နာဖျားခြင်း အနီးတဝိုက်က ပိုးများ (ကိုသားကြီး)

Posted on Posted in ကဗျာ

နာဖျားခြင်း အနီးတဝိုက်က ပိုးများ (ကိုသားကြီး) မျှော် လို့ လင့်မှာ သိတော့ လင့်မှာ စိုးတဲ့ စိတ်က မမျှော် ဖြစ်အောင် ဖြည့်လိုက်တယ် ရင်ကျပ်နေတဲ့ နှင်းတွေ အတွေးနက် စကားဆီ ပျင်းရိလေးတွဲ့စွာ ကျ ဆဲ မျှေ် ရင် လင့် တယ်ဆို ။ တစ်ကိုယ်တော် နေထိုင်ခြင်းမှာ ကမ္ဘာကြီး ပါတယ် ဆိုပြီး အလင်းလုပ်ဆောင်ချက် အသစ်တွေ ဖမ်း သိမ်း ခိုလို့ ပြတင်းတံခါးမှာ အိပ်မက်သယ် လမ်း ကလေး ဝတ်ရည်ရှာ ခြေလှမ်းများ ထမ်းပိုးရင်း ကွေ့ကောက်စွာ ဆန့်ထွက် လှတယ်။ ဘဝ မှာ ခဏခဏ ပြတ်တောက်တဲ့ လျှပ်စစ် မီးကို မရလည်း ဖြစ်တယ် မှောင် […]

ကျောင်း ကို လာနေတယ် (ကိုသားကြီး)

Posted on Posted in ကဗျာ, သတင်း ရှုခင်း

ကျောင်း ကို လာနေတယ် (ကိုသားကြီး) အဖူးအငုံ ပြည့် စိမ်းသန့်ဖွေး တဲ့ ကြက်ရုန်း စပယ်တွေ ရေလောင် နာမှာ စိုးတဲ့ ပူပန်မှုက သားပျောက်မိခင်တွေရဲ့ သက်ပြင်းလို အခန်းတွင်း အပူချိန်များတဲ့အခါ ကိုယ်ချင်းစာလို့ရတယ်။ ရွှံ့ရေ စက်လက် ခြေထောက် တွေနဲ့ အနာဂတ် ကို နာနာကျင်ကျင် မငေါက်ပစ်နိုင်တဲ့ စိတ်က ကျိတ် နာ တယ်။ ဒီအချိန် ကလေး တွေ ကျောင်းကို လာနေတယ်။ လယ်ကန်သင်း ပေါ်က ခြေထောက် ငယ်လေးတွေ ဟာ ဖိနပ်အစား ကြံ့ခိုင်မှုကို နင်းပြီး ကျောင်းကို လာနေတယ်။ လောက အလှတရားကို ပုံဖော်ဖို့ သူတို့ ကျောင်းကို လာနေတယ်။ ကိုယ်ကျင့်တရား မွန်မြတ် သန့်စင်ဖို့ […]

လွပ်လပ်တဲ့ ချည်နှောင်ခြင်းတရား (ကိုသားကြီး)

Posted on Posted in ကဗျာ

လွပ်လပ်တဲ့ ချည်နှောင်ခြင်းတရား (ကိုသားကြီး) စိတ်နဲ့ ကိုယ်နဲ့ တစ်ထပ်ထဲ မကျတဲ့ ည အားနာတတ်ခြင်းဟာ အိပ်မက်ကိုဖဲ့ထုတ် ခိုးယူသွား ငါ မတားမိလိုက်ဘူး။ ဖြည့်ဖဲတစ်ချပ်ရဲ့တာဝန် မှာ ဘားဆိုင်ဟာ ဟာမိုနီကောင်းတယ်တဲ့လား တောရွာလေးမှာ သွားနေမယ် ပန်းပင်လေးတွေ ရေလောင်းမယ် နွေရာသီ ဝတ်စုံ အပါးလေးတစ်ထည် ချုပ်မယ် နံရံတွေ ဆေးလိုက်သုတ်မယ် ဂီတနုတ်တွေ ကြားက သူငယ်ချင်းကဗျာဆရာရဲ့ အအေးဆိုင်လေးကို ကာလပေါ်တေးလို နားထောင်မယ် နွေစပါးကွင်းပြင်ကို ပန်ချီးကားထဲ ထည့်လိုက်မယ် မြို့ကို ပြန် ရတဲ့ မွန်းကျပ်မှုမှာ နည်းပါးတဲ့စာနာစိတ်က အနီးကပ်ရန်သူဘဲ။ ကိုဘုန်းရေ… ခေတ်ဆူးရေ…. မနီတာလေးရေ….. အနီးဆုံး ကဗျာကို အရင်ဖတ်လိုက်ပါတယ်၊ ပုလင်းအလွတ်တွေ အသစ်ယောင်ဆောင်ဖို့ ပြင်ဆင်နေပုံ ဟာ ငါ့အတွက် မွန်းကျပ်လွန်းပါတယ်။ ဘုရားလမ်းက […]

