တောကျောင်းဆရာရဲ့သုခ (ဘာသာပြန်သူ- လူထုဒေါ်အမာ)

Posted on Posted in ရသရှုခင်း, ဝတ္ထုတို

  တောကျောင်းဆရာရဲ့သုခ (ဘာသာပြန်သူ- လူထုဒေါ်အမာ) ကျွန်တော့်နာမည် အပြည့်အစုံက ဝိရာဒက်တန်ယုန်ပါ။ နို့ပေမယ့် ရွာသားတွေက “ဆရာကြီးဒက်” လို့ပဲ တိုတိုခေါ် ကြပါတယ်။ ကျွန်တော်က တကယ်တော့ သာမန် မြူနီစပါယ် ကျောင်းတွေမှာ စာပြရတဲ့ မူလတန်းပြ ဆရာငယ် တယောက်သာပါ။ ဆရာကြီးလို့ ခေါ်တာခံ လိုက်ရတော့ နည်းနည်းတော့ သွေးမြောက်စရာ ကောင်းတာပေါ့လေ။ ကျွန်တော့်ဘဝက ကြီးတော့လည်းကြီးပါတယ်။ ကျောင်းထဲမှာ ရှိရှိသမျှအလုပ်တွေကို ကျွန်တော် တယောက်တည်း ဒိုင်ခံလုပ် နေရတာ ဟုတ်လား။ ကျောင်းအုပ်ဆရာကြီးဆိုလည်း ကျွန်တော်ပဲ၊ အဖွဲ့ဝင်ဆရာဆိုလည်း ကျွန်တော်ပဲ၊ ကျောင်းစောင့်ဆိုလည်း ကျွန်တော်ပဲ။ ခု ခေတ်မှာ ကိုယ့်လက်အောက်ကရှိတဲ့ အလုပ်မှန်ရင် ကိုယ့်သားကိုယ့်မြေး ကိုယ့်ဆွေမျိုးတွေ ကိုသာ ခွဲဝေပေးနေကြတာကိုး။ ကျွန်တော်က ဒါမျိုးမလုပ်ဘူးလေ။

ဘကြီးအောင်ညာတယ် (မင်းသုဝဏ်)

Posted on Posted in ဝတ္ထုတို

  ကဗျာစာဆိုကြီးမင်းသုဝဏ် ကွယ်လွန်ခြင်း၁၀ နှစ်ပြည့်အထိမ်းအမှတ် ရှုခင်းသစ်   ” …ထိုမျှကိုကြားရလျှင်ပင် မောင်ချစ်၏အသည်းနှလုံး အူသိမ်၊ အူမတို့သည် ကြွေကျမတတ် ဖြစ်လေ ၏။ အရုပ်ကလေးကို အတင်းလု၍ပြေးလိုသော စိတ်ပေါ်လာသော်လည်း ၀န်ထောက်မင်းဟု ကြား ရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ၀ံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံး ပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင် လေ၏။….”   ဘကြီးအောင်ညာတယ်   “ အရှေ့ကျောင်းသား သူတောင်းစား၊ လယ်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့ လာ မောင်ရို့ ၀ါး” ဟု အားရပါးရ ဆူညံစွာအော်ဟစ် ပြေးလွှားလာကြသော ကလေးတစုသည်ကား လယ်ပေါ်ဘုန်းကြီး […]

လမသာ ဆက်ရက်တောင်ပံကျိုး ညအမှောင် သူဝင်တိုး …(မောင်ဖေသက်နီ)

