မျက်ဝန်းများနှင့်နားလည်မိခြင်း( ရွှေအိမ်စည်)

Posted on Posted in ရသရှုခင်း, ဆောင်းပါး

မျက်ဝန်းများနှင့်နားလည်မိခြင်း (ရွှေအိမ်စည်)   “ မျက်ဝန်းများနဲ့ပြောပါ ဒါ အလှဆုံးစကားထက် ပိုပြီးလှနေမယ် ဒီမျက်ဝန်းများနဲ့ နားလည်….” (ထူးအိမ်သင်၏ ‘စကာလုံးမရှိတဲ့ကောင်းကင်’ သီချင်းမှ) (က) တစ်ပါးသူများကဲ့သို့ပင် …ကျနော့်တွင်လည်း မျက်ဝန်းတစ်စုံရှိ၏။ မျက်ဝန်းက …. နက်နက်မှောင်မှောင်…။ သူငယ်အိမ် ကျဉ်းခြင်း ၊ ကျယ်ခြင်း၊ စွေခြင်း၊ စောင်းခြင်းမရှိသည့်အတွက် ကျနော့်၏မျက်ဝန်းတစ်စုံက…သာမန်အားဖြင့် ကောင်းမွန်သည့် မျက်လုံးများဟု့ ဆိုရမည်။ ကျနော့်၏မျက်ဝန်းတစ်စုံဖြင့် တပါးသူတို့၏ မျက်ဝန်းများအား ကြည့်မိ၏။ ဤတွင်ကျနော်သည် တစ်ပါးသူတို့၏ မျက်လုံးများအား ကျနော့်၏ မျက်လုံးများဖြင့် မြင်ရ၏။ တွေ့ရ၏။ ကျနော်ပထမဦးစွာ … ကြည့်မိ၍ မြင်တွေ့ရသည့် မျက်ဝန်းတစ်စုံက ကျနော့်မိခင်၏မျက်လုံးများဖြစ်မည်။ မိခင်၏ရင်ခွင်အတွင်း နို့ချိုအား စို့သောက်ရင်း… ကျနော်သည် မိခင်၏မျက်ဝန်းတစ်စုံအား ငေးမော၍ မမှိတ်မသုန်နှင့် ကြည့်နေမိခဲ့မည်။ […]

ကြမ္မာစေရာ (နီလာမိုးဆွေ)

Posted on Posted in ကဗျာ

ကြမ္မာစေရာ (နီလာမိုးဆွေ) ရှားပါးလာတဲ့စကားလုံးတွေကြား အသက်ရှူလိုက်တိုင်း သတိရခြင်းတွေကသာ ရောင်းပန်းမဝင်တဲ့ပန်းလိုပွင့်ခဲ့တယ်….၊ ဝိရောဓိဖြစ်နေတဲ့ ခြေလှမ်းတွေနဲ့ မခမ်းခြောက်နိုင်တဲ့ မိုးရာသီကြား တကယ်ဆိုရင် တောင်ပံတစ်စုံက ကျွန်မသာလျှင်ပိုင်ဆိုင်သင့်တာပါ…၊ မဆုံးနိုင်တဲ့ခရီးလမ်းကို နှလုံးသွေးနဲ့ခင်းလျှောက်ရအောင် ကျွန်မကနှောင်ကြိုးမဲ့တဲ့ သက်မဲ့တခုမဟုတ်ခဲ့လေဘူး …၊ သူမွှေးခဲ့တဲ့မီးတစ်စထဲ ကျွန်မရဲ့ချစ်ခြင်းမေတ္တာတွေ သွန်းလောင်းထည့်လိုက်တဲ့အခါ မိဥသြက ချိန်ခါမဲ့စွာတွန်ကြူးလေတယ်…၊ အပျော်နဲ့မထိုက်တန်သူအဖို့ ချစ်ခြင်းမေတ္တာဆိုတာ ပြဿဒ်ကိုလောင်ကျွမ်းစေတဲ့ အမှိုက်တစပါဘဲ မောင်….၊ ဒီလိုနဲ့ဘဲ ကျွန်မအဖို့ မပြေနိုင်တဲ့အမုန်းမီးတွေနဲ့ ကြမ္မာစေရာမှာပျော်သလိုနေတတ်ခဲ့ပြီ…။ ။ နီလာမိုးဆွေ။

