိသည်။ (ဘူတာကလေးဟုဆိုသော်လည်း ရန်ကုန်ဘူတာကြီးကဲ့သို့ စုလစ်မွန်းချွန်များမရှိသည်ကလွဲလျှင် …..) ကိုချို စာစီမှားတဲ့ ည   သူ ရုတ်တရက် လန့်နိုးသွားသည်၊ ဧည့်ခန်းဖက်ဆီမှ တစ်ချက်တစ်ချက် လွင့်ပျံ့လာသည့်မသဲမကွဲ တီလီဗေးရှင်းသံကြောင့်လား၊ လှုပ်ရှားမှုခြေသံ တစ်စုံတစ်ရာကြောင့်လား၊ ရေအိမ်တံခါးပိတ်သံ အနည်းငယ်ကြမ်းသွားခြင်း ကြောင့်လား။ သေချာသည်ကတော့ သူ့အိပ်ခန်းနှင့်ကပ်ရက် ဧည့်ခန်းဖက်ဆီမှ အသံတစ်စုံတစ်ခုကြောင့် အအိပ်ဆတ်လွန်းသော သူ ရုတ်တရက် လန့်နိုးသွားပါသည်။ နိုးသွားချင်းချင်း သူ့အိမ်နဲ့မလှမ်းမကန်း မီတာတစ်ရာအကွာလောက်မှာရှိသည့် သူ့ရဲ့ ရှင်ခိုအိဝအမည်ရှိ မြို့ကလေးရဲ့ဘူတာကလေးဆီ နားစွင့်လိုက်မိသည်။ (ဘူတာကလေးဟုဆိုသော်လည်း ရန်ကုန်ဘူတာကြီးကဲ့သို့ စုလစ်မွန်းချွန်များမရှိသည်ကလွဲ လျှင် ထိုမျှနီးနီးတော့ ရှိပါသည်။) ဘူတာကလေးက တိတ်ဆိတ်ငြိမ်သက်နေခဲ့လျှင် ညလည်တစ်နာရီမှ နံနက်လေးနာရီခွဲ အတွင်းဆိုတာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် […]

သင်္ကြန်တွေ ရမယ်…သင်္ကြန်တွေ (အိုးဝေမျိုး)

Posted on 1 CommentPosted in အက်ဆေး, မြန်မာ့ဓလေ့

(၁) လေပြေကဝှေ့လိုက် နေကပြန်ပူလိုက် မိုးကလေးက တအုံ့အုံ့ ပြေးလာလိုက်နဲ့ ဟုတ်တော့ဟုတ်နေပြီ..။ လမ်းထဲမှာ မြေသယ်ကားသံ လိုလို ခဏ ခဏ ကြားရလွန်းအားကြီးလို့ သတိထားကြည့်မှ တိုင်ကီတွေ သံပိုက်လုံးတွေ ၊ဘုတ်ပြားတွေ အခေါက်ခေါက်အခါခါ သယ်နေတာမှန်း သိလိုက်ရသည်။ ကျောင်းတွေ၊ ရုံးတွေ၊ နယ်ဝေးတွေကပြန်လာသူတွေနဲ့ လူဦးရေက ရပ်ကွက်ထဲ ရုတ်တရက်ကြီး တိုးလာသည်။ အိမ်နောက်ဘက် စမ်းချောင်းနံဘေးမှာ ကလေး တသိုက် အော်လိုက်ဟစ်လိုက်နဲ့ မို့ သေသေချာချာပဲ ဝရံတာဘက် ထွက်ကြည့်လိုက်သည်။ မနေ့က နီညိုညို အဖူးနဲ့ မန်းကျည်းတစ်ပင်လုံးက ခုတော့ စိမ်းလို့ မြလို့ (ရက်ရင့်) သက်ရင့်ခြင်းကို ပြနေသည်။ သြော်..သြော်…သင်္ကြန်တောင် ကျတော့မှာကိုး….။ (၂) စိတ်အစဉ်ထဲ အတိတ်တုန်းက.. မူးမူးထူးထူးသင်္ကြန်၊ မြူးမြူးကြွကြွသင်္ကြန်၊ ပျင်းချောက်ချောက် သင်္ကြန်၊ […]

ချစ်သူကိုပဲ သတိရနေမယ့်သူတွေဖို့ ဖတ်စာအက်ဆေး (သန်းဝင်းထွဋ်)