Posted on Posted in ဝတ္ထုတို

“ဒေါက်တာအားလူးမုန့်လုံးစက္ကူကပ်သည် သူ့စစ်တမ်းမူကြမ်းကို အချောသတ် လိုက်၏။ ထိုအချိန်ကျမှ သူမေ့လျော့နေတာကို အမှတ်ရတော့သည်။ သူ့စာမူကို စာပေစီစစ်ရေးတင်ရပေလိမ့်မည်။ သွားပြီ ….။ သူရေးထားသမျှ သူကြိုးစားထားသမျှ တော့ သဲထဲရေသွန်ဖြစ်ကုန်ပြီ။”   လမသာ ဆက်ရက်တောင်ပံကျိုး၊ ညအမှောင် သူဝင်တိုး …. တရေးနိုး၊ အလင်းမဲ့၊ လူ     စဉ်းစားခဲ့သည့်အကြိမ်ပေါင်းကလည်း မနည်းတော့ပြီ။ အဖြေထုတ်ရင်း အဖြေ ကို ရှာမတွေ့ခဲ့တဲ့အဖြစ်။ လူအချို့နှင့် ဆွေးနွေးတိုင်ပင်ကြည့်ခဲ့တာလည်း အကြိမ် ပေါင်း မရေမတွက်နိုင်ခဲ့၊ သူ့လိုပင် တခြားလူတွေလည်း အဖြေကို ကြိုးစားပမ်းစား လိုက်လံ ရှာဖွေရင်း….အမဲလိုက်ရင်း၊ အဖြေကိုမတွေ့သည့်အပြင် အဖြေအတွက် သင့်တင့် လျောက်ပတ်သည့် အစားထိုးနိယာမ (တနည်း) ယထာဘူတကျ နည်း သစ်နိဿယတခုက ထပ်မံတိုးလာခဲ့သည်သာချည့်။ ထိုနိ၏ယကို ခြေရာ […]

၁၉၇၀ နှစ်များမှ မိုးဝေခေတ်ဝတ္ထုတိုတပုဒ် -လိမ္မော်သီးတလုံး (ကိုဆွေ)

Posted on Posted in ဝတ္ထုတို

” တို့ဗမာစကားပုံမှာ ငတ်မရှက်ဆိုတဲ့စကား ရှိသားပဲ၊ လူတွေဟာ ငတ်လာရင် မရှက်တော့ဘူးကွ၊ မင်းစားခဲ့တဲ့ လိမ္မော်သီးလေးကို စားချင်ရက်နဲ့ ဟန်ဆောင်ပြီး မင်းမစားခဲ့ရင် နောက်နှစ်ပေါင်းများစွာကြာတဲ့အထိ ငါတော့ မစားမိလေခြင်းလို့ နောင်တရနေမှာပေါ့၊ ငါတော့ မင်းလုပ်ရပ်ကို မှန်တယ်လို့ ဆိုချင်တယ် ….”    လိမ္မော်သီးတလုံး ကိုဆွေ   (၁) လွန်ခဲ့သောဆယ်နှစ်လောက်က လိမ္မော်သီးလေးတလုံးကို ကျွန်တော် သတိရနေမိသည်။ အဲဒီတုန်းက ဒီဇင်ဘာလရဲ့ ညတညမှာပါပဲ။ မြို့ရဲ့လမ်းပေါ်မှာအရှုပ်အထွေးမရှိ၊ ပကတိ ရှင်းလင်းနေဆဲ၊ အသံ ဆူညံမှုလည်း ကင်းပလို့ပေါ့။   (၂) ဆောင်း၏မြောက်လေအေးဒဏ်သည် အနွေးထည်ကောင်းကောင်းမရှိသော ကျွန်တော့် တကိုယ်လုံး အား ရိုးတွင်းချဉ်ဆီခိုက်အောင် နှိပ်စက်နေတော့၏။ ညကား နှင်းတို့ဖြင့် ဖြူလျက်။ ဓာတ်တိုင်ခြေရင်း၌ မာကျူရီမီးလုံးမှ အလင်းရောင် လဲကျသေဆုံးနေ၏။ […]

အမေ (နေနေ)

