ကျား နဲ့ ယုန် (သော်ဇင်အုန်း)

Posted on Posted in ရသရှုခင်း, ဝတ္ထုတို

ကျား နဲ့ ယုန် ခေတ်မီတဲ့ကျားတစ်ကောင်ဟာ အမဲကောင်ကိုချောင်းပြီး အလစ်ဖမ်းစားရတာ ကြာတော့ ပျင်းလာတယ်။ အချောင်သက်သက်သာသာနဲ့ စားချင်လာတယ်။ ဒါနဲ့ ကျားဟာ အကြံထုတ်တယ်။ ကျားဆိုတော့ သိပ်ကြာကြာ မစဉ်းစားရပါဘူး၊ အကြံရတာပေါ့။ ဒါနဲ့ ကျားဟာ သူ့အကြံကို အကောင် အထည်ဖော်တော့တယ်။ ပထမဆုံး သမင်တစ်ကောင်ကို ဖမ်းလိုက်တယ်။ ပြီးတော့ မစားဘဲ ဒီလိုပြောပြီး ပြန်လွှတ်လိုက်တယ်။ “ ငါ မင်းကို စတာပါကွာ၊ ဒီနေ့ကစပြီး အသားမစားတော့ဘူး၊

ရှို့မီး၊ ကမ္ဘာ့အနိမ့်ပိုင်းသို့လောင်ကျွမ်းသည် (လူခါး)

Posted on Posted in ဝတ္ထုတို

ရှို့မီး၊ ကမ္ဘာ့အနိမ့်ပိုင်းသို့လောင်ကျွမ်းသည် ဆန်အိတ်က လေးပါတယ်ဆိုမှ ဒူးကပါ မခိုင်ချင်တော့ဘူး။ ထမ်းတက်လိုက်ရတာ ဖတ်ဖတ်ကို မောလို့။ ဒါကြောင့်လည်း အရင်အလုပ်သမားတွေ မမြဲတာဖြစ်ရမယ်။ ထမင်းစားတာတောင် ဆယ်မိနစ်နဲ့ အပြီးစားတဲ့။ ဘာတတ်နိုင်မှာလဲ သူ့ဆန်စား ရဲရတော့မှာပေါ့။ ရွာမှာထက်စာရင် ဒီမှာက မြွေ မကြောက်ရဘူးမဟုတ်လား။ ပခုံးပေါ်က ဆန်အိတ်ကိုချပြီး….     ၁။ ဦးတင်ထွန်းက အံဆွဲကို အသံမမြည်အောင် အသာဆွဲဖွင့် လိုက် ပြီးတော့ ထောင်တန်တွေ၊ ငါးရာတန်တွေကြားထဲက ထောင်တန်အသစ် စက်စက်တစ်အုပ်ကိုယူပြီး အင်္ကျီရင်ဘတ်ထဲ ထိုးထည့်လိုက်တယ်။ “သိများသွားလေမလား”ဆိုတဲ့အတွေးနဲ့ ထမင်းစားခန်းထဲကို ကြည့်လိုက်တော့ သူ့မိန်းမနဲ့ မယားပါသမီးအငယ်မက ထမင်းစားလို့။ “တော်သေးတာပေါ့” လို့ တွေး ပြီး နေ့စဉ်ထုတ်သတင်းစာကို ကောက်ကိုင်လိုက်တယ်။ တကယ်တော့ သတင်းစာကိုသာ ဖတ်နေရ တာ […]