သူငယ်ချင်း တစ်ယောက်နဲ့ ဖုန်းပြောခြင်း (ကိုသားကြီး)

Posted on Posted in ကဗျာ

သူငယ်ချင်း တစ်ယောက်နဲ့ ဖုန်းပြောခြင်း (ကိုသားကြီး) သတ္တိ နဲ့ သိမ်မွေ့တတ်ဖို့ ဆိုတာ ပညာနဲ့ရှင်သန် ထမြောက်လာတဲ့ ဆင်းရဲခြင်း ဘဲ ။ ခင်ဗျားတို့ အမှန်တရား နဲ့ မျက်လုံးချင်း ဆုံအောင် ကြည့် ရဲလား ။ အမှန်က အမှန်စင်စစ် ဖြစ်ခဲ့ရင် တရားကို လက်တွဲ မဖြုတ် တတ်ကြောင်း သိရဲ့။ တေးဆို နွေငှက်ငယ်ရဲ့ အပူကို သာမိုမီတာ မသုံးဘဲ သိနေခြင်းဟာ အလှတရားပေါ် တည့်တည့်ကျတဲ့ စာနာစိတ် ဘဲ ။ ဖောဖောသီသီ ပေးလိုက်ရမယ့် အရာတွေမှာ ကျွန်တော်တို့ရဲ့ နှစ်နှစ် ခြိုက်ခြိုက် အပြုံး များ ပါတယ်။ အဝေး တောင်တန်းများရဲ့ အရေပြားကျန်းမာရေး ကို ရေဒီယို အဟောင်းတစ်လုံး […]

အစွဲ (လင်းသက်ငြိမ်)

Posted on Posted in ကဗျာ

အစွဲ (လင်းသက်ငြိမ်) ငါ့အနားလာပါ ငါ့အနားလာစမ်းပါ မြို့တစ်မြို့စီမှာဆိုပေမယ့် နယ်မြေတစ်ခုစီမှာဆိုပေမယ့် ငါ့အနားလာပါ ငါ့အနားလာစမ်းပါ ခြေထောက်တွေကိုဂရုစိုက်ပါ လက်ချောင်းတွေကိုဂရုစိုက်ပါ နားတွေနဲ့စဉ်းစားပြီး မျက်လုံးတွေနဲ့သွားပါ အရာရာကိုနှလုံးသားနဲ့ဆုံးဖြတ်ရင်မှားလိမ့်မယ် အရာရာကိုဦးနှောက်နဲ့ခံစားရင်မှားလိမ့်မယ် ငါ့အနားလာပါ ငါ့အနားလာစမ်းပါ လူတွေအရမ်းရှုပ်နေတဲ့နေရာတွေရောက်တိုင်း လူခြေတိတ်ဆိတ်တဲ့လမ်းတွေရောက်တိုင်း ငါ့အနားလာပါ ငါ့အနားလာစမ်းပါ မင်းရောက်နေတဲ့နေရာတိုင်းဟာ ငါ့ရင်ခုန်သံသက်ရောက်ရာရပ်ဝန်းပဲ မင့်ခရီးတိုင်းမှာငါ့ချစ်မေတ္တာတွေက အရိပ်လိုဖြစ်ထွန်းနေကြလေရဲ့ ပျော်ရွှင်မှုကိုစားသုံးပါ မိုက်မဲမှုကိုသတိထားကိုင်တွယ်ပါ ငြီးငွေ့မှုကိုတော့ ရေမလောင်းမိပါစေနဲ့ နောက်ကျောမလုံရင်ဖျတ်ခနဲလှည့်ကြည့်လိုက် ရိပ်ခနဲဖြတ်ပြေးသွားတာတွေ့ရင် အဲ့ဒါငါပါပဲ။ လင်းသက်ငြိမ် 18.12.2015

မီးပုံး (ဒီလူည)