Posted on Posted in ဝတ္ထုတို

“ကျနော်က“အစိုးရတခုကိုသာအသိအမှတ်ပြုနိုင်မည်တခြားအဖွဲ့တဖွဲ့ကိုအခွန်မပေးနိုင်” ဟူသောသဘောမျိုးပြောသောအခါ ထိုအဖွဲ့ကခေါင်းဆောင်က မခံမရပ်နိုင်ဖြစ်ကာ ခါးကြားမှသေနတ်ထုတ်ပြီး ကျနော့်ကိုပစ် ရန်ချိန်ရွယ်ထားခဲ့သည်။ အမေသည်အိမ်ပေါ်မှပြေးဆင်းလာပြီး ကျနော့်ရှေ့မှာကာရပ်ရင်း“ဒါငါ့သား၊ဒါငါ့သား” ဟုအော်နေခဲ့ သည်ကို …” အမေ  နေနေ   ကျနော်သည်ငယ်ငယ်က အဖေ့ကို အချိန်မရွေးနေရာမရွေး နမ်းရဲသော်လည်းအမေ့ကိုမနမ်းရဲပါ။ အမေကိုတခါနမ်းရဲလျှင်ငွေငါးကျပ်ပေးမည်ဟု အဖေကပြောသောအခါ ပိုက်ဆံကိုလိုချင်သဖြင့် အမေ့ပါးကိုမရဲတရဲနမ်းခဲ့ပါသည်။နောက်ပိုင်းတွင်တော့ မနမ်းတော့ပါ။ သားသမီး ခုနစ်ယောက်မွေးခဲ့သောအမေသည်အဖေလို မရော၊အဖေ့လို မဆူ၊အဖေ့လိုလည်း မရိုက်ပါ။ ကျနော် မှတ်မိသလောက်အမေကရိုက်တာတခါသာ ခံခဲ့ရဖူးပါသည်။ အိမ်ခေါင်းရင်းဘက်ဇီးပင်အောက်တွင်ဇီးကိုင်းခြောက်ဖြင့် အရိုက်ခံခဲ့သည်ကို မှတ်မိပါသည်။ ဘာအကြောင်းကြောင့်ရိုက်ခဲ့သည်ကိုကား မမှတ်မိတော့ ပါ။နောက်တခါမှာ ခေါင်းကိုခေါက်ခဲ့သည်။ ကျနော်သည် အမေ့လိုပင် ဒညင်းသီး၊ ဆူးပုတ်၊ ငါးပိ ရည်တို့ကို အလွန်ကြိုက် ပါသည်။ ကျနော်တို့မိသားစုသည် ထမင်းဝိုင်းဖွဲ့ပြီး စားလေ့ ရှိသော်လည်း တညနေတွင် မိသားစုအားလုံး အလုပ်များနေ ခိုက် […]

ထောင်ဝင်စာ (ချစ်ပါးလုံး)

Posted on 1 CommentPosted in ဝတ္ထုတို

” ရုပ်ရှင်ထဲမှာလို သံတိုင်ကြားမှ လက်ကိုင်ဖို့မဆိုထားနှင့် လက်ချောင်းလေးများထည့်ရန်ပင် မလွယ်လှပေ။ ဆုငယ်ငယ်တုန်းကတော့ သံတိုင်လေးတွေကြားက လက်ကို ထိုးထည့်ရင်း အဖေ့လက်ကိုမမီမကမ်း လှမ်းကိုင်ရသေးသည်။ ခု ဆုတို့အရွယ်လေး ရောက်လာတော့ အဖေ့လက်ကိုထိဖို့မဆိုထားဘိ သံတိုင်ကြားထဲ လက်ထိုးထည့်ဖို့ ပင် မလွယ်တော့။ ထိုအခါ အဖေ့ကိုခပ်လှမ်းလှမ်းအမြင်နှင့်သာမြင်ရခြင်းနှင့် ဆုတို့အချိန် စေ့၍ပြန်ကြရသည့်အခါ အဖေ့၏လည်ပြန်အကြည့်တို့နှင့်မျှ သာ..”   ထောင်ဝင်စာ “ ဟဲ့ ဆု၊ နင်က ဒီမှာ မန်ကျည်းရွက်လာခူးနေတာကိုး ရှာလိုက်ရတာ၊ ငါတို့ သဘက်ခါ  အဖေ့ကို သွားတွေ့ကြမယ်တဲ့” အမောတကောနှင့်အပြေးလာပြောသော ဆု၏ညီမ သဲသဲကိုကြည့်၍ ဆုအံ့သြရ သည်။ “ ဟုတ်လို့လားဟယ်..ဟိုတလောက အမေကြီးပြောတုန်းက အဖေ့ဆီကို သွားဖို့ ပိုက်ဆံ စုရဦးမယ်တဲ့၊ အခုတလော နင်မြင်တဲ့အတိုင်း ပန်းခင်းကလည်း ကျနေပြီ […]

