ပျော်​ရွှင်​ပါမိတ်​​ဆွေ (လင်းသက်ငြိမ်)

Posted on Posted in ကဗျာ, ရသရှုခင်း

ပျော်ရွှင်ပါမိတ်ဆွေ (လင်းသက်ငြိမ်) ခင်ဗျားစိတ်မညစ်ပါနဲ့… ခင်ဗျားစိတ်ဓာတ်မကျပါနဲ့…. နေရောင်ခြည်တွေနဲ့လေညင်းတွေရှိနေပါသေးတယ်၊ ညကာလနဲ့… ကြယ်တာရာတွေနဲ့…. ကမ္ဘာကြီးနဲ့ လမင်းကြီးလည်းရှိနေပါသေးတယ်၊ ဟာသတွေနဲ့…. အနုပညာတွေနဲ့….. မသေဆုံးနိုင်သေးတဲ့.. မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်၊ ချုပ်ရိုးရာတွေက ကြည့်တတ်ရင်တော့ ဒီဇိုင်းတွေပဲမဟုတ်လား၊ အမာရွတ်တွေကိုလည်း အလှပဆုံးတက်တူးအဖြစ် မြင်ကြည့်ပါ၊ ပျော်ရွှင်ပါမိတ်ဆွေ နာကျင်စရာတွေနဲ့ပူဆွေးမှုတွေကိုငြီးငွေ့ပြီး ပျော်ရွှင်လိုက်စမ်းပါမိတ်ဆွေ။ အခုရောက်နေတဲ့နေရာမှာ ခင်ဗျားရှိနေခဲ့တာပဲ ပျော်ရွှင်ပါမိတ်ဆွေ အလိုဆန္ဒမီးခိုးတန်းတွေကိုထားလိုက်ပါ မပျော်ရွှင်မှုအသိုးတွေကိုစွန့်ပစ်ခဲ့ပါ ပျော်ရွှင်ပါမိတ်ဆွေ ပျော်ရွှင်လိုက်စမ်းပါ။ မိတ်ဆွေ အခုခင်ဗျားပျော်သွားရင် ကျွန်တော်လည်းပျော်သွားလိမ့်မယ် ပျော်လိုက်စမ်းပါ မိတ်ဆွေရယ်။ လင်းသက်ငြိမ်

လူပြက်​ (လင်းသက်​ငြိမ်​)

Posted on Posted in ကဗျာ, ရသရှုခင်း

လူပြက်​ (လင်းသက်​ငြိမ်​) ခြေ​ထောက်​နဲ့ လမ်းလျှောက်​ရင်း ခလုတ်​တိုက်​မိ …​ချော်​လဲ​ပေါ့ အားလုံးရယ်​​မောလို့ရပါပြီ ကိုယ်​ပစ်​လိုက်​တဲ့ ခဲလုံးဟာ ကိုယ့်​ဆီတည့်တည့်​မတ်မတ်​ကြီးပြန်ရောက်​လာ ရယ်​လို့ရပါပြီဗျာ ရေတစ်​ခွက်​​သောက်ရင်း သီးမိတယ်​ ရယ်မောကြ​ပေါ့ကွယ်​ အင်္ကျီ​ပြောင်းပြန်​ဝတ်ခဲ့မိ ရယ်​ဖို့အသင့်​ပြင်ထားကြ၏ သီချင်းတစ်ပုဒ်​ကို အသံတုလုပ်​ဆိုမိတယ်​ လူတွေက ရယ်ကြတယ်​ ငိုစရာ​တွေကြားထဲလူတွေရယ်​​နေတာ ပျော်စရာပဲ ကိုယ်​အပြုံးမပျက်ခဲ့ဘူးကွယ်​ ခေတ်​ကြီးဟာ ဒဏ်ရာ​တွေနဲ့အတိ ရယ်ရတာ အရသာရှိ အကိုတို့ အစ်မတို့ ရယ်ကြပါ ဦးကော အဒေါ်​ကောဗျာ ဖေ​…. မေတို့လည်း ရယ်ကာ​မော ပျော်​စရာကြီး​နော ရယ်သံတွေကြားလမ်း​လျှောက်ကာ ကိုယ့်​​ဝေဒနာကိုယ်​​မေ့မှာ လူ​ခြေတိတ်တိတ်​ညကြီးထဲ ကျွန်တော်​ တယောက်တည်း​ကြေကွဲ။ ။ လင်းသက်​ငြိမ်

ရိုးစင်းတဲ့ကဗျာ (လင်းသက်ငြိမ်)

Posted on Posted in ကဗျာ, ရသရှုခင်း

ရိုးစင်းတဲ့ကဗျာ (လင်းသက်ငြိမ်) ………………….. အမြင့်ပန်းကို လှမ်းဆွတ်မိတဲ့အဖြစ်မှာ နေပူထဲခရီးရှည်ထွက်ရသလိုပဲ ရေဆာတယ်၊ပင်ပန်းတယ်၊ ပူလောင်တယ် ကျော်ဖြတ်မှဖြစ်မယ့်လမ်းအတွက် ကိုယ်တော့ နောက်ပြန်မလှည့်တော့ဘူးကွယ်။ ကဗျာရေးပြီးကားဝယ်မစီးနိုင်တော့ ဘာဖြစ်လဲ လိုင်းကားတိုးစီးပြီး ကဗျာရေးမယ် တစ်ယောက်အပြုံးက တစ်ယောက်အတွက်ဖြေဆေးဖြစ်ရမယ် မဟုတ်လား… အချစ်စစ်စစ် ကှို နားလည်မှုနဲ့တည်ဆောက်တော့ ကြားက ဖျက်မြင်းတွေ နေခဲ့တော့… နှလုံးသားချင်းတေ့ဆက်ထားတဲ့အခါ လောကရဲ့ကြာပွတ်သံတွေက တေးသွားပဲ ခုနှစ်ရက်သာရှင်တဲ့ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကလည်း ပန်းတွေပဲပေါ့။ ယုံကြည်ချက်ဟာ ကမ္ဘာကိုတောင် ချိုးကွေ့သွားစေတဲ့ ဂါထာမန္တရားဆိုတာ မင်းယုံလား မမြင်ရသေးတဲ့မနက်ဖြန်ဟာ တစ္ဆေမဟုတ်ဘူးကွယ့် ကြွေကျသွားခဲ့တဲ့ အတိတ်က ငါတို့လေ့ကျင့်ကွင်းပဲ ယုံကြည်ပါ ရဲရင့်ပါ ရိုးသားပါ ချစ်ခင်ပါ။ လူ့သမိုင်းတစ်လျှောက်လုံးမှာ ဟောင်းနေတဲ့ အသစ်… အချစ်တဲ့ ငါတို့အိပ်မက်ဟာ မြုံနေတဲ့ မိန်းမ မဟုတ်ဘူး ငါတို့ စိတ်ကူးဟာ […]