အရေးပေါ်ခန်း နဲ့ လူနာစောင့် (ကိုသားကြီး)

Posted on Posted in ကဗျာ, ရသရှုခင်း

အရေးပေါ်ခန်း (ကိုသားကြီး) အသက်ရှင် ခဲ့တာချင်း တူရင်တောင် တည့်မတ်စွာ ပိနေ တဲ့ဝန် ဟာ ရလဒ် မတူတဲ့ လေးလံမှုထဲ မျှော်လင့်ချက်က မြို့ပြ မနက်ခင်းလို သောကတွေသာ ခုံးထ လာ ပုံ တေးဆိုငှက်သံ မပါဘူး။ ကြေကွဲ ခြင်းအဆိပ်တက်တုန်း အိပ်ရေးပျက် လမ်းကို မကျော်နိုင်တော့ ကြယ်တစ်ခင်းက ရူးလို့အောင့် ရုံ့  ဆေးရုံ နံ့ ဟာ ပေးခြင်း ယူခြင်း လက်များပေါ် သဘောနှစ်ခွ ထွက်တဲ့ တရား ပျော်ရွှင် လွန်းလို့ လျှောက်လာတဲ့လမ်းမဟုတ် တော့ အများက ဆိုခဲစေ မြဲစေ၊ လတ်ဆတ်လေ နဲ့ ပေါင်းသင်းခဲ့ဖူးတဲ့ အဆုတ်ဟာ ငွေပေးငှားနေအခန်းများရဲ့ ညကို ရေရောအန်ချပစ်တယ် ဒီမျက်ဝန်းတွေ က […]

တိုက်ပုံ အိပ်ကပ်ထဲမှာ မင်နီရှိတယ် (ကိုသားကြီး)

Posted on Posted in ကဗျာ, ရသရှုခင်း

တိုက်ပုံ အိပ်ကပ်ထဲမှာ မင်နီရှိတယ် (ကိုသားကြီး) ငါတို့အဆုတ်ထဲ ဝင်လာတဲ့လေ မှာ မြေဖြူနံ့ဟာ အခြေခံကျကျ စွဲမြဲသန့် တယ် ။ ငါတို့ အသံတွေ တိမ်ဝင်လေလေ ငါတို့ အနာဂတ်တွေ ကျယ်ပြန့်ကြီးမား လေလေ ဆိုတော့ ဝ လုံးလေး ရေးတာ ဟာ ကမ္ဘာကြီးဖြစ်လာ က ကြီးလို့ အသံထွက်တာ ဟာ ကမ္ဘာကြီးဖြစ်လာ မရိုးနိုင်တဲ့ အသစ်ကဗျာ ။ ငါတို့ ကိုယ်တိုင် ရှို့တဲ့မီးဟာ အလင်းသီးသန့် ဖြစ်ဖို့ ငါတို့ အဆုတ်တွေ မြေဖြူနဲ့လောင်စာဖြည့်မယ်။ အဲ့ဒီ လမ်းလေး ဖြောင့်တန်းစွာ လှဖို့ ချွေတာရေး စနစ်ကို လက်တွဲမဖြုတ်ခဲ့ဘူး။ အနာဂတ် ပီတိကို မျှော်လင့် တဲ့ အခါ တပည့်တွေ ဟာ […]