သူရဲကောင်းများဖတ်ဖို့ ရေးတဲ့ဝတ္တု (လင်းသူရိယနွယ်)

Posted on Posted in ဝတ္ထုတို

ညညကြရင် သားကြည့်ရတာ ဗိုလ်ချုပ်တွေလည်း အများကြီးပဲ၊ ဗိုလ်ချုပ်မှူး ကြီးဆိုတာလည်း သားတွေ့တယ်ဖေဖေ။ သူတို့က ဖေဖေပြောသလိုနယ်ချဲ့တွေကိုတိုက်လို့ ဗိုလ်ချုပ်မှူးကြီး တွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေဖြစ်လာတာလားဖေဖေ။ ပြီးတော့ သူတို့အင်္ကျီတွေမှာလည်း သူရဲ ကောင်းဆုတံဆိပ်တွေ အင်္ကျီအပြည့်ပဲဖေဖေ။ သူရဲကောင်းများဖတ်ဖို့ရေးတဲ့ဝတ္တု ( တစ် ) ကိုယ့်မြေ ကိုယ့်ဒေသ ကိုယ့်ရေမြေဝန်းကျင်ကိုတော့ သတိတရရှိနေသည်မှာ ပြည်ပရောက်နိုင်ငံသားတို့ အားလုံးထပ်တူညီမည်ဟု သူထင်သည်။ သူ မြန်မာနိုင်ငံမှထွက်ခွာ၍ ပြည်ပတိုင်းပြည်များသို့ အလုပ် လုပ် ကိုင်နေခဲ့သည်မှာ ဆယ်နှစ်ကျော် ဝန်းကျင်။ ကြာတော့သည်လည်း လွမ်းသည်။ သတိရသည်။ ပို၍ ပို၍အမိမြေကို တမ်းတမ်းတတ ရှိလာသည်။ အဝေးတစ်နေရာမှနေ၍ ဖေဖေမေမေတို့နှင့်အတူ သားငယ် ကလေးကို ဖုန်းဖြင့် အရုပ်အသံပြောဖြစ်နေရုံဖြင့် အား မရနိုင်၊ မတင်းတိမ်နိုင်တော့သည့်အဆုံး သူ ခေတ္တ […]

မဲလုံး (ဖေမြင့်)

Posted on Posted in ဝတ္ထုတို

လူတွေဟာ ငါ့မျက်နှာကိုချည်း ကြည့်နေကြတာပဲ။ ခြေထောက်တွေကို ဘာလို့မကြည့်ကြတာလဲ။ ခြေထောက်တွေကိုကြည့်မိရင် သံကြိုးတွေမြင်သွားပြီး ဖြေပေးဖို့စိတ်ကူး ရချင်ရကြမှာဟု သူမျှော်လင့် နေမိသည်။ သူတစ်ခါမျှမမြင်ဘူးသော လူတစ်ယောက် ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းနား ချဉ်းကပ်လာသည်။   မဲလုံး မဲလုံးက ဆရာဝန်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်း မသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ် မှန်းတော့ အလိုလိုသိနေသည်။ သူ့မှာဆက်လက် ရှင်သန်နိုင်လောက်သည့်ခွန်အား မရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓာတ်ပင် မရှိတော့။ တစ်သက်လုံး မတ်တတ် မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင် တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လှဲ၍နေ ချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြ သည်ပဲဟု မဲလုံးတွေးမိသည်။ သို့သော် […]

ပျံတော့ပျံနေသား၊ ဒါပေမယ့်..(သစ်စိုး)