MS Word မှာ ကိုးကားစာရင်း ဘယ်လိုထည့်မလဲ

Posted on Posted in နည်းပညာ

ပညာရပ်ဆိုင်ရာ စာတန်းတွေ၊ အကယ်ဒမစ် အက်ဆေး တွေရေးတဲ့ အခါမှာ အောက်ခြေမှတ်စု၊ In text citation , reference တွေ မဖြစ်မနေထည့်ပေးရပါတယ်။ Plagiarism ဟာ ပညာရှင်လောက ရဲ့ သချိုင်း လို့တောင် တင်စားထားတဲ့ အတွက် APA လို့ခေါ်တဲ့ အမေရိကန် အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းတရပ်ရဲ့ စည်းမျဉ်းတွေ နဲ့ ကိုက်ညီအောင် မဖြစ်မနေ လုပ်ပေးရပါတယ်။ အဲဒီလိုလုပ်တဲ့ အခါ ကိုယ့်ဘာသာ တကြောင်းချင်း လိုက်ထည့်ယင်ရပေမယ့်  စာရင်းကို အက္ခရာစဉ်အလိုက် လိုချင်တာမျိုး ၊ ပထမ စာကြောင်းနဲ့ နောက်စာကြောင်း တွေရဲ့ Indentation မတူတာတွေကို တူအောင် တခုချင်းလိုက်လုပ်နေယင် အချိန်ကြာပြီး လွဲမှားနိုင်ပါသေးတယ်။ ဒါကြောင့် မိုက်ကရိုဆော့ဖ် ဝပ်ဒ် ရဲ့ ပါလာတဲ့ function တွေထဲက Reference ကိုဘယ်လို အသုံးချရမယ် […]

လူပြက်​ (လင်းသက်​ငြိမ်​)

Posted on Posted in ကဗျာ, ရသရှုခင်း

လူပြက်​ (လင်းသက်​ငြိမ်​) ခြေ​ထောက်​နဲ့ လမ်းလျှောက်​ရင်း ခလုတ်​တိုက်​မိ …​ချော်​လဲ​ပေါ့ အားလုံးရယ်​​မောလို့ရပါပြီ ကိုယ်​ပစ်​လိုက်​တဲ့ ခဲလုံးဟာ ကိုယ့်​ဆီတည့်တည့်​မတ်မတ်​ကြီးပြန်ရောက်​လာ ရယ်​လို့ရပါပြီဗျာ ရေတစ်​ခွက်​​သောက်ရင်း သီးမိတယ်​ ရယ်မောကြ​ပေါ့ကွယ်​ အင်္ကျီ​ပြောင်းပြန်​ဝတ်ခဲ့မိ ရယ်​ဖို့အသင့်​ပြင်ထားကြ၏ သီချင်းတစ်ပုဒ်​ကို အသံတုလုပ်​ဆိုမိတယ်​ လူတွေက ရယ်ကြတယ်​ ငိုစရာ​တွေကြားထဲလူတွေရယ်​​နေတာ ပျော်စရာပဲ ကိုယ်​အပြုံးမပျက်ခဲ့ဘူးကွယ်​ ခေတ်​ကြီးဟာ ဒဏ်ရာ​တွေနဲ့အတိ ရယ်ရတာ အရသာရှိ အကိုတို့ အစ်မတို့ ရယ်ကြပါ ဦးကော အဒေါ်​ကောဗျာ ဖေ​…. မေတို့လည်း ရယ်ကာ​မော ပျော်​စရာကြီး​နော ရယ်သံတွေကြားလမ်း​လျှောက်ကာ ကိုယ့်​​ဝေဒနာကိုယ်​​မေ့မှာ လူ​ခြေတိတ်တိတ်​ညကြီးထဲ ကျွန်တော်​ တယောက်တည်း​ကြေကွဲ။ ။ လင်းသက်​ငြိမ်

အရေးပေါ်ခန်း နဲ့ လူနာစောင့် (ကိုသားကြီး)