Posted on Posted in အက်ဆေး

အာဏာရှင်က စစ်တပ်ထဲမဝင်ချင်သည့်လူငယ်တို့ကို စိတ်ဆိုးခဲ့သည်။ ချစ်ခြင်းမေတ္တာတရားကို ချုပ်နှောင် သံခြေကျင်းခတ်လိုသည်။ လက်ထပ်မင်္ဂလာပွဲများမရှိစေရ အမိန့်ထုတ်သည်။ ချစ်သောသူများ မပေါင်းသင်းစေရ။ သံယောဇဉ်များ ဖြတ်စေ။ စစ်တပ်ကြီးထဲ ဝင်စေ။ ရာဇဝင်က သည်လိုဆိုသည်။ မည်သူ လက်ခံနိုင်မည်နည်း။ ရောမလူငယ်တို့လည်း လက်မခံနိုင်။ ထိုအချိန်က ရောမတွင်နေထိုင်သည့် ခရစ်ယာန်သင်းအုပ်ဆရာ ဗယ်လင်တိုင်းကလည်း ……. ချစ်သူကိုပဲ သတိရနေမယ့်သူတွေဖို့ ဖတ်စာအက်ဆေး (သန်းဝင်းထွဋ်) February 14, 2014   ခင်ဗျားမှာ စစ်ကိုမုန်းစိတ်ကလေး ရှိချင်ရှိမည်။ ငြိမ်းချမ်းရေးစိတ်ကလေးလည်း ရှိချင်ရှိမည်။ သံယောဇဉ်အနှောင်အဖွဲ့လေးလည်း ရှိချင်ရှိမည်။ ချစ်သူကလေးကို ထားခဲ့ပြီး စစ်မြေပြင်ကို လိုက်မသွားချင်။ ဇနီးမယားလေးကို မချန်ရစ်ခဲ့နိုင်သည့်တူတူ ရုန်းကန် ရင်ဆိုင်ရမည့် ဘဝပေး ကလေးတွေလည်း ရှိချင်ရှိနေမည်။ သို့သော်  တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူက စစ်တပ်အင်အားကို အကြီးအကျယ်ချဲ့ထွင်ချင် နေမည်။ […]

မျက်မှန်စိမ်းတလက်၊ ဂျင်းဂျာကင်တထည်နှင့် ဥရောပကော်ဖီတခွက်

Posted on Posted in အက်ဆေး

    Image Credit – www.google.com/search?q=spring+paintings&hl=en&source=lnms&tbm မျက်မှန်စိမ်းတလက်၊ ဂျင်းဂျာကင်တထည်နှင့် ဥရောပကော်ဖီတခွက် နှင်းခါးမိုး သွေ့ခြောက်ခြောက် ရိုးတံကိုင်းဖျားတို့၏ စိမ်းနုပုရစ်ဖူးသေးလေးများ ပြူလှစ်နေသည်ကပင် နွေဦး၏နိဒါန်းဟု ဆိုနိုင်သည်။ အန်ကျလာသော နေရောင်၏ အနွေးဓာတ်ကိုခိုလှုံရန် အပြင်လောကသို့ ထွက်လာသူများမှာ ဆောင်းကြွင်းလေပြန်၏ အအေးဓာတ်ကြောင့် ရင်ဘတ်ကြယ်သီးများကို ဆွဲစေ့လိုက်ကြရသည်။ ကော်ဖီဆိုင်လေးများက အပြင်ထုတ်ကာ စားပွဲခင်းထားကြသည်။ မိန်းမပျိုလေးများမှာ စကပ်တိုလေးများဝတ်လာခဲ့ကြသော်လည်း အောက်က အသားကပ်ခြေအိပ်ရှည်ကြီးများ စွပ်လာသည်ကိုတွေ့ရသည်။ နွေရင်ခွင်ကို အတင့်ရဲရဲ မတိုးဝင်ဝံ့ကြရှာသေး။ သူတို့လည်း ပုရစ်ဖူးလေးများလိုပင်။ သူတို့အလှကို အားရပါးရဖွင့်လှစ်ပြဖို့ စိတ်စောနေကြပုံရသည်။ ကုန်တိုက်ကြီးများ၏ အပြင်မှန်ခန်းထဲမှာတော့ အရုပ်လှလှကလေးများက နွေဦးဝတ်စုံသစ်များဖြင့် ပျံဝဲနေကြသည်။ မြို့လယ်ရင်ပြင်မှာတော့ လူတို့စည်ကားလျက်။ မြို့ကိုပတ်ဝိုင်းအုပ်မိုးထားသည့် တောင်များပေါ်လှမ်းကြည့်လိုက်လျှင်မူ နှင်းဖြူဖြူများ ပျော်ကျလွင့်ပျောက်ပြီးစ တောအုပ်ခြောက်ခြောက် မှိုင်းမှိုင်းတို့ကို တွေ့ရသည်။ […]