Posted on Posted in ကဗျာ

မီးပုံး (ဒီလူည) မှောင် မှ သိပ်လှတဲ့မျိုးရိုးပဲ။ ချိတ်ဆွဲထားတဲ့ ကိုင်းမှာ ပန်းတွေပွင့်သလို အချိန်အခါတည့်မှ မွှေးတဲ့ရနံ့။ အံ့ဩစရာတော့အ ကောင်းသား။ မှိုင်းဝ အောင် တိုက်မှ အမြင့်ကို ပျံတတ် မျက် မမြင် တစ်ယောက်လို ဆင် ကန်းတောတိုး။ ရင် ဘတ်ထဲ မီးတွေ ငုံပြီး ကြယ်တွေဆီ လေဟုန်စီးနေ တော့ ကမ်းမ ရောက်တဲ့ လှေလို၊ ရ သေ့လို ဈာန်လျှော ခဲ့။ ။ ဒီလူည

မျှစ် (စဝ်ခွန်ချို)

Posted on Posted in ကဗျာ

မျှစ် (စဝ်ခွန်ချို)   တနွေ တဆောင်းလုံး အမိရင်ခွင်ထဲ ပုန်းလျိုး ကွယ်လျိုး ခိုလှုံ ပုန်းခဲ့…၊ အုံဂွမ် အသံတွေနဲ့ စိုထိုင်းလာတဲ့ မြေဆီတွေက အမိရင်ကိုခွဲ၍ စုံလုံးကန်းမိခဲ့ပေါ့….၊ ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်သူအဖို့ မိုးအကြိုမှာ အပျော်မကြူးခင်…..၊ မုဆိုးငါးသွယ်က အညွှန့်ချိုး အလိုမတူပါဘဲ ခြေတော်တင်ခံခဲ့ရတဲ့ ဘဝ….။ ။ စဝ်ခွန်ချို

လွပ်လပ်တဲ့ ချည်နှောင်ခြင်းတရား (ကိုသားကြီး)

Posted on Posted in ကဗျာ

လွပ်လပ်တဲ့ ချည်နှောင်ခြင်းတရား (ကိုသားကြီး) စိတ်နဲ့ ကိုယ်နဲ့ တစ်ထပ်ထဲ မကျတဲ့ ည အားနာတတ်ခြင်းဟာ အိပ်မက်ကိုဖဲ့ထုတ် ခိုးယူသွား ငါ မတားမိလိုက်ဘူး။ ဖြည့်ဖဲတစ်ချပ်ရဲ့တာဝန် မှာ ဘားဆိုင်ဟာ ဟာမိုနီကောင်းတယ်တဲ့လား တောရွာလေးမှာ သွားနေမယ် ပန်းပင်လေးတွေ ရေလောင်းမယ် နွေရာသီ ဝတ်စုံ အပါးလေးတစ်ထည် ချုပ်မယ် နံရံတွေ ဆေးလိုက်သုတ်မယ် ဂီတနုတ်တွေ ကြားက သူငယ်ချင်းကဗျာဆရာရဲ့ အအေးဆိုင်လေးကို ကာလပေါ်တေးလို နားထောင်မယ် နွေစပါးကွင်းပြင်ကို ပန်ချီးကားထဲ ထည့်လိုက်မယ် မြို့ကို ပြန် ရတဲ့ မွန်းကျပ်မှုမှာ နည်းပါးတဲ့စာနာစိတ်က အနီးကပ်ရန်သူဘဲ။ ကိုဘုန်းရေ… ခေတ်ဆူးရေ…. မနီတာလေးရေ….. အနီးဆုံး ကဗျာကို အရင်ဖတ်လိုက်ပါတယ်၊ ပုလင်းအလွတ်တွေ အသစ်ယောင်ဆောင်ဖို့ ပြင်ဆင်နေပုံ ဟာ ငါ့အတွက် မွန်းကျပ်လွန်းပါတယ်။ ဘုရားလမ်းက […]

ကြမ္မာစေရာ (နီလာမိုးဆွေ)