Posted on Posted in ဝတ္ထုတို

ပျံတော့ပျံနေသား၊ ဒါပေမယ့်..     နောက်ဆုံးဆားကစ်ပြားကို ပင်မစက်အုံမှာ ခဲတို့ချိတ်ဆက်လိုက်ပြီး ပါဝါခလုတ်ကို အောက်ဘက်ဆွဲချလိုက်တာနဲ့ တပြိုင်နက် ကုလားထိုင်ဟာ မြေပြင်ကနေ တဖြည်းဖြည်း ကြွကာကြွကာနဲ့ လေထဲကိုမြောက်တက်သွားတော့ မြေးမက အကြောက်အလန့်မရှိ “ဟေး” လို့ အသံဗြဲနဲ့ထအော်လိုက်တာကို အိမ်ရှေ့က ဖြတ်သွားဖြတ်လာလုပ်နေသူတွေ ကြား သွားလို့လားတော့ မသိ၊ ခြံတံခါးဝမှာ လူတွေက ပြိုးပြိုးပြာပြာနဲ့ အုံခဲ ၀ိုင်းကြည့်ကုန်ကြတာပေါ့။ ဟုတ်တယ်လေ။ ဖြစ်ချင်တော့ သမီးအလတ်မကမွေးတဲ့ ၇ နှစ် သမီး မြေးမက ကုလားထိုင်ပျံပေါ်မှာ။ ကုလားထိုင်လက်ရမ်းကို ဆုတ်ကျစ် နေရက်သားနဲ့အားရပါးရ အော်ဟစ်နေပြီး၊ ငမိုက်သားကျွန်တော်မျိုးကိုယ်တိုင်က ရမုတ်ကွန်ထရိုးတကိုင်ကိုင်နဲ့ ကုလား ထိုင်ပျံက အိမ်ရှေ့မှာသွယ်တန်းချိတ်ဆက်ထားတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေဖုန်းကြိုးတွေနဲ့ငြိမှာစိုးလို့ ခလုတ်ကို ဟို ဘက်ရွှေ့လိုက်…၊ ဒီဘက်ကိုရွှေ့လိုက်။ ကိုယ့်အာရုံနဲ့ကိုယ်မို့ အိမ်ရှေ့ခြံဝကနေ ကျွန်တော်တို့မြေးအဖိုးနှစ်ယောက်ရဲ့ […]

မောင်လူနပ်ကလေးတို့ မြို့ (အောင်မော်ဦး)

Posted on Posted in ဝတ္ထုတို

`ရှားပါးလှသည့် သရော်စာ ရေးဖွဲ့ဟန်ဖြင့် တင်ဆက်ထားသော ဤ ၀တ္ထုတိုသည် လွန်ခဲ့သော ဆယ်စုနှစ်ခန့်က ခေတ်ပြိုင် အွန်လိုင်း မီဒီယာတွင် ဖော်ပြခြင်းခံခဲ့ရပြီး နယ်စပ်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် စာပေ၀ါသနာရှင်များအကြား လူသိများ ထင်ရှားခဲ့သည်။ ယခုအခါ စာရေးသူခွင့်ပြုချက်ဖြင့် ရှုခင်းသစ်က ပြန်လည်တင်ဆက်လိုက်ပါသည်။ ရှုခင်းသစ်   မောင်လူနပ်ကလေးတို့ မြို့ အောင်မော်ဦး ထိုမျှ ရေလာလျှင် မြောင်းပေးရန် ဝန်မလေးတတ်သည့် ကိုမောင်လူနပ်ကလေးက ‘အသင်းတခု ဖွဲ့မည် ဆိုလျှင် ယင်းအသင်း အား လမ်းညွှန်သွန်သင်မည့် နာယကအဖွဲ့တခု ဦးစွာဖွဲ့စည်းရန်လိုကြောင်း၊ ထို့အတူ ယင်းအသင်းအား ဦးစီးဦးဆောင်ပြုမည့် ကော်မတီ တခုလည်း ဖွဲ့စည်းရန်လိုကြောင်း၊ နာယကအဖွဲ့တွင် မြို့မိမြို့ဖများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ပါဝင်ကြရန်လိုကြောင်း….     သူ သည်မြို့လေးသို့ပြောင်းလာသည်မှာ မကြာသေး။ မြို့လေးသည် […]