အမေ (နီလာမိုးဆွေ)

Posted on Posted in ကဗျာ, ရသရှုခင်း

အမေ (နီလာမိုးဆွေ) လင်ဆိုးမယားမဖြစ်ခဲ့ပေမဲ့ မဝ ဝမ်းစာတွေကြား အိမ်ဦးနတ်ကို မေတ္တာမပျက် သားသမီးအရေးအတွက် ပခုံးထက်မှာ လှည်းပိုးထမ်းလို့ နေပူစပ်ခါး အပြုံးမပျက်ခဲ့။ ခေါင်မလုံတဲ့အမိုးအောက် မဗေဒါ သီချင်း သူ့အတွက်အားဆေး သားသမီးအပြုံး သူ့အတွက်ခွန်အား တက်ကျိုးတဲ့ခါ လက်နဲ့လှော်လို့ သူ့အတွက် သူ့မရှိအပျော်နတ္ထိနဲ့ ရှေ့သို့ ခရီးဆက်။ မှတ်မှတ်ရရ နှစ်ထောင့်တစ်ဆယ် နတ်အုန်းသီးကိုအပြင်ထုတ် အစိတ်စိတ်အမွှာမွှာကွဲသွားတဲ့ရေအိုးလေးနောက်မှာ အမေ့အပူ တယောက်လျော့ ကြေခဲ့တဲ့ ဝဋ်ကြွေးတခုကို လူလုံးလှအောင် တင်စားရပြန်တော့ ရွှေတောင်ကြီးပြိုလေသတည်းပေါ့။ မုဆိုးမ အမေ သားသမီးလေးယောက် အမေ မှောင်လာလိုက် ထွန်းညှိလိုက်နဲ့ အမေ့လက်အစုံ အသားမာကကြမ်း လေဒဏ် မိုးဒဏ်ကြားမှာ မီးစာက ခမ်းလုခမ်းခင်နဲ့ လျှပ်သံတဝင်းဝင်းကြားမှာ သားသမီးတွေအတွက်ပူပန်နေတုန်းဘဲ။ တရွေ့ရွေ့ခြေလှမ်းအစုံက အားမတန်လို့မာန်လျော့ လဲလျောင်းနေတဲ့ အမေ အင်္ဂဝိဇ္ဇာမတတ်တဲ့ အမေ […]