Posted on Posted in ကဗျာ

ကြမ္မာစေရာ (နီလာမိုးဆွေ) ရှားပါးလာတဲ့စကားလုံးတွေကြား အသက်ရှူလိုက်တိုင်း သတိရခြင်းတွေကသာ ရောင်းပန်းမဝင်တဲ့ပန်းလိုပွင့်ခဲ့တယ်….၊ ဝိရောဓိဖြစ်နေတဲ့ ခြေလှမ်းတွေနဲ့ မခမ်းခြောက်နိုင်တဲ့ မိုးရာသီကြား တကယ်ဆိုရင် တောင်ပံတစ်စုံက ကျွန်မသာလျှင်ပိုင်ဆိုင်သင့်တာပါ…၊ မဆုံးနိုင်တဲ့ခရီးလမ်းကို နှလုံးသွေးနဲ့ခင်းလျှောက်ရအောင် ကျွန်မကနှောင်ကြိုးမဲ့တဲ့ သက်မဲ့တခုမဟုတ်ခဲ့လေဘူး …၊ သူမွှေးခဲ့တဲ့မီးတစ်စထဲ ကျွန်မရဲ့ချစ်ခြင်းမေတ္တာတွေ သွန်းလောင်းထည့်လိုက်တဲ့အခါ မိဥသြက ချိန်ခါမဲ့စွာတွန်ကြူးလေတယ်…၊ အပျော်နဲ့မထိုက်တန်သူအဖို့ ချစ်ခြင်းမေတ္တာဆိုတာ ပြဿဒ်ကိုလောင်ကျွမ်းစေတဲ့ အမှိုက်တစပါဘဲ မောင်….၊ ဒီလိုနဲ့ဘဲ ကျွန်မအဖို့ မပြေနိုင်တဲ့အမုန်းမီးတွေနဲ့ ကြမ္မာစေရာမှာပျော်သလိုနေတတ်ခဲ့ပြီ…။ ။ နီလာမိုးဆွေ။

လူပြက်​ (လင်းသက်​ငြိမ်​)

Posted on Posted in ကဗျာ, ရသရှုခင်း

လူပြက်​ (လင်းသက်​ငြိမ်​) ခြေ​ထောက်​နဲ့ လမ်းလျှောက်​ရင်း ခလုတ်​တိုက်​မိ …​ချော်​လဲ​ပေါ့ အားလုံးရယ်​​မောလို့ရပါပြီ ကိုယ်​ပစ်​လိုက်​တဲ့ ခဲလုံးဟာ ကိုယ့်​ဆီတည့်တည့်​မတ်မတ်​ကြီးပြန်ရောက်​လာ ရယ်​လို့ရပါပြီဗျာ ရေတစ်​ခွက်​​သောက်ရင်း သီးမိတယ်​ ရယ်မောကြ​ပေါ့ကွယ်​ အင်္ကျီ​ပြောင်းပြန်​ဝတ်ခဲ့မိ ရယ်​ဖို့အသင့်​ပြင်ထားကြ၏ သီချင်းတစ်ပုဒ်​ကို အသံတုလုပ်​ဆိုမိတယ်​ လူတွေက ရယ်ကြတယ်​ ငိုစရာ​တွေကြားထဲလူတွေရယ်​​နေတာ ပျော်စရာပဲ ကိုယ်​အပြုံးမပျက်ခဲ့ဘူးကွယ်​ ခေတ်​ကြီးဟာ ဒဏ်ရာ​တွေနဲ့အတိ ရယ်ရတာ အရသာရှိ အကိုတို့ အစ်မတို့ ရယ်ကြပါ ဦးကော အဒေါ်​ကောဗျာ ဖေ​…. မေတို့လည်း ရယ်ကာ​မော ပျော်​စရာကြီး​နော ရယ်သံတွေကြားလမ်း​လျှောက်ကာ ကိုယ့်​​ဝေဒနာကိုယ်​​မေ့မှာ လူ​ခြေတိတ်တိတ်​ညကြီးထဲ ကျွန်တော်​ တယောက်တည်း​ကြေကွဲ။ ။ လင်းသက်​ငြိမ်

အရေးပေါ်ခန်း နဲ့ လူနာစောင့် (ကိုသားကြီး)