Posted on Posted in ကဗျာ, ရသရှုခင်း

အရေးပေါ်ခန်း (ကိုသားကြီး) အသက်ရှင် ခဲ့တာချင်း တူရင်တောင် တည့်မတ်စွာ ပိနေ တဲ့ဝန် ဟာ ရလဒ် မတူတဲ့ လေးလံမှုထဲ မျှော်လင့်ချက်က မြို့ပြ မနက်ခင်းလို သောကတွေသာ ခုံးထ လာ ပုံ တေးဆိုငှက်သံ မပါဘူး။ ကြေကွဲ ခြင်းအဆိပ်တက်တုန်း အိပ်ရေးပျက် လမ်းကို မကျော်နိုင်တော့ ကြယ်တစ်ခင်းက ရူးလို့အောင့် ရုံ့  ဆေးရုံ နံ့ ဟာ ပေးခြင်း ယူခြင်း လက်များပေါ် သဘောနှစ်ခွ ထွက်တဲ့ တရား ပျော်ရွှင် လွန်းလို့ လျှောက်လာတဲ့လမ်းမဟုတ် တော့ အများက ဆိုခဲစေ မြဲစေ၊ လတ်ဆတ်လေ နဲ့ ပေါင်းသင်းခဲ့ဖူးတဲ့ အဆုတ်ဟာ ငွေပေးငှားနေအခန်းများရဲ့ ညကို ရေရောအန်ချပစ်တယ် ဒီမျက်ဝန်းတွေ က […]

နွေပန်းချီကား (နီလာမိုးဆွေ)

Posted on Posted in ကဗျာ, ရသရှုခင်း

နွေပန်းချီကား (နီလာမိုးဆွေ) ထီး ဖိနပ် မပါဘဲ လျောက်လှမ်းမိတဲ့ ခရီးရှည် အမှောင်ထုထဲ တဝဲလည်လည်….။ အဆုံးမရှိတဲ့ အတွေးတွေက အမှောင်ထဲ တိုးဝင် အမှောင်မှာ ပျော်မွေ့….။ အမှောင်အောက်က အရိပ် ရှည်လျားသထက်ရှည်လျား ကြွေးသစ်မချ အဟောင်းစား နေသူအဖို့….။ ဘဝ ဆိုတာ စုတ်ချက်ရာ ဗလပွနဲ့ လက်ရာမြောက် နွေပန်းချီကားတချပ်….။ နီလာမိုးဆွေ

ကမ္ဘာမြေကို ထိန်းသိမ်းဖို့ – ကာတွန်း အော်ပီကျယ်

Posted on Posted in ကာတွန်း, ရသရှုခင်း

ခေတ်သစ် နည်းပညာ တချို့ရဲ့ ဘေးထွက်ဆိုးကျိုး၊ လူဦးရေ ထူထပ်လာမှု၊ ညူကလီးယား စပ်သပ်မှုတွေ နဲ့ လူတွေ ရဲ့ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး ဗဟုသုတ နည်းပါးမှုတွေ ကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာပါတယ်။ ဒါကို ကာတွန်းဆရာ အောပီကျယ်က ပညာပေး ကာတွန်း လေးတွေ ရေးဆွဲကာ သူ့ရဲ့ ဖေ့စ်ဘုတ် လူမှုကွန်ယက် စာမျက်နှာ မှာ တင်ခဲ့ပြီး အကျိုးအမြတ်မယူတဲ့ ပြန်လည်ဖြန့်ဝေမှုတွေကို ခွင့်ပြုခဲ့ပါတယ်။ ဒါကို ရှုခင်းသစ်က ထပ်မံ မျှဝေလိုက်ပါတယ်။ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းစာမျက်နှာကိုလည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/APK-Cartoon-Page-116785225047677/  

ဆိ တ် ငြိ မ် ရ ပ် ကွ က် (မင်းညွှန့်လှိုင် )

Posted on Posted in ကဗျာ, ရသရှုခင်း

ဆိ တ် ငြိ မ် ရ ပ် ကွ က် (မင်းညွှန့်လှိုင် ) တိတ်ဆိတ်မှု ချစ်ခြင်းမှာလဲကျလုလု အပျိုစင်ရဲ့ နှင်းဆီရောင်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု အသည်းတအေးအေးလေညင်းလေးနဲ့ ငြိမ်သက်ဆည်းလည်းလေးမနမ်းခင် ဂီတတမျှတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု ဝတ်မှုန်တံခါးအဖွင့် အနှေးပြရိုက်ချက်နဲ့ အနက်ရောင်ကတ္တီပါတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု မှုခင်းဖြစ်ပွားရာ နံရံတစ်ချပ်ရဲ့ မထွေးနိုင်မအန်နိုင်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု မစဉ်းစားခြင်းသတ္တုနဲ့သွန်းလောင်းထား ငှက်ဖျားမိနေတဲ့သေနတ်တစ်လက် ကျည်မထိုးမီတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု လေးတွဲ့ယမ်းခါ အဖြူရောင်ဦးခေါင်းတစ်လုံးရဲ့ ရက်စက်တဲ့တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု အသံကလွဲရင်အားလုံးယူ ရန်သူ့အကျဉ်းစခန်းထဲ သေကောင်ပေါင်းလဲတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု ဓားမိုးထားတဲ့ကမ္ဘာရဲ့ သုညခေတ်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု ချစ်တာပဓာနဝါဒီ ချစ်ဆိပ်တက်လျှာတစ်ချောင်းရဲ့ နားဝေတိမ်တောင်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု […]

တိုက်ပုံ အိပ်ကပ်ထဲမှာ မင်နီရှိတယ် (ကိုသားကြီး)

Posted on Posted in ကဗျာ, ရသရှုခင်း

တိုက်ပုံ အိပ်ကပ်ထဲမှာ မင်နီရှိတယ် (ကိုသားကြီး) ငါတို့အဆုတ်ထဲ ဝင်လာတဲ့လေ မှာ မြေဖြူနံ့ဟာ အခြေခံကျကျ စွဲမြဲသန့် တယ် ။ ငါတို့ အသံတွေ တိမ်ဝင်လေလေ ငါတို့ အနာဂတ်တွေ ကျယ်ပြန့်ကြီးမား လေလေ ဆိုတော့ ဝ လုံးလေး ရေးတာ ဟာ ကမ္ဘာကြီးဖြစ်လာ က ကြီးလို့ အသံထွက်တာ ဟာ ကမ္ဘာကြီးဖြစ်လာ မရိုးနိုင်တဲ့ အသစ်ကဗျာ ။ ငါတို့ ကိုယ်တိုင် ရှို့တဲ့မီးဟာ အလင်းသီးသန့် ဖြစ်ဖို့ ငါတို့ အဆုတ်တွေ မြေဖြူနဲ့လောင်စာဖြည့်မယ်။ အဲ့ဒီ လမ်းလေး ဖြောင့်တန်းစွာ လှဖို့ ချွေတာရေး စနစ်ကို လက်တွဲမဖြုတ်ခဲ့ဘူး။ အနာဂတ် ပီတိကို မျှော်လင့် တဲ့ အခါ တပည့်တွေ ဟာ […]

နွေဦး (ကိုသားကြီး)

Posted on Posted in ကဗျာ

ခရီးရက်ရှည် သွားပြီး မှ ပြန်ခဲ့ကြောင်း သက်သေ ပြ ဖို့ မြေသားကို လေထဲ မြှောက် ဆွ လွင့် အမှုန့်ဖြစ်အောင်ကျစ် ပြ အရပ် မျက်နှာ မတူ တဲ့ လေထဲ ဟောင်းရွက်ကြွေ အရောင်ပြောင်းရင်း ကိုင်း ဖျားမှာ နားတဲ့ ကြယ် လေး အသွေးအရောင် လက် လို့ ။ တစ်မိုးတွင်းလုံး ပစ်ပယ် ခံ မီးချိတ်မီးကဒ် များ အသစ်ဖြစ် မိတ်ဟောင်းဆွေဟောင်းများထုံပြန် နေခွင့် ပေးမှ ငုဝါပင်ကြီး ပွင့်သစ်ပန် အဝါ လို တွေ့ပေါ့။ နေ့တာ ရှည် လည်း အိမ်မက်က များနေ တုန်း ရာသီငှက် တို့ တေးသံ ကာလ […]