Posted on Posted in ကဗျာ, ရသရှုခင်း

အရေးပေါ်ခန်း (ကိုသားကြီး) အသက်ရှင် ခဲ့တာချင်း တူရင်တောင် တည့်မတ်စွာ ပိနေ တဲ့ဝန် ဟာ ရလဒ် မတူတဲ့ လေးလံမှုထဲ မျှော်လင့်ချက်က မြို့ပြ မနက်ခင်းလို သောကတွေသာ ခုံးထ လာ ပုံ တေးဆိုငှက်သံ မပါဘူး။ ကြေကွဲ ခြင်းအဆိပ်တက်တုန်း အိပ်ရေးပျက် လမ်းကို မကျော်နိုင်တော့ ကြယ်တစ်ခင်းက ရူးလို့အောင့် ရုံ့  ဆေးရုံ နံ့ ဟာ ပေးခြင်း ယူခြင်း လက်များပေါ် သဘောနှစ်ခွ ထွက်တဲ့ တရား ပျော်ရွှင် လွန်းလို့ လျှောက်လာတဲ့လမ်းမဟုတ် တော့ အများက ဆိုခဲစေ မြဲစေ၊ လတ်ဆတ်လေ နဲ့ ပေါင်းသင်းခဲ့ဖူးတဲ့ အဆုတ်ဟာ ငွေပေးငှားနေအခန်းများရဲ့ ညကို ရေရောအန်ချပစ်တယ် ဒီမျက်ဝန်းတွေ က […]

နွေပန်းချီကား (နီလာမိုးဆွေ)

Posted on Posted in ကဗျာ, ရသရှုခင်း

နွေပန်းချီကား (နီလာမိုးဆွေ) ထီး ဖိနပ် မပါဘဲ လျောက်လှမ်းမိတဲ့ ခရီးရှည် အမှောင်ထုထဲ တဝဲလည်လည်….။ အဆုံးမရှိတဲ့ အတွေးတွေက အမှောင်ထဲ တိုးဝင် အမှောင်မှာ ပျော်မွေ့….။ အမှောင်အောက်က အရိပ် ရှည်လျားသထက်ရှည်လျား ကြွေးသစ်မချ အဟောင်းစား နေသူအဖို့….။ ဘဝ ဆိုတာ စုတ်ချက်ရာ ဗလပွနဲ့ လက်ရာမြောက် နွေပန်းချီကားတချပ်….။ နီလာမိုးဆွေ

ဆိ တ် ငြိ မ် ရ ပ် ကွ က် (မင်းညွှန့်လှိုင် )

Posted on Posted in ကဗျာ, ရသရှုခင်း

ဆိ တ် ငြိ မ် ရ ပ် ကွ က် (မင်းညွှန့်လှိုင် ) တိတ်ဆိတ်မှု ချစ်ခြင်းမှာလဲကျလုလု အပျိုစင်ရဲ့ နှင်းဆီရောင်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု အသည်းတအေးအေးလေညင်းလေးနဲ့ ငြိမ်သက်ဆည်းလည်းလေးမနမ်းခင် ဂီတတမျှတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု ဝတ်မှုန်တံခါးအဖွင့် အနှေးပြရိုက်ချက်နဲ့ အနက်ရောင်ကတ္တီပါတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု မှုခင်းဖြစ်ပွားရာ နံရံတစ်ချပ်ရဲ့ မထွေးနိုင်မအန်နိုင်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု မစဉ်းစားခြင်းသတ္တုနဲ့သွန်းလောင်းထား ငှက်ဖျားမိနေတဲ့သေနတ်တစ်လက် ကျည်မထိုးမီတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု လေးတွဲ့ယမ်းခါ အဖြူရောင်ဦးခေါင်းတစ်လုံးရဲ့ ရက်စက်တဲ့တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု အသံကလွဲရင်အားလုံးယူ ရန်သူ့အကျဉ်းစခန်းထဲ သေကောင်ပေါင်းလဲတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု ဓားမိုးထားတဲ့ကမ္ဘာရဲ့ သုညခေတ်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု ချစ်တာပဓာနဝါဒီ ချစ်ဆိပ်တက်လျှာတစ်ချောင်းရဲ့ နားဝေတိမ်တောင်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု […]